(24)

298 39 0
                                    

Unicode

ချန်းယောလ် မီးဖိုချောင်ထဲမှာ ဟိုပြေးဒီပြေးနဲ့ အလုပ်ရှူပ်နေသည် ဘေစင်ထဲမှာလည်း
Deli နဲ့မှာလိုက်သော ပင်လယ်ဂဏန်း
ဆိုဒ်အလတ်စားလေးတွေကို
ရေဖွင့်ခဲ့ကာ အညှီပျောက်အောင်
ထည့်ထားလိုက်သည် နေ့လယ်စာကို ချန်းယောလ်ချက်ကျွေးမည်ဟု ဘတ်ခ်ဟျွန်းမားမားကိုခွင့်တောင်းထားသည်
နေ့လယ်စာချက်ကျွေးမည်ပြောသော သူ့ကောင်လေးမားမားကို အလုပ်မရှူပ်စေချင်ခြင်းကြောင့်လည်းပါသည်
ထို့ကြောင့် လက်ဆောင်အဖြစ်ပါလာတဲ့ ဝက်အူချောင်းတွေကို ဓားဖြင့် ပတ်ပတ်လည်မှာ
လေးချက်လောက်အရာပေးနေသည် ပါဝင်ပစ္စည်းက များများစားစား ပါဝင်ခြင်းမရှိပေ အဝါရောင်ငရုတ်ပွသီးနှင့် ခရမ်းချဥ်သီးတစ်လုံးကို လေးထောင့်ဆန်ဆန် အနည်းငယ်သေး၍ လှီးဖြတ်ကာ ဖန်ပန်းကန်အကြည်ထဲ၌ ထည့်ထားသည် ကြက်သွန်နီလည်းထည့်ရမည်မို့ ဓားဖြင့်ခပ်ပါးပါးလှီးနေရသည်
(ကြက်သွန်က လေးထောင့်သုံးပေမယ့် ကိုယ်က ခပ်ပါးပါးပဲသုံးမှာပါ )

လောလောဆယ်တော့ ထိုအရာတွေလုပ်နေတုန်း ဘတ်ခ်ဟျွန်း ရောက်လာပြီး သူလုပ်ကူပါမယ်ဆိုလို့ လုပ်လက်စကြက်သွန်နီကို
လှီးခိုင်းထားသည် သို့သော်လည်း ဘာမှမလုပ်တတ်သည့်ကောင်လေးက ကြက်သွန်တွေကိုအတုံးလိုက်လှီးထားသည်

"ချန်းယောလ်လီ ကြက်သွန်က  ခရမ်းချဥ်သီးနဲ့ငရုတ်ပွလို လေးထောင့်မသုံးဘူးလား "

ချန်းယောလ်လို ခပ်ပါးပါးမလှီးတတ်သည်မို့
အတုံးလိုက်လှီးထားမိသည့် ကြက်သွန်နီကိုကြည့်ကာ
ဘတ်ခ်ဟျွန်း ချန်းယောလ်ကို မေးမိသည်

"ကြက်သွန်ကျတော့ သိပ်မစားကြလို့ ကိုယ်ကပါးပါးလေးသုံးတာ
ဘတ်ခ်ဟျွန်းနီရဲ့ "

သူပြောတော့ အတုံးလိုက်လှီးထားသည့် ကြက်သွန်တွေကို ဘတ်ခ်ဟျွန်း တစ်ခုချင်းစီပြန်ခွာနေသည်
တစ်ခါတစ်လေ ကြက်သွန်နီတွေကို လက်ချော်ကာထိန်းမရဖြစ်၍ သူ့ကိုလာမှန်တတ်သည် အဲ့လိုဖြစ်တိုင်း သူ့ကိုခိုးခိုးကြည့်တတ်သေးသည်
ချန်းယောလ် ခပ်တိုးတိုးလေးရယ်ကာ ဘတ်ခ်ဟျွန်းနောက်မှာကပ်ရပ်လိုက်သည်

Simple MarriageWhere stories live. Discover now