(9)

398 48 0
                                    

Unicode

ချန်းယောလ် နေရာတစ်ခုရှေ့ရပ်လိုက်သည် ပြီးတော့ ချန်းယောလ် အကြည့်ရောက်နေရာကို ဘတ်ခ်ဟျွန်း အူတူတူဖြင့် လိုက်ကြည့်လိုက်သည်
အဲ့ဒါကတော့ bracelet လေးတွေပင်

ချန်းယောလ် bracelet လေးတွေကို အကြည့်မလွှဲဘဲ ဘတ်ခ်ဟျွန်း ကို ပြောလိုက်သည်

"ဘတ်ခ်ဟျွန်းနီ bracelet တွေ ပတ်လေ့ရှိလား "

"ကျွန်တော်လား တစ်ခါတစ်လေတော့ ပတ်ဖြစ်ပါတယ် "

"အဲ့ဒါဆို ကိုယ်တို့ဒါဝယ်ကြရအောင် ကိုယ်တို့ဆုံတွေ့တဲ့အမှတ်တရအနေနဲ့ပေါ့ Couple bracelet ဝယ်လိုက်မယ် အဲ့လိုဆိုလည်း အဆင်ပြေတယ်မလား... ဘတ်ခ်ဟျွန်းနီကော ဘယ်လိုလဲ သဘောကျလား... "

မျက်လုံးချင်းအကြည့်ဆုံပြီး ပြောလာတဲ့ ချန်းယောလ်ကြောင့် ဘတ်ခ်ဟျွန်း ရင်ခုန်သွားရသည် ရင်ခုန်မိသွားတာကို မသိကျိုးကျွံပြုပြီး ချန်းယောလ် ပြောတဲ့စကားကို
ဘတ်ခ်ဟျွန်း တိုးတိုးလေးရေရွတ်မိသည်
'ဆုံတွေ့တဲ့အမှတ်တရ' ဆိုတဲ့စားသားကြောင့် ဘတ်ခ်ဟျွန်း နှုတ်ခမ်းမှာ အပြုံးတစ်ခုချိတ်ဆွဲသည်

"ဟုတ်ကဲ့ ကျွန်တော်သဘောကျတယ်
အဆင်ပြေတယ်
ချန်းယောလ်လီ ကျွန်တော်တို့ ဝယ်ကြရအောင်..."

ဘတ်ခ်ဟျွန်း ချန်းယောလ်ဆီက ကိုယ်ဆိုတဲ့နာမ်စားသုံးပြီးပြောတာကို ကြားတိုင်း ရင်ထဲမှာ လှုပ်ခတ်မှုအသေးစားလေး ခံစားရသည် ကျန်တဲ့အချိန်မှာလည်း လှုပ်ခတ်သွားတာကိုတော့ ဘတ်ခ်ဟျွန်း မသိချင်ယောင်ဆောင်ထားလိုက်သည်

'ကျွန်တော်က အဲ့ဒီအချိန်တုန်းက bracelet ကို ဝယ်ဖို့ ပြောခဲ့တာက ကျွန်တော်တို့ နှစ်ယောက်လုံး ပထမဆုံးတွေ့တုန်းက လက်ဆောင်မပေးခဲ့ရဘူးလေ အဲ့ဒါကြောင့် အခု ငါ​ဒုတိယအကြိမ်မှာတော့ ပေးရမယ်လို့ ဆက်တိုက်တွေးလာခဲ့တာ ဒါပေမယ့် လက်ဆောင်က အိမ်မှာကျန်ခဲ့တာမို့ အခွင့်အရေးရှိတုန်း Couple bracelet
ဝယ်ဖို့ ပြောခဲ့တာပါ '

'အာ... ကျွန်တော်က မသိခဲ့ဘူး လက်ဆောင်ပြင်ထားခဲ့မှန်း...
အမှန်တော့ ကျွန်တော်လည်း လက်ဆောင်ပြင်ဆင်ထားပေမယ့် အများကြီးမရင်းနှီးတဲ့အပြင် ပေးရမှာက နည်းနည်းအနေခက်လို့
အဲ့နေ့က မပေးခဲ့ရဘူး ဟီးဟီး... '

Simple MarriageWhere stories live. Discover now