Unicode
ချန်းယောလ် ထိုနေ့က ဘတ်ခ်ဟျွန်းတို့ကို လိုက်မပို့ဖြစ်ပေ ကုန်တိုက်ကနေဆို တစ်လမ်းစီသွားရသည်မို့ ခါအီကိုပဲ လိုက်ပို့ခိုင်းလိုက်သည် ပူပူနွေးနွေးရည်းစားဖြစ်သူလေးနဲ့ အလွမ်းသယ်ချင်သေးသော်လည်း အချိန်မရသည်မို့ ချန်းယောလ် အင်တင်တင်နဲ့သာ ထွက်လာရသည်
ခါအီ ဆယ်ဟွန်းနဲ့သူ့အစ်မကတော့ ဘတ်ခ်ဟျွန်း နှုတ်ခမ်းထက်က ပေါက်ရာမြင်သော်လည်း ဘတ်ခ်ဟျွန်းအနေခက်မည် ဆိုးသောကြောင့် ဘာအကြောင်းမှမဟပေ ည ၇ နာရီလောက်မှ ချန်းယောလ်တို့ အိမ်ပြန်လိုက်ရသည် မိဘအိမ်ပြန်ရမည်မို့ ချန်းယောလ် ဆယ်ဟွန်းနဲ့အစ်မယူရာက တစ်စီး ၊ ဘတ်ခ်ဟျွန်း နဲ့ ခါအီက တစ်စီးဖြင့် ပြန်ကြသည်
တစ်လမ်းလုံး ဘတ်ခ်ဟျွန်းနဲ့ ဘယ်လိုဖြစ်သွားပြီလဲဆိုပြီး ဆယ်ဟွန်းနဲ့သူ့အစ်မ စကားနှိုက်နေပေမယ့် ချန်းယောလ်မသိချင်ယောင်ဆောင်နေလိုက်သည် ည ၁၀ နာရီခန့်အချိန်ရောက်တော့ ချန်းယောလ် ဘတ်ခ်ဟျွန်းကို မက်ဆေ့ပို့လိုက်သည်
'ဘတ်ခ်ဟျွန်းနီ ကောင်းကောင်းအိပ်... အိပ်မက်ထဲမှာ ကိုယ့်ကိုထည့်မက်'
တကယ်က ချန်းယောလ် ရည်းစားဖြစ်သူလေးကို ပြောစရာတွေအများကြီးရှိသည် သို့သော်လည်း ဘတ်ခ်ဟျွန်းပင်ပန်းနေမည် ထင်သောကြောင့် ထိုစာမျှသာပို့လိုက်ရသည် ကောင်လေး ပြန်စာပို့လာပါရဲ့
'ချန်းယောလ်လီလည်း ကောင်းကောင်းအိပ်... ငါ့ကိုလည်း ထည့်မက်ပေး '
ရည်းစားဘဝပြောင်းသွားတာ ရင်တော့ခုန်ရသား မနက်ဖြန်မှာ
ချစ်သူလေးနဲ့ ဘာတွေလုပ်မယ်စဥ်းစားရင်း အချိန်ကုန်ပြီး ရင်ထဲမှာ ယားကျိကျိနဲ့ အူယားစရာကောင်းလွန်းသည်နောက်နေ့မနက်မှာတော့ မနက်ခင်း ၇ နာရီခန့်တွင် ချန်းယောလ်နဲ့ဘတ်ခ်ဟျွန်း program အတွက် ကြင်စဦးအိမ်သို့ ရောက်ရှိလာကြသည် မနေ့ထဲက မက်ဆေ့ပို့ထားတာမို့ ဘာလုပ်ရမည်ကိုတော့ ရေးရေးလေးသိနေသည်
ချန်းယောလ် နဲ့ ဘတ်ခ်ဟျွန်း မင်္ဂလာပွဲပြီးနောက် နှစ်ပတ်နီးပါးခန့်အကြာမှာ ကင်မရာရှေ့သို့ တစ်ဖန်ပြန်လာခဲ့ကြသည်
ဒီနေ့မှာ သူတို့သွားရမယ့်နေရာကို staff အဖွဲ့က သဘောကျဆုံးဖြတ်ခိုင်းသည်
သူတို့ staff အဖွဲ့က လက်ရှိနာမည်ရလာသည်မို့ အထက်လူကြီးတွေက ဘတ်ဂျက်ကိုစိတ်ကြိုက် သုံးခိုင်းထားသည်ထင်ပါရဲ့ နဂိုအနှိမ်ခံရတုန်းကအချိုးနဲ့အခုပုံစံက တစ်မျိုးဆီပြောင်းလဲသွားသည်ဖြစ်မည်
YOU ARE READING
Simple Marriage
RomanceZawgyi ဘတ်ခ်ဟျွန်းနီ က နွေးထွေးတယ် ဘတ်ခ်ဟျွန်းနီ က ချစ်ဖို့ကောင်းတယ် ကျနော် ဘတ်ခ်ဟျွန်းနီ ကို ချစ်မိပြီ ထင်တယ် Park Chanyeol ချန်းယောလ်လီ က အရမ်းခန့်ညားတယ် ချန်းယောလ်လီ က ဂရုစိုက်ပေးတယ် ကျနော်လည်း ချန်းေ...