(41)

327 42 4
                                    

Unicode

သုံးရက်ခန့်ကြာပြီးနောက်
ချန်းယောလ် ဘတ်ခ်ဟျွန်းပြောတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး အခုအိမ်ကိုပြန်နေခြင်းဖြစ်သည် အိမ်ပြန်လာရန်လည်း အဖေနဲ့အစ်မက ခေါ်ထားသည်မို့ လမ်းသင့်နေသည် အိမ်ရောက်တော့ ဧည့်ခန်းထဲတွင် လူစုံထိုင်နေကြသည် မျက်နှာတွေလည်း တင်းမာနေကြသည်

"ကျွန်တော်ရောက်ပြီ "

"အင်း ရောက်လာရင်ထိုင် "

ချန်းယောလ် သူ့အဖေရဲ့တင်းမာနေသံကြောင့် ဘာမှမပြောသေးပဲနှုတ်ဆိတ်နေလိုက်သည် အဖွားဖြစ်သူကလည်း အိမ်မှာရှိနေဆဲပင် မားနဲ့အဖွားက တစ်ဖက်မှာထိုင်ပြီး  မားတို့မျက်နှာချင်းဆိုင်မှာ ပါးနဲ့အစ်မက အတူထိုင်နေသည် ချန်းယောလ် လွတ်နေတဲ့ ထိပ်မှာသာ ဝင်ထိုင်လိုက်သည်

"ငါအစတည်းကပြောထားပြီးသား ငါ့သားကိစ္စကို သူ့ဟာသူဆုံးဖြတ်ခိုင်းလိုက်လို့ အခုတော့ မင်းကပါအလိုတူအလိုပါ စီစဥ်ပေးနေလိုက်သေးတယ် မင်းကိုတကယ်စိတ်ပျက်တယ် "

ပါးပါးပတ်က မိန်းမဖြစ်သူကို စိတ်ပျက်နေသည့်အကြည့်တို့ဖြင့် ကြည့်လိုက်သည် ယောက္ခမဖြစ်သူကတော့ ဘေးနားမှာမျက်နှာထားတင်းတင်းနဲ့ ထိုင်နေသည် မားမားပတ်ကတော့ ပြောသမျှခံယူဖို့ ကြိုတင်ပြင်ဆင်ထားသည် ထို့အပြင် ဘာစကားတစ်ခွန်းမှမဆိုပဲ ခေါင်းငုံ့၍သာနေသည် ချန်းယောလ် ဖြစ်ပျက်နေသည့်အကြောင်းအရာတို့ကြောင့် စိတ်ပျက်ကာ ကျစ်စုပ်မိသည် သူ့ကိစ္စက မဖြေရှင်းရင်မရနိုင်တော့မယ့် အခြေအနေမှာရှိနေသည်

"ကျွန်တော့်ကိစ္စ ကျွန်တော်ဖြေရှင်းမယ်လို့ ပြောထားတယ်မလား အဲ့ဒါတောင် ဘာလို့ ကျွန်တော့်ဆုံးဖြတ်ချက်ကိုမလေးစားတာလဲ "

"ဒီမှာမင်းထက်ငယ်တဲ့သူမရှိဘူး စကားပြောဆင်ခြင်ပါ! "

ချန်းယောလ်ရဲ့အဖွားက မာန်မဲလာသည် ချန်းယောလ် အဖွားဖြစ်သူအပြောကို လျစ်လျူရှူကာ သူ့အမေကို တည့်တည့်စိုက်ကြည့်ကာ ပြောလိုက်သည်

"ကျွန်တော့်ကိုဘာလို့ မမေးတာလဲ မားရဲ့စိတ်ထဲမှာ ကျွန်တော့်ဆုံးဖြတ်ချက်က အရေးမပါဘူးလား ကျွန်တော်မကြိုက်ရင် လုံးဝမကြိုက်ဘူးဆိုတာ သိရဲ့သားနဲ့... "

Simple MarriageWhere stories live. Discover now