(47)

295 37 2
                                    

Unicode

ယောက္ခမအိမ်မှာနေထိုင်ခြင်း တစ်ရက်မြောက်နေ့...

မနက်အစောမှာ ချန်းယောလ်နိုးလာခဲ့သည် အခန်းတွင်းကိုတစ်ချက်ကြည့်မိတော့မှ ဘတ်ခ်ဟျွန်းမိဘအိမ်ကို ရောက်နေမှန်းသတိရသည် ချန်းယောလ် သူ့လက်မောင်းထက်မှာအိပ်ပျော်နေသူကို အရင်ဆုံးကြည့်လိုက်သည် မျက်အိမ်ဖောင်းဖောင်းအပြင် တိုစိပ်စိပ်မျက်တောင်လေးတွေ ပိုင်ဆိုင်ထားသည့်သူက သူ့(ချန်းယောလ်)ကို ဖက်တွယ်၍အိပ်ပျော်နေဆဲပင်ဖြစ်သည်
ချန်းယောလ် ဘတ်ခ်ဟျွန်းနဖူးကို တစ်ချက်နမ်းလိုက်ကာ အိပ်ယာထလိုက်သည်

ချန်းယောလ် အိပ်ယာထသွားသည်နှင့် ဘတ်ခ်ဟျွန်းအနွေးဓာတ်မခံစားရတော့တာမို့ နိုးလာခဲ့သည် ဘတ်ခ်ဟျွန်းနိုးလာတာကို ချန်းယောလ်မြင်တော့ အိပ်ယာထက်ပြန်ထိုင်လိုက်ကာ ဘတ်ခ်ဟျွန်းကိုပြန်အိပ်စေသည်

"ငါမအိပ်ချင်တော့ဘူး ချန်းယောလ်လီ "

ဘတ်ခ်ဟျွန်း သူ့ကိုစောင်ထဲပြန်သွင်းနေသည့် ချန်းယောလ်ကိုကြည့်ကာ ပြောလိုက်သည် ထိုအခါမှ ချန်းယောလ်ကခေါင်းငြိမ့်ပြသည် ဘတ်ခ်ဟျွန်း ချန်းယောလ်ပြုံးတာမြင်မှ ပြန်ပြုံးပြကာ အိပ်ယာပေါ်ကမထသေးပဲ ချန်းယောလ်ဆီ လက်ဆန့်တန်းလိုက်သည် ဘတ်ခ်ဟျွန်းအပြုအမူကိုမြင်တော့ ချန်းယောလ်ကတစ်ချက်ရယ်ကာ လက်ဆန့်တန်းထားတဲ့ဘတ်ခ်ဟျွန်းကို ချိုင်း(ဂျိုင်း)ကနေဆွဲမကာ ချီပွေ့လာသည် ဘတ်ခ်ဟျွန်းအလိုက်တသိပင် ချန်းယောလ်ခါးထက်ခြေထောက်တို့ကို တွဲချိတ်လိုက်ကာ လက်တွေကိုလည်း ချန်းယောလ်လည်ပင်းဆီခိုတွဲလိုက်သည် တစ်ဆက်တည်း ချန်းယောလ်ပခုံးထက် ခေါင်းမှီကာ ရေချိုးခန်းထဲသို့ ဘတ်ခ်ဟျွန်းပါသွားတော့သည်

ချန်းယောလ်နဲ့ဘတ်ခ်ဟျွန်း ရေချိုးခန်းထဲမှာ နာရီဝက်ခန့်အကြာမှ ပြန်ထွက်လာကြသည် ချန်းယောလ်ရုပ်ကသဘောတကျဖြစ်နေပြီး ဘတ်ခ်ဟျွန်းမျက်နှာကတော့ ရဲပတောင်းခတ်နေသည် ထို့အပြင် ဘတ်ခ်ဟျွန်းသည် သူ့ရှေ့ရှိ ချန်းယောလ်ကိုကျော်ကာ
ခပ်သွက်သွက်ဖြင့် အဝတ်လဲခန်းသို့သာ တိုက်ရိုက်ဝင်သွားတော့သည် အပြင်ကနေ တစ်ဟားဟားအော်ရယ်နေတာက အဝတ်လဲခန်းထဲကပင် ဟိန်းနေအောင်ကြားရသည်အထိဖြစ်သည်

Simple MarriageWhere stories live. Discover now