(12)

359 40 0
                                    

Unicode

"သွားရအောင် ဘတ်ခ်ဟျွန်းနီ ဒီလောက်ဆို အရမ်းခန့်ညားနေပါပြီ "

ချန်းယောလ်အပြောကြောင့် ဘတ်ခ်ဟျွန်း ပါးတွေရဲတက်လာသည်အထိ ရှက်ရွံ့သွားသည် လုပ်ချောင်းတစ်ခုလုပ်ကာ ရှေ့မှ ကော့တော့ကော့တော့ဖြင့် ဘတ်ခ်ဟျွန်း ဦးအောင် အရင်ဆုံး အခန်းထဲကထွက်လာလိုက်သည်

ချန်းယောလ် သူ့ကိုရှက်ပြီး အခန်းထဲကအမြန်ထွက်သွားတဲ့ ကောင်လေးနောက်ကို လိုက်သွားရသည် သူတို့ချိန်းတွေ့ဖို့လုပ်ထားသော်လည်း ဘယ်လိုပြောရမလဲ ယောကျာ်းလေးနှစ်ယောက်မို့ ဘယ်သွားပြီးချိန်းတွေ့ရမယ်မှန်း မသိပါ အဲ့ဒါကြောင့် နှစ်ယောက်သား ကားထဲမှာထိုင်နေပြီး ဘယ်မောင်းရမှန်းမသိလို့ အတွေးထဲစဉ်းစားနေကြသည်

"အာ...ကျွန်တော်သိပြီထင်တယ် ချန်းယောလ်လီ "

လက်ဖျောက်တစ်ချက်တီးရင်း ဘတ်ခ်ဟျွန်း ပြုံးပျော်စွာ ချန်းယောလ်ကိုကြည့်ပြီး ပြောမိသည်

"ဘာမ်ားလဲ ဘတ်ခ်ဟျွန်းနီ "

"ကျွန်တော်တို့လည်း တစ်ခြားသူတွေလို ချိန်းတွေ့ကြမှာပဲလေ အဲ့ဒါကြောင့် ရုပ်ရှင်ကြည့်ပြီး ညစာစားမယ်လေ ပြီးမှ အိမ်...အိမ်သွားကြည့်ကြတာပေါ့ "

ချန်းယောလ် သူ့ကိုပြောရင်း အသံတိုးဝင်သွားတဲ့ကောင်လေးကို ကြည့်ရင်းပြုံးမိသည် သူ့ကောင်လေးက ရှက်နေပြန်ပြီမလား

"အဲ့ဒါဆို သွားကြရအောင်...အာ ဘတ်ခ်ဟျွန်းနီ ဘာရုပ်ရှင်ကြည့်မလဲ "

"ရုပ်ရှင်မကြည့်ခင် ကျွန်တော်တို့ ထမင်းအရင်သွားစားရအောင် "

"Cool အဲ့ဒါဆို စထွက်ပါပြီ အန္တရာယ်ကင်းအောင် ခါးပတ်လေးပတ်ပေးပါ "

"ဟုတ်ကဲ့ စထွက်လို့ရပါပြီ ဟီး..."

"ဟား..."

နှစ်ယောက်လုံးအတွက် ရယ်မောလိုက်ခြင်းက ပိုရင်းနှီးသွားစေတာကို နှစ်ယောက်လုံးခံစားမိလိုက်သည်
ချန်းယောလ် သူ့ကားနဲ့သာ ထွက်လာလိုက်သည် staff တွေက ဒီတစ်ခါ ဘယ်လိုသုံးရမလဲဆိုပြီး မပြောသေးတော့ ချန်းယောလ် ဘတ်ခ်ဟျွန်းကို သူဆယ်ဟွန်းနဲ့စားနေကျဆိုင်သို့သာ မောင်းလာခဲ့သည်

Simple MarriageWhere stories live. Discover now