Unicode
"သား ပတ်မျိုးဆက်အတွက် ဘယ်လိုလုပ်မှာလဲ "
ချန်းယောလ် တိတ်ဆိတ်သွားရသည် အခန်းထဲရှိလူတိုင်းသည်လည်း တိတ်ဆိတ်သွားသည် ထို့နောက် ဗြောင်ပါးပါးက ဆက်ပြောလာသည်
"အဖေက မင်းကိုစဥ်းစားစေချင်တာပါ အဖေတို့လည်း ဗြောင်မျိုးဆက်လိုအပ်တယ် ဟုတ်တယ် ဒါပေမယ့် အဖေတို့ကို ခွန်းလေးအစ်ကိုက ဗြောင်မျိုးဆက်ပေးခဲ့ပြီ သားကကျ တစ်ဦးတည်းသောသားလေ အဲ့တော့ ပတ်မျိုးဆက်က သားဆီဦးတည်နေမှာ...အဖေပြောတာနားလည်တယ်မလား "
ဗြောင်ပါးပါးစကားတွေကို ချန်းယောလ်မသိသည်မဟုတ်ပါ ထိုစကားတွေက အမှန်တွေဖြစ်နေသလို တစ်ဖက်မှာလည်း ယောကျာ်းလေးနှစ်ယောက်ရဲ့အချစ်က တည်မြဲရင်တောင် မျိုးဆက်နဲ့ပတ်သတ်ပြီး နောက်ပိုင်းပြတ်တောက်သွားမယ့်ဆက်ဆံရေးကို သတိပေးဖော်ပြနေသလိုပင် ထို့အတွက် ချန်းယောလ်တို့ရဲ့စေ့စပ်မှုကို ဗြောင်ပါးပါးက ပြန်စဥ်းစားစေချင်သည့် သဘောမှာရှိနေသည် သို့သော်လည်း ချန်းယောလ်ဆုံးဖြတ်ထားပြီးသားကို ပြန်မပြင်ပါ သူတို့နှစ်ယောက်ရဲ့အချစ်က နှောင်ကြိုးတစ်ခုကိုလိုအပ်နေသည့်အချစ်မျိုးမဟုတ်ပါ အကြောင်းအရာတစ်ခုကြောင့် ပြတ်တောက်သွားမယ့်ဆက်ဆံရေးက သူတို့နှစ်ယောက်အတွက်မဖြစ်နိုင်ပေ ချန်းယောလ် သူနဲ့ဘတ်ခ်ဟျွန်းရဲ့အချစ်ကိုယုံကြည်ပါသည်
ဘတ်ခ်ဟျွန်း ချန်းယောလ်ကို စိုးရိမ်တကြီးကြည့်မိသည် ပတ်မျိုးဆက်ကို ဘတ်ခ်ဟျွန်း တကယ်မေ့နေခဲ့သည် မိဘတိုင်းက ကိုယ့်သားသမီးမွေးထားတဲ့ကလေးတိုင်းကိုချစ်သော်လည်း ကိုယ့်မျိုးဆက်ကိုပိုလိုချင်ကြသည် ဒါသည် မိဘတိုင်းရဲ့အတ္တဖြစ်ပြီး ဖြစ်သင့်သောအရာတစ်ခုလည်းဖြစ်သည် ဘတ်ခ်ဟျွန်း ပင့်သက်မရှိုက်ဘဲ မနေနိုင်ခဲ့ပါ... ပတ်မျိုးဆက်အတွက် သူကချန်းယောလ်ကို ကူညီမပေးနိုင်ပါ သူလည်းယောကျာ်းတစ်ယောက်မို့ ဒါတွေသိသော်လည်း သူ့အစ်ကိုရှိသည်မို့ သူလွတ်လပ်ခဲ့ခြင်းဖြစ်သည် ဘတ်ခ်ဟျွန်း သူ့ရင်ထဲအောင့်နေပေမယ့် ချန်းယောလ်အတွက် ဖန်ပြွန်သန္ဓေနဲ့ဖြစ်ဖြစ် ကလေးယူဖို့အထိ တွေးလိုက်ကာ ပြောမည်ပြုသည် ဖန်ပြွန်သန္ဓေနဲ့ကလေးယူတာတောင်မှ အဆင်မပြေရင် သူဘယ်လိုလုပ်ရမယ်မှန်းသိမည်မဟုတ်တော့ပေ သူသည်လည်း နှလုံးသားရှိသည့်လူသားဖြစ်သည်လေ ကိုယ်ချစ်တဲ့သူကို တစ်ခြားတစ်ယောက်နဲ့မျှဝေဖို့က...
ဟင့်အင်း ဘတ်ခ်ဟျွန်း ထပ်မစဥ်းစားချင်တော့ပါ
YOU ARE READING
Simple Marriage
RomanceZawgyi ဘတ်ခ်ဟျွန်းနီ က နွေးထွေးတယ် ဘတ်ခ်ဟျွန်းနီ က ချစ်ဖို့ကောင်းတယ် ကျနော် ဘတ်ခ်ဟျွန်းနီ ကို ချစ်မိပြီ ထင်တယ် Park Chanyeol ချန်းယောလ်လီ က အရမ်းခန့်ညားတယ် ချန်းယောလ်လီ က ဂရုစိုက်ပေးတယ် ကျနော်လည်း ချန်းေ...