(36)

298 39 0
                                    

Unicode

"ရား...မင်း! "

မင်ဆော့ အံ့သြလွန်းလို့ စကားစဖို့ကို စကားလုံးရှာမတွေ့နိုင်ဖြစ်နေတော့သည်
ဘတ်ခ်ဟျွန်း ဘယ်လိုအတွေးတွေနဲ့ ချန်းယောလ်ကိုသွားပြောလိုက်တာလဲ သေချာတယ် ချန်းယောလ် စိတ်မကောင်းဖြစ်သွားတာ ပြီးတော့ ဘတ်ခ်ဟျွန်းက စိတ်ရှူပ်နေချိန်ဆိုမျက်နှာထားက ဘယ်လိုမှအဆင်မပြေ သူလုပ်တာမှန်တယ်ဆိုတဲ့အချိုးနဲ့...
မင်ဆော့ ဘတ်ခ်ဟျွန်း နားလည်အောင်အရင်ရှင်းပြရမည်

"ဘတ်ခ်ဟျွန်းနီ မင်းချန်းယောလ်ကို...ဟူး မင်းလည်း ချန်းယောလ်ကိုမလွမ်းဘူးလား "

"လွမ်းတာပေါ့ အများကြီးလွမ်းနေတာ "

"သူလည်းမင်းလိုပေါ့ လွမ်းတော့ထိတွေ့ချင်လာတယ် နမ်းရှိူက်ချင်လာတယ် အဲ့ထိတွေ့တာတွေ နမ်းရှိူက်တာတွေက မင်းတို့ရည်းစားတွေကြားမှာ စိမ်းသက်နေတဲ့အရာမဟုတ်ဘူး "

"အဲ့ဒါ ကျွန်တော်လည်းသိပါတယ် "

ဘတ်ခ်ဟျွန်းပြောပြီး ခေါင်းငုံ့ကာ အောက်နှုတ်ခမ်းလေးကိုဖိကိုက်လိုက်သည် ဒီတစ်ခါသူလွန်မှန်းသိသည် သို့သော်လည်း သူ့စိတ်တွေက အစိုးမရစွာပင် နောက်ကျိနေ၏

"မင်းသိသလို သူလည်းသိနေတယ်လေ ပြီးတော့ မနက်က...မင်းစိတ်အခြေအနေမကောင်ဘူးဆိုတာ သူသိနေမှာ... ငါတောင်မြင်နေရတာ မင်းကိုအရိပ်တကြည့်ကြည့်ရှိတဲ့သူက မင်းကိုနားမလည်ပဲမနေဘူး အဲ့တာတွေကြောင့်ပဲ မင်းစိတ်အခြေအနေ အဆင်ပြေအောင်လုပ်ရင်း သူလည်းအထိအတွေ့မှာစိတ်လှုပ်ရှားပြီး သတိလွတ်သွားတာနေမှာပေါ့ "

မင်ဆော့အပြောတွေကို ဘတ်ခ်ဟျွန်းခေါင်းငြိမ့်ထောက်ခံသည် မျက်နှာလေးကအခုမှ ပိုနွမ်းသွားသလိုပင် မင်ဆော့ သက်ပြင်းသားချမိတော့သည်

"မင်းအခု ချန်းယောလ်ကိုမချော့ဘူးလား "

မင်ဆော့မေးတော့ ခေါင်းရမ်းပြကာ ပြောလာသည်

"ချန်းယောလ်လီက အချိန်လိုတယ်လို့ ပြောခဲ့တာ ကျွန်တော့်ကို တွေ့ချင်မှာမဟုတ်ဘူး "

"မင်းသေချာလား ချန်းယောလ်ကအဲ့လိုပြောခဲ့တာ "

"အင်း သေချာတယ် အဲ့လိုပြောခဲ့တာ "

Simple MarriageWhere stories live. Discover now