(13)

347 47 0
                                    

Unicode

ဆိုးလ်မြို့ရဲ့ ဆိတ်ငြိမ်ရပ်ကွက်အတွင်းရှိ စိတ်ကူးယဥ်ဆန်တဲ့ အိမ်ငယ်လေးက အဝါရောင်ဖျော့ဖျော့လေးရှိပြီး ချစ်စရာကောင်းလှသည် လှေကားထစ်သုံးထစ်ခန့်ကိုကျော်ဖြတ်ပြီး အိမ်ရှေ့တံခါး Passcode ကို ဂဏန်းတစ်ချို့ ရိုက်ထည့်လိုက်သည် အိမ်အတွင်းပိုင်းကိုလည်း
အဝါဖျော့ကို အသုံးပြုထားပြီး ပြင်ဆင်ထားတဲ့ပုံစံကလည်း နေချင်စရာကောင်းလှသည် (အဝါခံပြီးအနီသုံးတာ လှမလှ မသေချာပေမယ့် အနီခံပြီးအဝါသုံးတာက တကယ်အမြင်ဆန်းပြီး လှပါတယ်)

အိမ်ထဲသို့ ဝင်ဝင်ချင်း အဝါရောင်ဆိုဖာပေါ်တွင် အနီရောင်ခေါင်းအုံးအသေးလေးတွေကို အသုံးပြုထားသည် ဆိုဖာရှေ့မှာတော့ မှန်အနက်ရောင်ကိုသုံးထားသည့် စားပွဲခုံရှည်တစ်ခုရှိပြီး 32' လက်မခန့် TV တစ်လုံးကို ထားရှိသည်

ဧည့်ခန်းမှတစ်ဆင့်အနောက်ထဲဝင်သွားရင် မီးဖိုခန်းကိုတွေ့ရမည်ဖြစ်သည် 6" ခန့်ရှိသည့် ရေခဲသေတ္တာတစ်လုံးလည်းရှိပြီး အိုးခွက်ပန်းကန်လည်း နံရံကပ်ဗီရိုအတွင်းတွင် အပြည့်အစုံရှိသည်
ဂတ်စ်မီးဖို တစ်ခုပဲရှိပြီး Digital ကိုသာအသုံးပြုထားသည် အတော်အသင့်ကျယ်ဝန်းသည့် မီးဖိုခန်းရဲ့ အနောက်ဘက်ကိုဆက်သွားရင် အိမ်နောက်ဘေးကိုရောက်သွားမည်ဖြစ်သည် ကုတင်တစ်လုံးချထားပြီး ပန်းပင်လေးတွေ အနည်းငယ်စိုက်ပျိုးထားသည် စားသောက်လို့ရသည့် ငရုတ်သီး ပူဆီနံရွက် ဆလပ်ရွက် နဲ့ နှမ်းရွက်တို့လည်း စိုက်ပျိုးထားသည် သာယာအေးချမ်းနေတဲ့ လှပမှုတွေခံစားရလိုက်တဲ့ ခံစားချက်မျိုးလည်း စီးဝင်စေသည်

မီးဖိုခန်းထဲပြန်ဝင်လာပြီး ဧည့်ခန်းနှင့်မီးဖိုခန်းကြားတွင် ငါးခုခန့်ရှိသော လှေကားထစ်လေးတွေကို တွေ့ရမည်ဖြစ်သည် လှေကားထစ်လေးတွေကို ကျော်ဖြတ်ရင်း ညာဘက်ထောင့်ချိုးသို့ကွေ့တာနဲ့ အိပ်ခန်းဆီတန်းရောက်လာသည် အဝါဖျော့ရောင်လေးသုံးထားသည့် တံခါးကို တွန်းဖွင့်ရင်း အခန်းတွင်းသို့ ဝင်ရောက်လာခဲ့သည် နှစ်ယောက်အိပ်ကုတင်ကြီးကိုထားရှိပြီး ကုတင်၏ ဘေးတစ်ဖက်တစ်ချက်ဆီတွင် မီးအိမ်နှစ်ခုထားရှိထားသည် အိပ်ခန်း၏ညာဘက်တွင် အဝတ်ဗီရို တစ်လုံးရှိပြီး ရေချိုးခန်းလည်းရှိသည် ရေးချိုးခန်းအတွင်းတွင်လည်း ကျယ်ကျယ်ဝင့်ဝင့်ရှိကာ သပ်ရပ်သည်မို့ အသိအမှတ်ပြုရမည်ဖြစ်သည်

Simple MarriageWhere stories live. Discover now