Unicode
"ဟုတ်ကဲ့ မင်္ဂလာပါ EXO-CBX Beakhyun အသက် ၂၈ နှစ် ဖြစ်ပါတယ် တွေ့ရတာဝမ်းသာပါတယ်ဗျ ဟီး..."
"ကျွန်တော်က ပထမဆုံးအနေနဲ့ ဒီလိုပါဝင်ရတာကို စိတ်လှုပ်ရှားနေပေမယ့် ကျွန်တော့် Fan တွေကို ယုံကြည်ပါတယ် အများကြီး ချစ်ပေးကြပါ "
Amusement Park မှာ ပထမဆုံးအနေနဲ့ တွေ့ဖို့ စောင့်နေတဲ့ ဗြောင်ဘတ်ခ်ဟျွန်း ဟာ ရိုးရိုးရှင်းရှင်း ဘောင်းဘီဂျင်းပြာဖျော့လေးနဲ့ အဖြူရောင် စပို့ရှပ်လေးဝတ်ထားပြီး အနွေးထည်ကတော့ Privé Alliance ထုတ် ဝတ်ထားခြင်းပင် နေရောင်ထိုးနေတဲ့ ပန်းခြံအတွင်း ခုံတန်းရှည်မှာထိုင်နေတဲ့သူက သဘာဝကျနေတယ်
ဆံပင်ပန်းရောင်လေးက ခပ်ဝဲဝဲဖြစ်နေတဲ့အပြင်
အသားအရေက ကြည်နေပြီး အနည်းငယ်သာအေးတဲ့ရာသီဥတုမှာတောင် နှာခေါင်းလေးကရဲနေသည် တစ်ချက်ကြည့်လိုက်တာနဲ့ ချစ်စရာကောင်းသလို ချောတဲ့သူမှန်း ခန့်မှန်းနိုင်သည် မိန်းကလေးတွေရဲ့ idea type နဲ့ကိုက်ညီသူလည်းဖြစ်သည်တစ်ဖက်ကသူကတော့
"မင်္ဂလာပါ EXO-SC Chanyeol အသက် ၂၈ အရွယ်ပါ အကူအညီပေးကြပါ အများကြီး မျှော်လင့်ပါတယ် "
ခပ်ပြုံးပြုံး ပြောနေတဲ့သူက ခန့်ညားမှုအပြည့်နဲ့ဆွဲဆောင်နေသည် ထိုသူရဲ့အပြုံးက နတ်သားတစ်ပါးလိုမျိုး ေချာမောလွန်းသည်
Amusement Park အဝင် သစ်ပင်ကြီးကိုဖြတ်ကျော်ကာ
စိတ်လှုပ်ရှားမှုအပြည့်နဲ့ ဝင်လာတဲ့သူက သူမြင်ချင်နေတဲ့ကောင်လေးကို မြင်ရဖို့မစောင့်နိုင်တော့ဘူးထင်တယ် ခြေလှမ်းကို ခပ်သွက်သွက်လှမ်းနေပြီး အမြန်သွားနေသည် သူကတော့ ခြေတံရှည်လို့ အကျယ်ကြီးလှမ်းပြီးသွားနေပေမယ့် သူ့နောက်ကလိုက်ရတဲ့ ကင်မရာမန်းကတော့ ထိုသူ့ကို အမှီလိုက်နေရသည်ခပ်လှမ်းလှမ်းမှာ ထိုင်နေတဲ့ကောင်လေးက ခေါင်းငိုက်စိုက်ပြီး ခြေထောက်ကို ဟိုဘက်ဒီဘက်လွှဲပြီး ကစားနေသည် ချန်းယောလ် ထိုရှေ့သို့ လျှောက်လှမ်းသွားသည်
ကစားနေရင်း ခြေထောက်တစ်စုံက သူ့ရှေ့လာရပ်ချိန် ခေါင်းမော့လိုက်တော့ မြင်လိုက်ရတဲ့သူက အပြုံးတစ်ပွင့်နဲ့အတူ သူ့ရှေ့မှာရပ်နေသည်
![](https://img.wattpad.com/cover/251841469-288-k670623.jpg)
YOU ARE READING
Simple Marriage
RomanceZawgyi ဘတ်ခ်ဟျွန်းနီ က နွေးထွေးတယ် ဘတ်ခ်ဟျွန်းနီ က ချစ်ဖို့ကောင်းတယ် ကျနော် ဘတ်ခ်ဟျွန်းနီ ကို ချစ်မိပြီ ထင်တယ် Park Chanyeol ချန်းယောလ်လီ က အရမ်းခန့်ညားတယ် ချန်းယောလ်လီ က ဂရုစိုက်ပေးတယ် ကျနော်လည်း ချန်းေ...