Unicode
ချန်းယောလ်မနက်ခင်းကို စောနိုးလာခဲ့သည် လက်မောင်းထက်က အိပ်မောကျနေဆဲ ခေါင်းလုံးလုံးလေးကို သေချာနေရာချကာ ကိုယ်လက်သန့်စင်ဖို့ အရင်ထွက်လာခဲ့သည် မနက်စာကတော့ staff တို့က မှာပေးထားသည်မို့ ပြင်စားရုံသာ...
မနက်ပိုင်း ဓာတ်ပုံရိုက်ဖို့ရှိသေးတာမို့ အိပ်ပျော်နေတဲ့ ဘတ်ခ်ဟျွန်းကိုနှိုးရန် ချန်းယောလ် အိပ်ခန်းထဲ ပြန်ဝင်လာခဲ့သည် စောင်တွေနဲ့လုံးထွေးနေတဲ့ကောင်လေးက စူပုတ်ပုတ်မျက်နှာလေးကိုသာ ဖော်ထားသည်
ချန်းယောလ် ထိုစောင်ထုတ်လေးကို ဖျစ်ညစ်ချင်စိတ်တွေက တစ်ဖွားဖွားပင်..."ဘတ်ခ်ဟျွန်းနီ... ဘတ်ခ်ဟျွန်းနီ ထတော့လေ ခဏနေ ရိုက်ကွင်းရှိတယ်လေ "
ချန်းယောလ် ပါးဖောင်းဖောင်းလေးကို ပွတ်ကာနှိုးနေသော်လည်း အင်း အဲ လုပ်ပြီးသာ စောင်ထဲပြန်ဝင်သွားသည် ချန်းယောလ် ခေါင်းရမ်းပြီးရေချိုးခန်းထဲကို အရင်သွားလိုက်သည် သွားတိုက်ဖို့ကအစ အကုန်လုပ်ပေးပြီးမှ အိပ်ခန်းအတွင်းသို့ပြန်လာသော်လည်း ထိုစောင်ထုတ်လေးကတော့ သူထားသွားတဲ့အတိုင်း တုပ်တုပ်မှမလှုပ်ပေ
ချန်းယောလ် မနှိုးရင် ရိုက်ကူးရေးတွေပါ နောက်ကျကုန်မည်မို့ မနှိုးချင်လည်း နှိုးရမည်ဖြစ်သည်"ဘတ်ခ်ဟျွန်းနီ...ထတော့လေ ကိုယ်အကုန်ပြင်ဆင်ပြီးပြီ...ခဏနေ မနက်စာစားရအောင်လေ "
ချန်းယောလ် မထတဲ့ကောင်လေးကြောင့် မတတ်နိုင်စွာ ခေါင်းလုံးလုံးကိုပွတ်လိုက်သည် ပြီးနောက် စောင်ထုပ်လေးအတိုင်းမ၍ ငုတ်တုပ်ထိုင်စေသည် မနှိုးသေးတဲ့ကောင်လေးကတော့ သူဘာလုပ်လုပ်သိမည်မဟုတ်ပေ ချန်းယောလ် ညစ်ကျယ်ကျယ်ပြုံးကာ ယိုင်ထိုးနေတဲ့ခေါင်လေးကို ထိန်းထားလိုက်သည်
ထို့နောက် သူ့လက်တွေဖြင့် ဖျစ်ညစ်ထားသလိုဖြစ်နေသည်မို့ စူထော်နေသည့် နှုတ်ခမ်းလုံးလုံးလေးကို သူ့နှုတ်ခမ်းတွေနဲ့ထိစပ်လိုက်သည်စုပ်လုံးစုပ်နေသလို အသံတွေထွက်သည်အထိ တပြွတ်စ်ပြွတ်စ်မြည်အောင် ချန်းယောလ် စုပ်နမ်းပစ်သည် အပေါ်အောက်ကို ခပ်ပြင်းပြင်းစုပ်နမ်းသည့်အပြင် ခံတွင်းအတွင်းထဲအထိ မွှေနှောက်ကာ လိုက်လံစူးစမ်းတော့ အသက်ရှူကြပ်လာသည်ထင်သည် သူ့ရင်ဘတ်ကိုတွန်းထုတ်လာသည် ချန်းယောလ် ထိုအခါမှ နမ်းနေခြင်းအားလွှတ်ပေးလိုက်သည် ပြီးနောက် ပါးစပ်လေးဟကာ အသက်ခပ်ပြင်းပြင်းရှူနေတဲ့ကောင်လေးရဲ့ နှာခေါင်းလုံးလုံးလေးကို အူယားစွာပင် မနာအောင်ခပ်ဖွဖွကိုက်ခဲမိသည်
YOU ARE READING
Simple Marriage
RomanceZawgyi ဘတ်ခ်ဟျွန်းနီ က နွေးထွေးတယ် ဘတ်ခ်ဟျွန်းနီ က ချစ်ဖို့ကောင်းတယ် ကျနော် ဘတ်ခ်ဟျွန်းနီ ကို ချစ်မိပြီ ထင်တယ် Park Chanyeol ချန်းယောလ်လီ က အရမ်းခန့်ညားတယ် ချန်းယောလ်လီ က ဂရုစိုက်ပေးတယ် ကျနော်လည်း ချန်းေ...