(22)

319 46 2
                                    

Unicode

ကြက်ကြော်နဲ့ပီဇာကို
စကားပြောရင်း စားနေလိုက် မက်ဂျူလေးတစ်ကွတ်သောက်လိုက်နဲ့ ဘတ်ခ်ဟျွန်း မူးနောက်နေသည် ချန်းယောလ်နဲ့MQက သောက်ရတာကြိုက်သူမို့ အပြင်းစားတွေ သောက်သော်လည်း ဘတ်ခ်ဟျွန်းကို မက်ဂျူဗူးတစ်ဝက်သာတိုက်ကြသည် နှစ်ချို့ဝိုင်အပြင် အခြားအပြင်းစားတွေလည်း ရောစပ်သောက်ကြသေးသည် တစ်ခါတစ်လေ ချန်းယောလ်သောက်နေသည်ကို ဘတ်ခ်ဟျွန်းကကြည့်နေသည်မို့
ချန်းယောလ် ဘတ်ခ်ဟျွန်းကို
အရသာစမ်းရန် အနည်းငယ်တိုက်လေသည်

"အာ...ကိုကိုရောက်နေတာလား "

Studio မျက်နှာချင်းဆိုင်ထားရှိထားသည့် ဆယ်ဟွန်းက ချန်းယောလ် Studio ဆီစကားပြောရင်း ဝင်လာခဲ့ပြီးမှ ဘတ်ခ်ဟျွန်းကိုမြင်သည်

"အစ်ကိုဘတ်ခ်ဟျွန်း မတွေ့ရတာကြာပြီနော် ဘာလဲ ကြင်စဦးတွေဆိုတော့ ဘယ်သွားသွားလိုက်နေတာလား
ဟားဟား ..."

သူ့အပြောသူသဘောကျနေတဲ့ ဆယ်ဟွန်းက မျက်ရည်ကျသည်အထိရယ်နေသည် ထူးဆန်းစွာ ဆယ်ဟွန်း ဘတ်ခ်ဟျွန်းကို မြင်ရင်ပင် မစပဲမနေနိုင်ပေ မင်္ဂလာပွဲနေ့မှာစတွေ့ဖူးပြီး ဘတ်ခ်ဟျွန်းနဲ့စကားတွေပြောဖြစ်ကာ ပိုရင်းနှီးသွားသည်မို့ ပိုစနေမိတာလည်းဖြစ်သည်

"ဟီး...ဆယ်ဟွန်းနီ ရောက်လာတာလား "

ရီဝေဝေလေးနဲ့ ဘတ်ခ်ဟျွန်း ဆယ်ဟွန်းကို မေးလာသည် မက်ဂျူနည်းနည်းပဲ သောက်ထားသော်လည်း သူရဲ့Limitကိုရောက်နေပြီမို့ တစ်ကိုယ်လုံးက ရဲတက်လာသည် လည်ပင်းသားတွေက တစ်မူထူးကာ မျက်နှာထက်ပင်ရဲနေတော့သည်

"အင်း...အစ်ကိုမူးနေတာလား "

"အင်း...သူမူးနေပြီ ဒါနဲ့ဘယ်လိုရောက်လာတာလဲ "

ချန်းယောလ် ဆယ်ဟွန်းကို မက်ဂျူခွက်ကိုတစ်ဖက်ကကိုင်ကာ စားပွဲပေါ်တွင် ကျန်လက်တစ်ဖက်ဖြင့် မေးထောက်ရင်း သူ့ကိုရီဝေဝေကြည့်နေသည့် ဘတ်ခ်ဟျွန်းအစား ပြန်ဖြေပေးလိုက်သည်

"ဒီတိုင်းပျင်းလို့ ကိုကို့ဘက်ကိုထွက်လာတာ ကိုကိုဒီမှာရှိနေမှန်းသိရင် အစောကြီးကတည်းကလာပြီး အစ်ကိုဘတ်ခ်ဟျွန်းကို ကိုကို့အကြောင်းတွေလာပြောပါတယ် "

Simple MarriageWhere stories live. Discover now