(18)

299 41 2
                                    

Unicode

ဘောလုံးကွင်းအလယ်တစ်နေရာတွင် ပွဲအတွက် စတင်ပြီးတော့ ဝင်ပေါက်တစ်ခုထားရှိသည်
စိုက်ထူထားတဲ့ လေးထောင့်ပုံစံ ဝင်ပေါက်ပတ်ပတ်လည်မှာ အဝါရောင်အဝတ်စရှည်တစ်ခုက ပတ်နွယ်ထားသည် နှင်းဆီဝါပုံစံပတ်နွယ်ထားတဲ့ ဝင်ပေါက်မှစတင်ပြီး ဘေးတစ်ဖက်တစ်ချက်ဆီတွင် ပန်းအိုးအတွင်းရေအနည်းငယ်ထည့်ပြီး အဝါရောင်ပန်းအစစ်များ လှပစွာထိုးထားသည်
အဝါရောင်ပန်းတစ်မျိုးရဲ့အနံ့လေးက အနီးအနားတစ်ဝိုက်မှာ ခပ်သင်းသင်းလေးပျံနှံလာသည်

လျှောက်လမ်းကို ရိုးရှင်းစွာပင် ဘာအခင်းမှခင်းကျင်းထားခြင်းမရှိပေ စိမ်းနုနုမြက်ခင်းရဲ့လှပမှုအတိုင်း ပြုပြင်ထားခြင်းမရှိလှပနေစေ၏ လျှောက်လမ်း၏ ဘေးတစ်ဖက်တစ်ချက်ဆီမှာတော့ ပန်းအိုးသေးသေးလေးတွေ စီတန်းပြီးချထားသည် တူညီစွာ သုံးထားသော ပန်းရဲ့ရနံက အရမ်းကိုမွှေးပျံလာခဲ့သည် ဂိုးပေါက်တစ်နေရာမှာ စားပွဲဝိုင်းတွေစီတန်းချထားသလို တစ်ဖက်ဂိုးပေါက်ဖက်တွင်လည်း ထိုနည်းလည်းကောင်းပင်

ဆည်းဆာချိန်ရောက်ရှိလာတော့ ဘောလုံးကွင်းထဲတွင် လှုပ်ရှားမှုများက မြန်ဆန်လာသလို လူတွေလည်းရောက်ရှိလာသည် တကယ်တမ်းမှာ ဖိတ်ခေါ်ထားခြင်းမရှိသည့် သူများရောက်ရှိလာမှုကြောင့် staff တွေ လန့်ဖြန့်ကုန်သည် ဝင်ရောက်လာသူက တစ်ခြားမှမဟုတ်ပဲ သတိုးသားနှစ်ယောက်နဲ့ရင်းနှီးသူ နာမည်ကြီး idol များပင် ပြင်ဆင်ထားခြင်းမရှိသည်မို့ ပြာယာခတ်ကုန်သည့်staffတွေကို ဟီချော လက်ကာပြကာ အေးဆေးနေခိုင်းလိုက်သည်

Suju ရဲ့ ဟီချော က ဘတ်ခ်ဟျွန်းအတွက်ရောက်လာပေးသလို Suju ရဲ့ ရှီဝမ်က ချန်းယောလ်အတွက် ရောက်လာခဲ့သည်
ချန်းယောလ်ဆီကို ယွန်းဟို(Yunho)
မင်ဟို(Minho) ဂျင်ဂီ(Onew)
ယောင်းဟို(Johnny) ယွန်းအို(Jaehyun) နဲ့ ယုတ(Yuta) အပြင် အစ်ကိုဂယ်ဂို(Gaeko) နဲ့ DJ Raiden တို့က တက်ရောက်ပေးသည်
ထယ်မင်း(Taemin) နဲ့အတူ ဂီဘန်(Key) ထယ်ယုံး(Taeyong) ချီတာဖွန်(Ten) တို့ကလည်း ဘတ်ခ်ဟျွန်းအတွက် တက်ရောက်လာခဲ့သည် တစ်ခြားရင်းနှီးသူများလည်း ရောက်ရှိလာခဲ့သည်

အပေါင်းအသင်းတစ်အားများသလို ရောက်လာသူတွေက ရင်းနှီးသူများသာဖြစ်သည် တစ်ယောက်နဲ့တစ်ယောက်က စီနီယာ ဂျူနီယာ ဆက်ဆံရေးမို့ အချင်းချင်း နှုတ်ဆက်စကားပြောရင်းပင် မင်္ဂလာပွဲက အသက်ဝင်နေတော့သည် ဟိုဘက်ဒီဘက်ခွဲမနေပဲ ထွက်ပေါ်လာမယ့် သတိုးသားနှစ်ယောက်ကို အံသြစေရန် အလယ်မှာ လျှောက်လမ်းတစ်နေရာစာ ချန်ထားပြီး ကြီးမားသည့် ဘောလုံးကွင်းသည် ရိုက်ကူးရေးသမားများကြောင့်ပါ ခဏလေးနဲ့ပြည့်နှက်သွားတော့သည်

Simple MarriageWhere stories live. Discover now