Unicode
အရက်မူးပြီးနောက်ပိုင်း ဘတ်ခ်ဟျွန်းရှက်လွန်းလို့
ချန်းယောလ်ကို နှစ်ရက်လောက် အဆက်အသွယ်ဖြတ်ထားမိသည် ကွန်ဒိုမှာလည်းမနေပဲ ဘတ်ခ်ဟျွန်းမိဘအိမ်ကိုပြန်ကာ ပုန်းနေခဲ့သည် ဘယ်သူသိမှာလဲ
ချန်းယောလ်ကိုယ်တိုင် အိမ်အထိရောက်လာမယ်လို့လေချန်းယောလ် သူ့ကိုပုန်းနေသည့်ကောင်လေးကို စိတ်ကြိုက်ပုန်းခိုင်းထားသည် အိမ်ပြန်သွားသည့်သတင်းကို အတိအကျ လာပေးသွားသည့် ယောက်ဖတော်ခါအီကို ချန်းယောလ် ကျေးဇူးတင်ရမည်ဖြစ်သည်
နှစ်ရက်လုံး ဖုန်းမကိုင်သလို ဘာမက်ဆေ့မှ ပြန်မပို့သည့်ကောင်လေးကြောင့် ချန်းယောလ် စိတ်ပူရသလို
စိတ်ဆိုးချင်သော်လည်း ခါအီပြောပြတဲ့ ရှက်လို့ဆိုတဲ့အကြောင်းပြချက်ကြောင့် စိတ်ဆိုးရခက်နေသည် ထို့ကြောင့်ပင် ရှက်နေသည်ဆိုသော အကြောင်းပြချက်နဲ့မို့ ချန်းယောလ် လွှတ်ပေးထားခြင်းဖြစ်သည်ရုံးပိတ်ရက်ဖြစ်သည်မို့ မနက် ၁၁ ခန့်တွင်
သားအမိသားအဖသုံးယောက် ထမင်းစားပြီးနောက် ဧည့်ခန်းမှာထိုင်ရင်း အချိုပွဲတည်းနေသည် ခွန်းလေးကတော့ ထိန်းမနိုင်စွာပင် မိဘတွေနဲ့အတူ သစ်သီးစုံကိုမစားဘဲ
ဖန်ပန်းကန်တစ်လုံးအပြည့် စတော်ဘယ်ရီများကို ထိုင်စားနေသည် တစ်ချက်တစ်ချက် မိဘတွေစားနေသည့်ပန်းကန်ထဲမှ သရက်သီးကိုမသိမသာယူကာ နှိုက်စားသလို လိမ္မော်သီးနှင့်ပန်းသီးလည်းမရှောင်ပေ စပျစ်သီးကိုပါမလွတ်ပေးပဲ 'ပါးပါးသားကိုကျွေး'ဆိုကာ တောင်းစားသေးသည်တင်းတောင်
ဘဲလ်သံကြားသော်လည်း
အစားအသောက်မပျက်စွာပင် ထိုင်စားနေသော ခွန်းလေးကြောင့် မားမားခေါင်းသာရမ်းမိတော့သည် နောက်တစ်ခါထွက်ပေါ်လာသော ဘဲလ်တီးသံကြောင့် ဘတ်ခ်ဟျွန်းမားမား ဧည့်ခန်းမှကိုယ်တိုင်ထကာ အိမ်ရှေ့ကို screen မှတဆင့် ကြည့်မိသည် သို့သော် ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းထားသူကြောင့် မည်သူမှန်းမသိပေ"ဘယ်သူပါလဲ "
ထွက်ပေါ်လာသောအသံအရ ဘတ်ခ်ဟျွန်းအမေမှန်း ချန်းယောလ်ရိပ်မိသည်မို့ နာမည်သာထုတ်ပြောလိုက်သည်
YOU ARE READING
Simple Marriage
RomanceZawgyi ဘတ်ခ်ဟျွန်းနီ က နွေးထွေးတယ် ဘတ်ခ်ဟျွန်းနီ က ချစ်ဖို့ကောင်းတယ် ကျနော် ဘတ်ခ်ဟျွန်းနီ ကို ချစ်မိပြီ ထင်တယ် Park Chanyeol ချန်းယောလ်လီ က အရမ်းခန့်ညားတယ် ချန်းယောလ်လီ က ဂရုစိုက်ပေးတယ် ကျနော်လည်း ချန်းေ...