Unicode
ဘတ်ခ်ဟျွန်းကို ချန်းယောလ် ဆိုဖာထက်ထိုင်စေလိုက်သည် ပြီးသည်နှင့် ဆေးပစ္စည်းနဲ့ပတ်သတ်တာတွေကို အခန်းတွင်းလိုက်ရှာနေကြသည် တော်သေးသည်က ဆေးပစ္စည်းတွေကို ဘတ်ခ်ဟျွန်းအတွက် မန်နေဂျာက ဆောင်ထားသည်ပင် ထို့အပြင် အရင်တစ်ခေါက် ခြေထောက်ခေါက်တုန်းက ဆေးတွေလဲရှိနေဆဲပင်ဖြစ်သည် ချန်းယောလ် ထိုဆေးတွေကိုယူလိုက်ပြီး ဆိုဖာထက်ဝင်ထိုင်လိုက်သည် ထို့နောက် ဘတ်ခ်ဟျွန်းကို သူ့ဘက်လှည့်စေသည်
"ဘတ်ခ်ဟျွန်းနီ ဒီဘက်လှည့်..."
ချန်းယောလ် ဆွဲလှည့်သော်လည်း တစ်ဖက်ပြန်လှည့်သွားသူကြောင့် သူ့ဘက်လှည့်လာစေရန် အရင်ပြောရသည် သို့သော်လည်း ဘတ်ခ်ဟျွန်းခေါင်းငုံ့နေကာ လက်တွေအချင်းချင်း ပွတ်သပ်နေသလို တစ်ချက်တစ်ချက် လက်သည်းတွေကို ကုတ်ဖဲ့နေသေးသည် ချန်းယောလ် ထိုကုတ်ဖဲ့နေတဲ့လက်တွေကို အကြည့်ရောက်မိတော့ လက်ကောက်ဝတ်ထက်မှာ ခပ်ရဲရဲဖြစ်နေတာကိုပါ တွေ့လိုက်ရသည် အသားတွေမပွန်းပဲ့ပဲ ထပ်ပြီးအနာတရမဖြစ်စေရန်
တစ်ဖက်တစ်ချက်ဆီ ဆုပ်ကိုင်ကာ ကုတ်ဖဲ့နေခြင်းမှဝေးကွာစေသည် လက်တွေကိုသူဆုပ်ကိုင်လိုက်တော့ သူ့ကိုမော့ကြည့်လာသည် ချန်းယောလ် သူ့ကိုမော့ကြည့်နေတဲ့မျက်လုံးတွေကို အကြည့်မလွှဲပဲ စိုက်ကြည့်နေရင်း ပြောလိုက်သည်"ဘတ်ခ်ဟျွန်းနီ အခုကိုယ့်ကို မမြင်ချင်ရင်တောင် ခဏလေးပဲသည်းခံပေး...ကိုယ်ဆေးလိမ်းပေးပြီးတာနဲ့ ပြန်မှာပါ...ဟုတ်ပြီလား "
ချန်းယောလ်ပြောနေရင်းပင် လိမ်းဆေးတစ်ချို့ကိုယူကာ အရင်ဆုံးလက်ကောက်ဝတ်ကို ခပ်ဖွဖွပွတ်သပ်၍ လိမ်းပေးနေလိုက်သည် ချန်းယောလ်ဆေးလိမ်းပေးနေတုန်း ဘတ်ခ်ဟျွန်း မတွေ့ရတာကြာပြီဖြစ်တဲ့ မျက်နှာချောချောကို အလွမ်းပြေကြည့်နေမိသည် ဘယ်သူက မမြင်ချင်ဘူးလို့ပြောလဲ ထိုလူသားကတော့ သူ့ကို ဆေးလိမ်းပေးနေတဲ့ဆီမှာပဲ စိတ်ရောက်နေသည်
ဘတ်ခ်ဟျွန်းကြည့်နေရင်းပင်
ခေါင်းမော့ကာ သူ့ကိုကြည့်လာသူကြောင့် အမြန်ပင်အကြည့်လွှဲလိုက်ရသည် ခိုးကြည့်နေတာမိသွားတာမို့ ဘတ်ခ်ဟျွန်းမျက်နှာတို့က ရှက်ရွံ့မှုကြောင့် အနီရောင်လှိုင်းလေးတွေပြေးလာသည် ချန်းယောလ် သူခိုးလူမိဖြစ်သွားတဲ့ ကောင်လေးကို ချစ်စနိုးဖြင့်ကြည့်မိသည် ထိုကောင်လေးကတော့ ရှက်ရွံ့စွာပင်သူ့ကို မျက်နှာလွှဲကာတစ်ဖက်လှည့်သွားတော့သည်
YOU ARE READING
Simple Marriage
RomanceZawgyi ဘတ်ခ်ဟျွန်းနီ က နွေးထွေးတယ် ဘတ်ခ်ဟျွန်းနီ က ချစ်ဖို့ကောင်းတယ် ကျနော် ဘတ်ခ်ဟျွန်းနီ ကို ချစ်မိပြီ ထင်တယ် Park Chanyeol ချန်းယောလ်လီ က အရမ်းခန့်ညားတယ် ချန်းယောလ်လီ က ဂရုစိုက်ပေးတယ် ကျနော်လည်း ချန်းေ...