Unicode
"မင်္ဂလာပါ EXO-SC ရဲ့ အငယ်လေး အိုဆယ်ဟွန်းပါ ကောင်းကောင်းကြည့်ရှူပေးကြပါ "
ပြုံးရွှင်စွာ နှုတ်ဆက်လာသူက ကလေးတစ်ယောက်လို ဟန်ဆောင်မှုကင်းမဲ့သည်
"ဟုတ်ကဲ့ မင်္ဂလာပါ ကျွန်တော်က EXO-CBX ရဲ့ ရှီအုမင် လို့ခေါ်ပါတယ် အများကြီး မျှော်လင့်ထားပါတယ် "
ကလေးရုပ်လေးနဲ့ရင့်ကျက်စွာ နှုတ်ဆက်လာသူက အရမ်းကို ခန့်ညားပါသည်
ပတ်မီဆွန်း - "နှစ်ယောက်လုံးကို ကြိုဆိုပါတယ် ဒါနဲ့ တစ်ယောက်နဲ့တစ်ယောက် သိကြလား "
ပတ်နာရယ် - "နှစ်ယောက်လုံး အတော်ကြည့်ကောင်းကြတာပဲ "
ဂျန်ဒိုယွန်း - "ကျွန်မကို လက်မှတ်ထိုးပေးပါဦး ကျွန်မ သူငယ်ချင်းတွေကို ကြွားချင်လို့ပါ "
HyunMo - "ဟားဟား... ငါ့ကိုကောပဲ လက်မှတ်ထိုးပေးပါ "
ခဏလေးနဲ့တင် ရိုက်ကူးရေးမှာ ပွက်လောရိုက်နေတော့သည်
ဆယ်ဟွန်း နဲ့ အစ်ကိုမင်ဆော့ကတော့ ရယ်နေရုံမျှသာ တတ်နိုင်သည်ပတ်မီဆွန်း - "ကျွန်မ မေးတာလေး ဖြေပေးကြပါဦး နှစ်ယောက်က အရင်ထဲက သိကြလား "
မင်ဆော့ မေးခွန်းကိုဖြေဖို့သာ အစပြုလိုက်တော့သည်
"အော်...ပြောရမယ်ဆိုရင် အချင်းချင်းသိကြပါတယ် ကျွန်တော်နဲ့ ဆယ်ဟွန်း က အမြဲတွေ့ဖြစ်ပါတယ် "
"ဟုတ်ကဲ့ ကျွန်တော်နဲ့အစ်ကိုမင်ဆော့က အရင်ထဲက သိကြပါတယ် အာ...
မင်ဆော့က နာမည်အရင်းပါ ကျွန်တော်တို့
အိမ်လည်လည်း တစ်ယောက်နဲ့တစ်ယောက် သွားကြတယ် ""အဲ့ဒါဆိုရင် ဆယ်ဟွန်းရှင့် ဆယ်ဟွန်းယောက်ဖနဲ့ကော သိလား ရှီအုမင်ကော သိလား ယောက်ဖဖြစ်သူနဲ့... "
ပတ်နာရယ်ကတော့ မေးခွန်းမေးလိုက်သည်
'ဟင်...ဒီဟာက တကယ့်မေးခွန်းပဲ'
စူးစမ်းနေတဲ့အရိပ်အယောင်တွေက အနားမှာပြည့်နှက်သွားသည်
ဆယ်ဟွန်းလည်း သူ့အကျင့်အတိုင်း စကားမပြောခင် နှုတ်ခမ်းကို လျှာလေးတစ်ချက်သတ်လိုက်သည်
YOU ARE READING
Simple Marriage
RomanceZawgyi ဘတ်ခ်ဟျွန်းနီ က နွေးထွေးတယ် ဘတ်ခ်ဟျွန်းနီ က ချစ်ဖို့ကောင်းတယ် ကျနော် ဘတ်ခ်ဟျွန်းနီ ကို ချစ်မိပြီ ထင်တယ် Park Chanyeol ချန်းယောလ်လီ က အရမ်းခန့်ညားတယ် ချန်းယောလ်လီ က ဂရုစိုက်ပေးတယ် ကျနော်လည်း ချန်းေ...