(49)

301 27 0
                                    

Unicode

အချိန်တွေတရွေ့ရွေ့ကုန်ဆုံးပြီးနောက် ယောက္ခမအိမ်သို့သွားရောက်နေထိုင်ခြင်းကို အဆင်ပြေပြေရိုက်ကူးနိုင်ခဲ့သည် ချန်းယောလ်တို့လည်း
ဒီရက်ပိုင်းအလုပ်တွေ သိပ်မလုပ်ဖြစ်ပဲ နားရက်ရသလိုခံစားလိုက်ရသည် ရိုက်ကူးရေးတစ်ပတ်လောက် လုပ်ထားသည်မို့ ချန်းယောလ်တို့ ဒီရက်ပိုင်းရိုက်ကူးရေးမရှိတော့ပေ ဘတ်ခ်ဟျွန်းကတော့ နဂိုအစီအစဥ်အတိုင်း 3rd album ထုတ်ဖို့အတွက် ပြင်ဆင်နေပြီး ချန်းယောလ်ကလည်း The Box ဆိုတဲ့ ရုပ်ရှင်ရိုက်ဖို့ရှိသည် ထို့အပြင် ဘူဆန်အထိရိုက်ကူးရေးသွားလုပ်ရမှာမို့ ဖုန်းနဲ့ပဲဆက်သွယ်ရဖို့ကများနေသည် ဒီရက်ပိုင်းတော့ နှစ်ယောက်သား တွေ့ဖြစ်ဖို့ကမသေချာပေ

မိဘတွေအိမ်ကပြန်လာပြီး ချန်းယောလ်တို့ ကိုယ့်အလုပ်နဲ့ကိုယ်ရှူပ်နေပြီး နှစ်ပတ်လောက် လူချင်းမတွေ့ရပေ ထို့အပြင် အလုပ်တွေက အမြဲညဥ့်နက်မှသာပြီးသည်မို့ ပင်ပန်းပြီး
video call ပင် မပြောနိုင်ပဲ ဖုန်းနဲ့သာအဆက်အသွယ်ရှိကြသည် ဘတ်ခ်ဟျွန်းက Kyoong.concept ပါလုပ်မှာမို့ နှစ်ဆပိုပင်ပန်းနေသည်

ချန်းယောလ် ဘူဆန်မှာ သူရိုက်ကူးရမယ့်အပိုင်းကို စိတ်ရှည်ရှည်ထားပြီး ရိုက်ကူးခဲ့ပြီး ဒါရိုက်တာကြီးဆီ ရောက်လာခဲ့သည်
NG scene(no good) သုံးကြိမ် လေးကြိမ်လောက် ဖြစ်ပြီးနောက်မှ ဒါရိုက်တာကြီးက သဘောကျသွားသည် ချန်းယောလ် သူရိုက်ကူးရမယ့်ဟာတွေ အကုန်ရိုက်ပြီးပြီမို့ ဒါရိုက်တာကြီးဆီခွင့်တောင်းပြီး အရင်ဆုံးပြန်လာခဲ့သည် မန်နေဂျာကတော့ သူဇွတ်ပြန်လို့ စိတ်ဆိုးနေသည် ရိုက်ကွင်းကနေ ကိုယ်ရဲ့နယ်ပယ်ကို ပိုကျယ်အောင်လုပ်ဖို့အခွင့်အရေးကို လက်လွှတ်ခံခဲ့လို့ဖြစ်သည် သို့သော်လည်း သူပြောတဲ့အတိုင်း ဆိုးလ်ကိုပြန်လာခဲ့သည်

ချန်းယောလ် ည ၉ နာရီတွင် ဘူဆန်မှထွက်လာပြီး မနက် ၁ နာရီခန့် လောက်မှ ဆိုးလ်ကို ပြန်ရောက်လာသည် ထို့ကြောင့်
ချန်းယောလ် မန်နေဂျာကို
သူ့တိုက်ခန်းကိုသာ ပို့ခိုင်းခဲ့လိုက်သည် ချန်းယောလ် အပေါ်တက်လာခဲ့ပြီး
သူ့အခန်းသို့သူမသွားပဲ မျက်နှာချင်းဆိုင်ရှိ ဘတ်ခ်ဟျွန်းအခန်းဆီကိုသာ တိုက်ရိုက်ဝင်သွားခဲ့သည် အခန်းက ကတ်နဲ့ဖွင့်လို့ရသလို လက်ဗွေလည်းပါသည် ချန်းယောလ်ဆီမှာ ကတ်မပါလာပေမယ့် လက်ဗွေနဲ့သာ ဖွင့်ပြီးဝင်လာခဲ့သည် ဘတ်ခ်ဟျွန်းက သူ့တိုက်ခန်းမှာ ချန်းယောလ်လက်ဗွေသွင်းထားသလို ချန်းယောလ်သည်လည်း အတူတူပင်ဖြစ်သည် ထို့အပြင် တိုက်ခန်းကတ်တွေလည်း လဲထားကြသေးသည်ပင်

Simple MarriageWhere stories live. Discover now