(8)

490 59 0
                                    

Unicode

"တီ...တီ...တီ..."

နားကိုဒုက္ခပေးနေတဲ့ အသံကြောင့် လက်ဖြင့် ဟိုစမ်းဒီစမ်းလုပ်နေမိသည် ဟိုစမ်းဒီစမ်းလုပ်သော်လည်း မစမ်းမိတော့ မပွင့်သေးတဲ့မျက်လုံးကို ဖွင့်ဖို့မလုပ်ပဲ နာရီကိုပိတ် ထဖို့ပြင်ဆင်ရသည်
အိပ်ယာပေါ်မှထဖို့လုပ်နေပေမယ့်လည်း မျက်လုံးတွေကပွင့်မလာတာကြောင့် ငုတ်တုတ်ပြန်အိပ်နေမိသည် ခဏနေတော့
10 မိနစ်တစ်ကြိမ် ထမြည်တဲ့နာရီကြောင့် အိပ်ယာပေါ်မှဆင်းပြီး ပြင်ဆင်ရတော့သည်

ရေချိုးခန်းထဲမှ အမေမွေးတဲ့အတိုင်းထွက်လာပြီး
ဆံပင်ပန်းရောင်ကို အခြောက်ခံ ပြီးတော့ adidas တံဆိပ် underwear ကိုဝတ်လိုက်သည် ဘောင်းဘီကတော့ ဒူးတိကာကီရောင်ကို ဝတ်ပြီး အပေါ်အကျကတော့ Hoddie အနက်ရောင်ကိုသာ ကောက်စွပ်လိုက်သည်
ဖုန်းကိုဘောင်းဘီ အိပ်ကပ်ထဲထည့်လိုက်ပြီး သူပြောလိုက်သည်

"ဟူး...ငါအိပ်ချင်လည်း အလုပ်ရှိသေးတယ် ငါ့ကလေးတွေဆီလည်း မရောက်တာကြာပြီ ခဏသွားဦးမှပါ "

သေချာတာပေါ့ သူသွားမှာလေ စာသားအနည်းငယ်ဖြင့် ချစ်ရတဲ့
သူ့ကလေးတွေကို သူရဲ့ SNS မှာ မေးရင်းဖြေရင်း စနောက်တော့သည်

"လူကြီးမင်းတို့ ဒီနေ့ဘာစားကြမှာလဲ ကောင်းတဲ့ဟာလေးတွေ ညွှန်းပါဦး"

ရိုးရိုးရှင်းရှင်း စာသားလေးတစ်ကြောင်းပေမယ့်
သူ့ Fan တွေကတော့ စားကောင်းတာတွေအများကြီး ညွှန်းဆိုကြသည် သူကတော့ diet လုပ်ဖို့ လောလောဆယ် မစဥ်းစားသေးဘူး အဲ့တော့ ညွှန်းဆိုထားတဲ့ထဲက မှာပြီးစားလိုက်သည် စားစရာရှိတာစားမယ် Diet လုပ်ဖို့လိုမှပဲ လုပ်မည်စိတ်ကူးသည်
စားသောက်ပြီးစီးပြီး သူ့အလုပ်တွေကို အမြန် အပြီးသတ်သည် သူအိမ်ပြန်ပြီး အဝတ်အစားလဲမယ်စိတ်ကူးထားသည်
ဘာလို့ဆို ဒီနေ့သောကြာနေ့လေ ဒုတိယအကြိမ် သူတစ်စုံတစ်ယောက်ကို သွားတွေ့ရမည်လေ ထိုသူ့ရှေ့မှာတော့ သူကြည့်ကောင်းချင်ပါသည်

ဗုဒ္ဓဟူးနေ့က ညစာစား နှုတ်ဆက်ပြီး ပြန်ခဲ့ကြသည် အခြေအနေကောင်းသည်ဆိုရမည် ပထမဆုံးနေ့မှာ အခက်အခဲမရှိဖြတ်ကျော်နိုင်ခဲ့သည်
ချီးကျူးတာမဟုတ်ပေမယ့် အဲ့လူတကယ်ကိုချောသည် အရပ်ရှည်တဲ့အပြင် ခန့်ညားမှုနဲ့ပါပြည့်စုံသည်

Simple MarriageWhere stories live. Discover now