(34)

292 43 4
                                    

Unicode

"အဖွားပြောချင်တာက သားကိုဆူဟီးနဲ့စေ့စပ်ပေးစေချင်တယ် သားလူသိရှင်ကြားမလုပ်ချင်ရင် နှစ်ဖက်မိဘတွေပဲအသိပေးလုပ်ကြတာပေါ့ "

"ကျွန်တော်က ဘာလို့လုပ်ရမှာလဲ "

အဖွားဖြစ်သူ ချန်းယောလ်ရဲ့တုံ့ပြန်မှုကြောင့် အံ့သြသွားသည် တစ်ခါမှ မကြုံဖူးသည်ကြောင့်လည်း ဖြစ်သည် ထိုအခြေအနေကိုတော့ ကျန်သုံးယောက်ကမျှော်လင့်ထားပြီးသားပင် ထီမထင်ဟန်နဲ့ ခပ်ရွဲ့ရွဲ့မေးလာသည့်ပုံက အဖွားဖြစ်သူကို ဆက်မပြောနိုင်သည်အထိဖြစ်စေသည်

ချန်းယောလ် ကြားကြားချင်းအံ့သြလွန်းလို့ စိတ်လွတ်ထွက်တော့မလို့ပင် အနီးနားရွိ အကုန်လုံးကိုရိုက်ခွဲပစ်ချင်သည့်အထိပင် သို့သော်လည်း ကိုယ့်ထက်အကြီးတွေသာရှိနေသည်မို့ စိတ်ထိန်းထားရသည် စိတ်ထိန်းထားသည်မို့ မျက်လုံးတစ်ချို့က အေးစက်နေပြီး နှုတ်ခမ်းတို့ကတစ်ဖက်တည်း ကော့တက်ကာ ပြုံးနေသည် ထိုသည်ကပင် အဖြားကို အရေးမစိုက်လေဟန် ပေါက်သွားစေသည်

အဖွားဖြစ်သူက ချန်းယောလ်အပြောကို အေရးမထားပဲ ဖြစ်ချင်တာကိုသာဆက်ပြောသည်

"ဘာလို့လုပ်ရမှာလဲဆိုတော့ ငါကဖြစ်စေချင်လို့ပေါ့ နောက်လထဲမှာ စေ့စပ်ပေးချင်တယ် အဲ့ဒီတော့ ပြင်ဆင်ထား... "

"အဖြားက ဘယ်သူ့သဘောနဲ့စေ့စပ်ပေးချင်နေတာလဲ ကျွန်တော်က ငယ္ငယ္ကလို ပြောသမျှနာခံနေမယ့်ကောင်မဟုတ်ဘူး ပြီးတော့ ကျွန်တော်က ကျွန်တော့်ကိစ္စတွေမှာဝင်ပါတာကို သဘောမကျဘူး မဟုတ္ဘူး လုံးဝကိုမကြိုက်ဘူး "

"မကြိုက်ရအောင် ငါကသူစိမ်းလား
မင်းကငါ့စကားကိုတောင် အေလးမထားတာလား "

"သူစိမ်းဆိုရင် အခုလိုတောင်ပြောမနေဘူး ပြီးတော့ အေလးထားတယ္ဆိုတာ ဖြစ်သင့်မှထားမှာပေါ့ ကျွန်တော်ကအရာအားလုံးကို အလေးထားရအောင် တုံးအပြီး မစဉ်းစားတတ်တဲ့သူမဟုတ်ဘူး ပြီးတော့ အဖြားက ကျွန်တော့်ကို ချယ်လှယ်ချင်နေတာလေ"

"လူကြီးကကောင်းစေချင်လို့စီစဉ်ပေးတာ မင်းငြင်းဖို့မကြိုးစားနဲ့ "

Simple MarriageWhere stories live. Discover now