Unicode
ဘတ်ခ်ဟျွန်း ချန်းယောလ်ရှင်းပြတာ နားထောင်ပြီးမှ မျက်ထောင့်နီနဲ့မကြည့်တော့တာ ဖြစ်သည်
သို့သော်လည်း သူမကျေနပ်ပါ သူမှဆယ်ဟွန်းနဲ့မတွေ့ရသေးတာ
ထို့ကြောင့် သူ ဂျုံဒယ်ကို မျက်ထောင့်နီနဲ့တစ်ချက်ကြည့်ပြီးမှ ချန်းယောလ်ဘက်ပြန်လှည့်လာသည်' ဘာလို့ မကျေနပ်လည်းဆိုတော့ ကျွန်တော်က ဆယ်ဟွန်းနီရဲ့ယောက်ဖပဲကို... ကျွန်တော်ကလွဲပြီး အဖွဲ့ဝင်တွေနဲ့ သိနေကြတာလေ အဲ့ဒါကြောင့် အရမ်းဝမ်းနည်းပြီး မကျေမနပ်ဖြစ်ခဲ့တာ '
ဘတ်ခ်ဟျွန်း သူမကျေနပ်ကြောင်းကို အင်တာဗျူးဖြေရင်း ပြောပြခဲ့သည် မျက်နှာလေးကတော့ ဝမ်းနည်းပြီး မကျေနပ်တဲ့မျက်နှာလေးနဲ့ပေါ့
' ကျွန်တော်မသိခဲ့ဘူး တကယ်ပြောတာ အဲ့အကြောင်းကလည်း ဆယ်ဟွန်းနီ ပြောပြမှ ကျွန်တော်သိခဲ့ရတာ ဘာပဲဖြစ်ဖြစ် ဘတ်ခ်ဟျွန်းနီကို ဆယ်ဟွန်းနီနဲ့
ကိုယ်တိုင်တွေ့ပေးဖို့ လုပ်ထားတယ်
ဟား...ဟား...'ချန်းယောလ် ရှက်ဝဲဝဲနဲ့သာပြန်ဖြေလိုက်သည် လူကြီးရှက်တော့ ရယ်...
ကလေးရှက်တော့ ငို...ဆိုသလိုမျိုးပေါ့"ချန်းယောလ်လီ ဒီနေ့ဘာလုပ်မို့လည်းဟင် ကျွန်တော့်ကိုလည်း staff တွေက ဘာမှလည်းမပြောဘူး တကယ်အံသြသွားတာ"
ဘတ်ခ်ဟျွန်း ချန်းယောလ်ကို ကြည့်ပြီး ပြောလိုက်သည်
"တကယ်တော့ ကိုယ်လာတာ လက်ဆောင်ပေးချင်လို့ ပထမတွေ့တဲ့နေ့တုန်းက ပေးမလို့ပဲ အဲ့ဒီနေ့က ကျန်ခဲ့တော့ မပေးဖြစ်ဘူးလေ အဲ့ဒါကြောင့် ဒီနေ့တွေ့ရင် ပေးမလို့ဆိုပြီး ယူလာရင်း မန်နေဂျာကို အချိန်ဇယားမေးလိုက်တော့ ဒီနေ့တွေ့ရမယ့် အချိန်ရောက်နေပြီဆိုလို့လာခဲ့လိုက်တာ "
ချန်းယောလ် ဘတ်ခ်ဟျွန်းကို အလိုလိုက်ခြင်းများပြည့်ဝစွာ ကြည့်ရင်းပြောလိုက်သည်
" ဝါး... ချန်းယောလ် တကယ်မိုက်တာပဲ "
ဂျုံဒယ် လက်မထောင်ပြီးချီးကျူးလိုက်သည်
"အာ... အဲ့ဒီလိုကိုး အဲ့ဒါဆို လက်ဆောင်က ဘာလဲဟင် "
ဘတ်ခ်ဟျွန်း ချန်းယောလ်ပေးမဲ့လက်ဆောင်ကို သိချင်စိတ်ပြင်းပြစွာ မေးလိုက်သည်
YOU ARE READING
Simple Marriage
RomanceZawgyi ဘတ်ခ်ဟျွန်းနီ က နွေးထွေးတယ် ဘတ်ခ်ဟျွန်းနီ က ချစ်ဖို့ကောင်းတယ် ကျနော် ဘတ်ခ်ဟျွန်းနီ ကို ချစ်မိပြီ ထင်တယ် Park Chanyeol ချန်းယောလ်လီ က အရမ်းခန့်ညားတယ် ချန်းယောလ်လီ က ဂရုစိုက်ပေးတယ် ကျနော်လည်း ချန်းေ...