(46)

297 35 0
                                    

Unicode

အချိန်တွေတစ်ပတ်ကြာပြီးနောက် ချန်းယောလ် အထုပ်အပိုးတွေပို့ထားပြီး ရိုက်ကူးရေးနေရာကိုထွက်လာသည် ဒီရက်ပိုင်းအရမ်းအေးတာမို့
ချန်းယောလ် ခပ်ကုတ်ကုတ်သာ ရိုက်ကွင်းကိုလျှောက်သွားသည် ဘတ်ခ်ဟျွန်းလည်း ရောက်လာပြီမို့ ရိုက်ကူးရေးသမားတွေက ချန်းယောလ်တို့ကားကို ရှေ့ကသွားခိုင်းကာ ဘတ်ခ်ဟျွန်းအိမ်သို့ချီတက်ကြသည်

ကားအတွင်းမှာလည်း ကင်မရာတပ်ထားတာမို့ တီတီတာတာပြောဖို့က ချန်းယောလ်တို့အတွက်မဖြစ်နိုင်ပေ ထို့ကြောင့် စကားမရှိစကားရှာပြီး တစ်လမ်းလုံးထိုပုံစံအတိုင်းနဲ့သာ ဘတ်ခ်ဟျွန်းအိမ်သို့ရောက်လာကြသည်
ဘတ်ခ်ဟျွန်းမားမားက ချန်းယောလ်တို့ကို အိမ်ရှေ့မှာထွက်စောင့်နေသည်

"မားမား ရွှတ်"

"ဒီကောင်လေးတော့ မရှက်ဘူးလား "

"တစ်ခြားသူတွေမမြင်ခင် အာဘွားပေးတာပါနော် မရှက်ပါဘူး "

ချန်းယောလ် ဘတ်ခ်ဟျွန်းတို့ သားအမိကိုကြည့်ပြီး ရယ်မိသည် နွေးထွေးလွန်းတယ် ချန်းယောလ် သစ်သီးခြင်းတစ်ခြင်းနဲ့လီလီပန်းကို ကိုင်ထားရင်း ဘတ်ခ်ဟျွန်းမားမားကို နှုတ်ဆက်လိုက်သည်

"မင်္ဂလာပါ အမေ နေကောင်းတယ်မလား "

"ဒါပေါ့ အမေတို့နေကောင်းပါတယ် အရင်ဆုံးအိမ်ထဲဝင်ရအောင် "

"ဟုတ်ကဲ့ အမေ "

ချန်းယောလ်ကို ပြုံးပြလိုက်ပြီး ဘတ်ခ်ဟျွန်းမားမား staff တွေကိုလည်း နွေးထွေးစွာကြိုဆိုသည်

"staff တွေလည်း ကြိုဆိုပါတယ် အေးဆေးနေကြပါ "

အိမ်အတွင်းဝင်ရောက်ပြီးမှ ချန်းယောလ်လည်း လက်ထဲမှ နှုတ်ဆက်လက်ဆောင်အဖြစ် သစ်သီးခြင်းနဲ့လီလီပန်းစည်းကို ဘတ်ခ်ဟျွန်းမားမားဆီ ပေးလိုက်သည် ဘတ်ခ်ဟျွန်းပါးပါးကလည်း နွေးထွေးစွာကြိုဆိုပြီး ချန်းယောလ်ကို စကားတွေပြောကာ ဧည့်ခန်းမှာ စကားလက်ဆုံကျနေသည် ဘတ်ခ်ဟျွန်းလည်း မားမားနောက်လိုက်သွားလိုက်ပြီး ကပ်ချွဲနေတော့သည်

ချန်းယောလ်ရဲ့ Luggage ကို ဘတ်ခ်ဟျွန်းသူ့အခန်းထဲမှာပဲ နေရာချခိုင်းလိုက်သည် ဒီနေ့ကစပြီး တစ်ပတ်တိတိ ဘတ်ခ်ဟျွန်း​မိဘအိမ်ကို အလည်အပတ်ပြန်ခြင်းဖြစ်သည် ဘတ်ခ်ဟျွန်း နေရာချပေးပြီးနောက် ရိုက်ကူးရေးအဖွဲ့သားတွေက ချန်းယောလ်နဲ့ ဘတ်ခ်ဟျွန်းမိဘတို့ရဲ့ ပထမဆုံးတွေ့ဆုံမှုကို ရိုက်ကူးခဲ့ပြီး အချိန်အနည်းငယ် ကုန်ချိန်မှာတော့ နောက်ရက်မှ ဆက်လက်ရိုက်ကူးမည်ပြောကာ ပြန်သွားကြသည် ရိုက်ကူးရေးသမားတွေက ချန်းယောလ်တို့ကို အရင်ဆုံးရင်းနှီးပြီးမှ ရိုက်ကူးရန်အလိုရှိသည်ထင်သည် ရိုက်ကူးရေးသမားတွေမသိတာက ချန်းယောလ်က အစတည်းက ဘတ်ခ်ဟျွန်းမိဘတွေနဲ့ရင်းနှီးနေခြင်းကိုပင်

Simple MarriageWhere stories live. Discover now