(25)

300 48 0
                                    

Unicode

ဘတ်ခ်ဟျွန်းမားမားချက်ကျွေးတဲ့
ညစာစားပြီးနောက် ချန်းယောလ် ဘတ်ခ်ဟျွန်းနဲ့အတူ အပေါ်ထပ်သို့ တက်လာခဲ့သည် ကိုယ်လက်သန့်စင်ပြီး ကုတင်ပေါ်တက်ကာ ချန်းယောလ် ဘတ်ခ်ဟျွန်းကိုစောင့်နေလိုက်သည် သိပ်မကြာခင်မှာပဲ
ရေချိုးခန်းထဲကနေ မျက်လုံးတောင်
ကောင်းကောင်းမပွင့်တော့တဲ့
ဘတ်ခ်ဟျွန်းက မျက်လုံးအစုံကို အယားပြေအောင် ပွတ်တိုက်နေရင်း ကုတင်ပေါ်တက်လာခဲ့သည် ချန်းယောလ် ထိုပွတ်တိုက်နေတဲ့လက်အစုံကို ဖမ်းကိုင်လိုက်ကာ မျက်လုံးပွတ်ခြင်းကို ရပ်တန့်စေသည်

"မျက်လုံးတွေနာကုန်မယ်လေ ဘတ်ခ်ဟျွန်းနီရဲ့ "

"ယားနေတယ် ဘယ်လိုလုပ်ရမလဲ "

"ကိုယ်လေနဲ့မှုတ်ပေးမယ် "

ဘတ်ခ်ဟျွန်းလက်တွေကို ချုပ်ကိုထားဆဲချန်းယောလ်က မျက်ခွံအိအိလေးတွေအပေါ် သူ့လက်တစ်ဖက်ဖြင့် ခပ်ဖွဖွထိတွေ့ပေးကာ သူ့နှုတ်ခမ်းဖျားမှ လေအေးအေးလေး ထွက်ပေါ်လာအောင် အလောတကြီးမဖြစ်ပဲ ခပ်ဖြေးဖြေးမှုတ်ပေးလာခဲ့သည် မျက်လုံးတွေမှေးမှိတ်ထားတဲ့ ဘတ်ခ်ဟျွန်းကို ချန်းယောလ်တစ်စိမ့်စိမ့်ကြည့်နေမိသည် တစ်ချက်တစ်ချက် စုကြုံ့သွားတဲ့မျက်ခုံးတန်းတွေက
သူ့ဆီကလေကြောင့် ကြုံ့သွားသလို နှုတ်ခမ်းပါးတစ်စုံကလည်း ပန်းရောင်ထနေကာ စူထော်လာတတ်သည်
ချန်းယောလ် မသိစိတ်ရဲ့လှုံ့ဆော်မှုကြောင့် ဘတ်ခ်ဟျွန်းဆီ တစ်ဖြည်းဖြည်းတိုးကပ်ကာ ပြေပြစ်ပြီးအချိုးကျနတဲ့နဖူးထက် အနမ်းတစ်ပွင့်ခြွေမိလိုက်သည်

ဘတ်ခ်ဟျွန်း နဖူးမှာထိကပ်ထားတဲ့ ခပ်နွေးနွေးနှုတ်ခမ်းထူကြောင့် မျက်လုံးအစုံက ပွင့်လာကာ ထိုမျက်လုံးအတွင်းမှာတော့ အံ့သြရိပ်တွေက အထင်သားဖော်ပြနေသည် ချန်းယောလ်ဖယ်ခွာသွားချိန်အထိ ဘတ်ခ်ဟျွန်း မျက်တောင်မခတ်မိပေ ချန်းယောလ် ဘတ်ခ်ဟျွန်းမျက်နှာကို သူ့လက်ဖဝါးနဲ့ထိကပ်ကာ သူ့ဆီအကြည့်ရောက်စေသည်
ဘတ်ခ်ဟျွန်း ချန်းယောလ်ကို ကြောင်အမ်းအမ်းနဲ့သာကြည့်နေမိသည်

"ဘတ်ခ်ဟျွန်းနီ... ကိုယ်ဘတ်ခ်ဟျွန်းနီကို သဘောကျတယ် ချစ်တယ်ဆိုတဲ့စကားကို အချိန်မတန်သေးလို့ ကိုယ်မပြောချင်ဘူး ဘတ်ခ်ဟျွန်းနီကို ယုံကြည်စေရမယ့်အရာတွေပဲ ကိုယ်ပြသချင်တယ် ယောကျာ်းတစ်ယောက်ရဲ့အချစ်က တစ်ခြားယောကျာ်းတစ်ယောက်အပေါ်မှာ ဖြစ်တည်လာတာမို့ ဘတ်ခ်ဟျွန်းနီ ကိုယ့်ကိုယုံကြည်မယ့်အချိန် ကိုယ်ကဘတ်ခ်ဟျွန်းနီးကို ချစ်တယ်လို့ပြောမယ် "

Simple MarriageWhere stories live. Discover now