(43)

321 40 1
                                    

Unicode

ချန်းယောလ် မားတို့အိပ်ခန်းထဲဝင်လာခဲ့သည် မားက ချန်းယောလ်ငယ်ငယ်က ဝတ်စုံလေးတွေကိုကြည့်ပြီး တရှူံ့ရှူံ့ငိုနေသည် ချန်းယောလ် သက်ပြင်းချလိုက်မိသည်

"မား... "

"ချန်းယောလ် သား... "

"မား...မားလက်ခံဖို့ခက်ခဲမယ်မှန်းသိတယ် "

"..."

မားမားပတ် ချန်းယောလ်ကိုသာ ကြည့်နေတော့သည် သူ့သားက စိတ်မကောင်းစွာသူ့ကို ကြည့်နေသည် သူ့အတွက် သူ့သားသဘောကျနေသူက ယောကျာ်းလေးတစ်ယောက်ဆိုတာ လက်ခံနိုင်ဖို့ ခက်ခဲနေသည်

"မားကို ချက်ချင်းလက်ခံရမယ်လို့ ပြောတာမဟုတ်ပါဘူး ကျွန်တော်တို့က မားလက်ခံပေးမယ့်အချိန်ထိ သက်သေပြသွားပေးမယ်... မားကို အလေးအနက်ထားပြီး စဥ်းစားစေချင်တယ် "

မားမားပတ် မျက်ရည်တွေကိုသုတ်လိုက်ပြီး ချန်းယောလ်ကိုဖက်ထားလိုက်သည်

"မားက ဖြေးဖြေးချင်းစဥ်းစားပါ့မယ် "

"ကျေးဇူးတင်ပါတယ် မား "

"အင်း မားနားဦးမယ်...သားလည်းနားလိုက်ဦး"

"ဟုတ်ကဲ့ နားလိုက်ပါ"

မားမားပတ် အခန်းထဲမှထွက်သွားသည့် သားဖြစ်သူရဲ့ကျောပြင်ကျယ်ကို ကြည့်နေမိသည် မားမားပတ်က သားနဲ့ပတ်သတ်တဲ့ အရာအားလုံးကို အကောင်းဆုံးဖြစ်စေချင်သူမို့ program တွေအထိ သွားရောက်ပေးသူဖြစ်သည် အစားအသောက်ကအစ စီစဥ်ပေးသည် သားဖြစ်သူ We got married ကိုလက်ခံခဲ့တုန်းကလည်း ထိုနည်းတူစွာပင် တွဲဖက်ရိုက်ကူးသူက ယောကျာ်းလေးဖြစ်သည်ကိုသိသော်လည်း ကိုယ့်တူကိုယ့်သားလိုသာ မြင်ခဲ့သည်မို့ အများကြီးမတွေးခဲ့ပေ...

_____________<_____________<____________

'အား...ဒီဟာကဘာလဲ ချန်းယောလ်က ဘတ်ခ်ဟျွန်းကို သွားကြိုတာလား "

'သေပါပြီ ငါ့ကိုရူးအောင်လုပ်နေတာပဲ'

'ဘာလဲ နှစ်ယောက်သားဒိတ်နေကြတာလား... '

'ဒီဟာက program ဖယ်လိုက်ရင် အပြင်မှာ ပထမဆုံးအနေနဲ့ ထွက်လာတဲ့ moment မလား အား...'

Simple MarriageWhere stories live. Discover now