Unicode
ချန်းယောလ် အခန်းထဲဝင်တော့ အစ်ကိုမင်ဆော့နဲ့အတူ လူနာလာမေးသူများက ပြုံးပြကာနှုတ်ဆက်ကြသော်လည်း သူ့ကောင်လေးကတော့ ခပ်စိမ်းစိမ်းအကြည့်သာပေးလေသည် ချန်းယောလ်ကို လောကွတ်စကားတောင်မပြောပဲ ကြည့်ရုံသာကြည့်နေသည်မို့ အခန်းတွင်းလေထုက မှုန်ဝါးဝါးနဲ့ချမ်းစိမ့်လာသည်
မင်ဆော့ အစောပိုင်းတည်းက ဘတ်ခ်ဟျွန်းကိုသတိထားကြည့်နေမိသည် ချန်းယောလ်ဆီ ဖုန်းဆက်ဦးမယ်ဆိုပြီးနောက် မျက်ဝန်းတို့က အပြုံးရိပ်မရှိတော့ပေ အကတိုက်တော့လည်း အာရုံမရှိသည့်အပြင် တစ်ခုခုကိုအပြင်းအထန်စဥ်းစားနေသေးသည် ထို့ကြောင့် ခြေခေါက်လဲခြင်းပင်ဖြစ်သည်
ခြေခေါက်လဲတော့ ချန်းယောလ်ဆီ ဖုန်းဆက်ဖို့ မင်ဆော့လုပ်သော်လည်း ဘတ်ခ်ဟျွန်းက မဆက်ရန် တားဆီးလာသည်ထို့ကြောင့်ပင် မင်ဆော့ မသိမသာနဲ့ဆယ်ဟွန်းဆီ မက်ဆေ့လှမ်းပို့ထားရခြင်းဖြစ်သည်
ဘတ်ခ်ဟျွန်း စိတ်အာရုံကလည်း ခြေခေါက်လဲသည့်အရှိန်နဲ့ နာကျင်နေချိန်တွင်သာ ပြန်လည်ရောက်ရှိလာသည်
ယခုလည်း ချန်းယောလ်ကို ပြုံးပြဖော်မရသည့်အပြင် အေးစက်စက်သာတုံ့ပြန်နေသည် သေချာသည်က ဘတ်ခ်ဟျွန်း
ချန်းယောလ်ကို တစ်ခုခုကြောင့် စိတ်အလိုမကျဖြစ်နေသည်ပင်မင်ဆော့ လူနာလာမေးသူတစ်ချို့ကို အပြင်သို့ဦးဆောင်ခေါ်ကာ အခန်းတွင်း လူနှစ်ယောက်ကိုသာ ထားခဲ့သည် ဆယ်ဟွန်းသည်လည်း မင်ဆော့နောက်ပါသွားသည် ချန်းယောလ် သူ့ကိုအခုထိ ခပ်စိမ်းစိမ်းသာကြည့်နေတဲ့ ကောင်လေးဆီ ချဥ်းကပ်လိုက်သည် သို့သော်လည်း သူချဥ်းကပ်လိုက်သည်နှင့် ဆေးရုံကုတင်ထက် တစ်ဖက်လှည့်ကာ အိပ်သွားသည် တကယ်က ဆေးရုံတက်စရာမလိုသော်လည်း ဘတ်ခ်ဟျွန်း ဘယ်မှမသွားချင်သည်မို့ ဆေးရုံမှာအခန်းယူကာ နေနေခြင်းဖြစ်သည်
ဘတ်ခ်ဟျွန်း မျက်လုံးတို့မှိတ်ထားသော်လည်း နားကိုစွင့်ထားမိသည် အခန်းထဲတွင် ချိုးချိုးချွတ်ချွတ် အသံတို့သာကြားရပြီး ဘာသံမှမကြားရပေ ချန်းယောလ်ရှိနေသည်ကိုတော့ ဘတ်ခ်ဟျွန်းသိသည် ချန်းယောလ်ဆီမှ
ရနံ့ နဲ့ ထိုသို့ချိုးချိုးချွတ်ချွတ်လုပ်မည့်သူက ဒီအခန်းထဲ၌ သူတစ်ယောက်သာရှိလေသည်
YOU ARE READING
Simple Marriage
RomanceZawgyi ဘတ်ခ်ဟျွန်းနီ က နွေးထွေးတယ် ဘတ်ခ်ဟျွန်းနီ က ချစ်ဖို့ကောင်းတယ် ကျနော် ဘတ်ခ်ဟျွန်းနီ ကို ချစ်မိပြီ ထင်တယ် Park Chanyeol ချန်းယောလ်လီ က အရမ်းခန့်ညားတယ် ချန်းယောလ်လီ က ဂရုစိုက်ပေးတယ် ကျနော်လည်း ချန်းေ...