(51)

305 35 0
                                    

Unicode

"အစ်ကို ငါမေးတာသေချာဖြေ...
ချန်းယောလ်နဲ့အစ်ကို တွဲနေတာလား "

'...'

ဘတ်ခ်ဟျွန်း ဂယောင်ဆူးရဲ့  တည့်တိုးဆန်တဲ့မေးခွန်းကြောင့် ဆက်စမည့်စကားတွေက လည်ချောင်းမှာတစ်ဆို့လာပြီး မျက်နှာတစ်ခုလုံး ပူရှိန်းတက်လာကာ ဘာမှပြန်မပြောနိုင်ပဲ  အသံတိတ်နေမိတော့သည် ဘယ်လိုလုပ် ဒီလောက်မြန်မြန်သိသွားရတာလဲဆိုတဲ့ အမေးတွေကလည်း ခေါင်းထဲမှာပြည့်နေသည် သိသွားတော့လည်း တစ်မျိုးကောင်းတာပေါ့ဟုသာ ဘတ်ခ်ဟျွန်းတွေးရင်း 'အမ်း' ဟု မပီမသပြောမိသည်

"တကယ်ပေါ့?...အစ်ကို သူ့ကိုဘာကြည့်ကြိုက်တာလဲ"

ဘတ်ခ်ဟျွန်း ဂယောင်ဆူးမေးခွန်းကြောင့် မျက်လုံးကို ပုတ်ခတ်ပုတ်ခတ်လုပ်မိသည် အဲ့ဒါက သူဘယ်လိုပြောပြရမလဲ သူရဲ့စိတ် သူ့ရဲ့နှလုံးသား အကုန်လုံးကို ချန်းယောလ်ကပဲလွှမ်းမိုးထားတယ်လေ အချိန်ပြည့်အလုပ်တွေ ကြပ်နေချိန်မှာတောင် အနားရရင်ရတဲ့အချိန် ချန်းယောလ်ကို သတိတရနဲ့ ဆက်သွယ်သည်အထိဖြစ်သည်

"အာ...အဲ့ဒါ..."

"မပြောနဲ့တော့ ဒါပဲ! "

သူဘာမှမပြောရသေးခင်မှာပဲ ဂယောင်ဆူးက သူဘာပြောမည်မှန်းရိပ်မိပုံရကာ စိတ်မရှည်စွာ ဖုန်းချသွားတော့သည် ဂယောင်ဆူး ဖုန်းချလိုက်ပြီး ရန်သူအလား ဖုန်းကိုကျစ်ကျစ်ပါအောင်ဆုပ်ကာ မျက်ထောင့်နီဖြင့်စိုက်ကြည့်နေလိုက်သည် ဂယောင်ဆူး သူစိုးရိမ်နေတာကို မပြောမိစေရန် ဖုန်းချလိုက်ပေမယ့် စိတ်ကတော့ ကြည်မနေတော့ပေ သူ(ဂယောင်ဆူး)က ဘယ်လိုလုပ်ပြီး သူ့အစ်ကိုကို စိတ်ညစ်စရာတွေ ဖြစ်စေချင်မှာလဲ ဒါပေမယ့်လဲ ဖြစ်ပြီးသွားပြီဆိုတော့ ဖြစ်လာမယ့်အရာတွေကို တောင့်ခံထားနိုင်ဖို့က သူတို့နှစ်ယောက်နဲ့သာ သက်ဆိုင်သည်မို့ စိတ်ကိုပြင်ဆင်ထားခြင်းက အကောင်းဆုံးဖြစ်သည်

ချန်းယောလ် ငိုင်နေသည့်ဂယောင်ဆူးကိုကြည့်ပြီး ဘာတွေတွေးနေမှန်းခန့်မှန်းမိလိုက်သည် ထိုအရာတွေက သူနဲ့ဘတ်ခ်ဟျွန်းနီ ဖြတ်ကျော်ရမှာသေချာသည်မို့ သက်ပြင်းသာချလိုက်မိသည် နှစ်ယောက်လုံး ထိုအရာနဲ့ပတ်သတ်ပြီး ရင်ဆိုင်ရမှာမို့ မစိုးရိမ်ဖူးပြောရင် လိမ်ရာကျမည်ပင် ချန်းယောလ် လောလောဆယ် ဘာမှမတွေးတောချင်တာမို့ ဂယောင်ဆူးကို အတွေးကမ္ဘာထဲမှ ဆွဲထုတ်လိုက်သည်

Simple MarriageWhere stories live. Discover now