(6)

442 67 0
                                    

Unicode

'We got Married တွင် ပါဝင်ဖို့ အဆိုတော် ဗြောင်ဘတ်ခ်ဟျွန်း နဲ့ ပတ်ချန်းယောလ် တို့အား ကမ်းလှမ်းခြင်းခံရ'

'လက်မခံပါနဲ့ မခံစားနိုင်ဘူး ဗြောင်ရေ ...'

'မိန်းကလေးနဲ့တွဲတွေ့ရမှာ Drama ရိုက်တာထက်ဆိုးတယ် လက်မခံပါနဲ့'

'ဗြောင်ဆုံးဖြတ်တာ လက်ခံပေးမှာပါ'

တငိုငိုတရယ်ရယ်နဲ့ SNS မှာ ဂယက်ရိုက်နေပြီး  ငိုယိုနေတဲ့သူတွေအများကြီးက ဗြောင်ဘတ်ခ်ဟျွန်း ရဲ့ Fan တွေပင် တစ်ဖက်မှ ပတ်ချန်းယောလ် Fan များမှာလည်း

'မဖြစ်ဘူး ချန်ယောလ်လီ လက်မခံပါနဲ့ ငါငိုမိမယ်ထင်တယ် '

'မိန်းကလေးနဲ့အတူ တွဲမမြင်နိုင်ဘူး မလုပ်ပါနဲ့ ယောလ်လီ '

'မင်းဆုံးဖြတ်တာမှန်သမျှ လက်ခံပေးပါ့မယ် ကြိုးစားပြီး ချစ်ပေးပါ့မယ် '

ဒီဟာကတော့ ပတ်ချန်းယောလ် Fan တွေရဲ့ ငိုကြွေးသံတွေပင်

Fan ဆိုတဲ့အမျိုးကတော့ ကောင်းတဲ့သူတွေရှိသလို တစ်ဖက်ပိတ်တွေလည်းရှိသည် အောင်မြင်မှုကို stan တဲ့သူများလည်းရှိသည်

'SM comfirmed တဲ့ '

'အား... နှစ်ယောက်လုံးလား SM ရေ ငါတို့ကိုရူးအောင်လား '

'နှစ်ယောက်လုံးလက်ခံလိုက်တာလား ငါ့အသဲတွေ ကွဲပါပြီ '

'ငါအခုထိလက်မခံနိုင်သေးဘူး သူတို့နှစ်ယောက်ကိုတော့ အားပေးမှာပါ ငါဘယ်သူ့ကိုရွေးရမှာလဲ ရွေးရခက်ကုန်ပြီ '

'ဟဲ့ SM comfirmed ပုံကြီးကဘယ်လိုကြီးလဲ -EXO ရဲ့ unit ခွဲဖြစ်တဲ့ CBX နှင့် SC မှ  ​ဗြောင်ဘတ်ခ်ဟျွန်း နဲ့ ပတ်ချန်းယောလ် တို့နှစ်ယောက်ဟာ We got Married တွင် ပါဝင်ရိုက်ကူးသွားမည်မှာ အမှန်ဖြစ်ကြောင်း အတည်ပြုပါတယ် သူတို့နှစ်ယောက် အတူရိုက်ကူးမှုကို လက်ခံပေးကြမယ်လို့မျှော်လင့်ပါတယ်တဲ့ -
ဘာလဲ အတူဆိုတာကို ဘာလို့ထည့်တာလဲ ဘာကိုလက်ခံရမှာလဲ ငါတို့လက်မခံရင်တောင် ပြောခွင့်ရှိတာမှမရှိတာ Program က ပြောင်းထားတာလား'

'ကျန်တဲ့ အတွဲနဲ့ မိန်ကလေးတွေ ဘယ်သူလည်း သိကြလား သိရင်ပြောကြဦး ရှာလို့မတွေ့လို့ '

Simple MarriageWhere stories live. Discover now