Unicode
သတင်းထောက်က တိုက်ခန်းအတွင်းကနေ ပြန်ထွက်လာတဲ့ ဘတ်ခ်ဟျွန်းကိုတွေ့တော့ ကင်မရာနဲ့ဓာတ်ပုံရိုက်ယူထားလိုက်သည် နာရီဝက်တောင်မရှိသည့်အချိန်မှာ ပြန်ထွက်လာတာမို့ နည်းနည်း စိတ်ပျက်သွားသည် အလာတုန်းကကဲ့သို့ ပုံစံမပျက်ပြန်ထွက်လာတာမို့ သတင်းထောက်က ဘတ်ခ်ဟျွန်း တိုက်ခန်းလာကြည့်တာလို့ပဲ ထင်လိုက်သည်
"Aigooo သတင်းထောက်ဖြစ်ရတာ အဆင်မပြေလိုက်တာ သူများအကြောင်း စပ်စုပြီး...ခဏလေး"
သတင်းထောက်က ဓာတ်ပုံကိုချဲ့ကြည့်ရင်းက တစ်စုံတစ်ရာကို သတိထားမိလိုက်သည် သို့သော်လည်း သေချာမကြည့်မိခင် ချန်းယောလ်ထွက်လာတာမို့ ကင်မရာအမြန်ချိန်ကာ ဓာတ်ပုံရိုက်ယူထားရသည် သတင်းထောက်ရဲ့မျက်လုံးတွေက ရွှင်မြူးရိပ်သန်းနေကာ ကောက်ကျစ်ဟန်တွေကအပြည့်ပင် တစ်ခုခုကတော့ ရက်ပိုင်းအတွင်း ထွက်လာမည်ပင်
ဘတ်ခ်ဟျွန်း အယ်လ်ဘမ်ပြင်ဆင်နေတုန်းမို့ ညပိုင်းဖြစ်လည်း အမြန်ပြန်သွားရသည် လည်ပင်းဆီမှ ကိုက်ရာတွေကိုလည်း မိတ်ကပ်ပါးပါးနဲ့ မသိသာအောင်ဖုံးကွယ်ထားရသည် ချန်းယောလ်ကတော့ ခဏနေမှ ပြန်မည်မို့ သူနဲ့အတူလိုက်ဆင်းမလာပေ ဘတ်ခ်ဟျွန်း တိုက်ဝန်းထဲကမထွက်ခင် ဘေးဘယ်ညာကိုတစ်ချက်ကြည့်ကာ စိတ်ချရပြီဆိုမှ ထွက်လာခဲ့သည် ဓာတ်ပုံရိုက်ယူခံလိုက်ရတာကိုတော့ ဘတ်ခ်ဟျွန်းမသိတော့ပေ ချန်းယောလ်သည်လည်း ဘတ်ခ်ဟျွန်းနည်းတူ ဓာတ်ပုံရိုက်ယူခံလိုက်ရတာကို မသိလိုက်ပေ
(နောက်မှရှေ့အဆက်ကို ဆက်ပါ့မယ် ဟီး)အချိန်တွေကကြာလာတာနဲ့အမျှ တစ်ပတ်ဆိုတာက ခဏလေးနဲ့ကုန်ဆုံးသွားသည် ဆယ်ဟွန်းနဲ့ခါအီသည်လည်း အချစ်စမ်းရင်း တည့်လိုက်မတည့်လိုက် ရန်ဖြစ်ပြန်ချစ်ဂိမ်းကို အပတ်တိုင်းနီးပါး ဆော့ကစားနေကြသည် အကြောင်းအရာ မယ်မယ်ရရမရှိပဲ သေးသေးမွှားမွှားကအစ လိုက်လံမေးကာ မကျေမနပ်စကားကို ကြားမိလျှင် ချက်ချင်းပင် ရန်ဖြစ်ပြန်ချစ်ဂိမ်းကို ကစားတော့သည် နာရီဝက်ကျော်တစ်နာရီနီးပါးလောက်ကြာလျှင်တော့ စိတ်ဆိုးပြေကာ အရင်လိုတပူးပူးတတွဲတွဲပြန်ဖြစ်သွားသည်
YOU ARE READING
Simple Marriage
RomanceZawgyi ဘတ်ခ်ဟျွန်းနီ က နွေးထွေးတယ် ဘတ်ခ်ဟျွန်းနီ က ချစ်ဖို့ကောင်းတယ် ကျနော် ဘတ်ခ်ဟျွန်းနီ ကို ချစ်မိပြီ ထင်တယ် Park Chanyeol ချန်းယောလ်လီ က အရမ်းခန့်ညားတယ် ချန်းယောလ်လီ က ဂရုစိုက်ပေးတယ် ကျနော်လည်း ချန်းေ...