(27)

350 48 2
                                    

Unicode

"ချန်းယောလ် ငါ့ကိုပြန်လိုက်ပို့ပါလား ငါတစ်ယောက်တည်းမပြန်ချင်လို့... "

ဆူဟီး သူ့စိတ်ကိုထိန်းကာ ဒီကနေအရင်ထွက်သွားဖို့လိုနေသည် မဟုတ်ရင် ဘယ်လိုမှစိတ်မထိန်းနိုင်ပဲ တစ်ခုခုလုပ်မိမှာစိုးရသည်

"ငါလုပ်စရာရှိသေးတယ်
ကိုယ့်ဟာကိုယ်ပြန်...
အစ်မ နင်ကောပြန်တော့မလား "

"ချန်းယောလ်~~ "

ဆူဟီး ချန်းယောလ်ကို အံသြသင့်စွာ ခေါ်လိုက်မိသည်

"ဟင့်အင်း...မပြန်သေးဘူး ဆယ်ဟွန်းနီက ငါ့မတ်လေးနဲ့မိတ်ဆက်ပေးမယ်တဲ့ ဟီးဟီး..."

ဆူဟီး ယူရာ့ကိုမုန်းတီးစွာ မျက်ထောင့်နီနဲ့  ကြည့်လိုက်သည် ယူရာသည်လည်း သူ့ကိုကြည့်နေသည့်ဆူဟီးကို မဲ့ရွဲ့ပြလိုက်သည် နဂိုထဲက သဘောမကျသည်မို့ ယူရာ့အတွက် ဆူဟီးနဲ့ အတူရှိနေရတာ အဆင်မပြေပေ Shopping ထွက်တော့လည်း ချန်းယောလ်ကို ဇွတ်ဆွဲပြန်သည် ထို့ကြောင့် ယူရာ အားကုန်သုံးပြီး  ချန်းယောလ်ကို ဆွဲထုတ်ရသည်

'တောက်... စောင့်ကြည့်နေလိုက် ချန်းယောလ်ကငါ့အတွက်ပဲဖြစ်ရမယ် '

ဆူဟီး စိတ်ထဲမှာ ကြိမ်းမောင်းနေကာ စားပွဲဝိုင်းမှ ထထွက်လာခဲ့သည် လက်သီးတင်းတင်းဆုပ်ကာ တစ်ကိုယ်လုံးကလည်း တဆတ်ဆတ်တုန်ရင်နေတော့သည်

ထိုအချိန်မှာပင် ဘတ်ခ်ဟျွန်းသည် သန့်စင်ခန်းသွားမည်ဟူ၍ ထထွက်လာချိန်တွင် ဆူဟီးနဲ့ တွေ့ဆုံသည်   တစ်ယောက်နဲ့တစ်ယောက် တိတိကျကျမြင်ဖူးထားခြင်းမရှိသည့်အပြင် ဘတ်ခ်ဟျွန်းက ဆူဟီးရှေ့မှာရှိနေသည် ပုံမှန်လေးလမ်းလျှောက်ပြီး ဖုန်းသုံးနေသည့် ဘတ်ခ်ဟျွန်းကို ဆူဟီးသည် အရေးမစိုက်ပေ ပြီးနောက် ဆူဟီး ဘတ်ခ်ဟျွန်းကို ထင်မိသည်က သူ့ကို သဘောကျနေသည့်သူတွေထဲက တစ်ယောက်ဟုပင်... သူမအာရုံစိုက်မှုကိုရယူရန် ထိုနည်းလမ်းများအသုံးပြုသည့်သူတွေက အများကြီးရှိနေသောကြောင့် ဂရုမစိုက်စွာပဲနေလိုက်သည်

ရှေ့နောက်ဖြစ်နေသည့်အနေအထားမှာ အေးဆေးလမ်းလျှောက်နေသည့်
ဘတ်ခ်ဟျွန်းကို ဆူဟီး စိတ်မရှည်ဖြစ်ပြီး တွန်းတိုက်ကာ တံခါးတွန်းဖွင့်လိုက်သည်
တွန်းတိုက်မှုက အားမပါသော်လည်း ဖုန်းကြည့်နေသည့် ဘတ်ခ်ဟျွန်းအတွက်ကတော့ ယိုင်နဲ့သွားဖို့ရန် လုံလောက်သည် ထို့နောက် အရှိန်ပြင်းပြင်းနဲ့ ပြန်ပိတ်လာသည့်တံခါးသည် ယိုင်နဲ့သွားသည့်ခန္ဓာကိုယ်ကို ထိန်းချုပ်ရန် ကြိုးစားနေသည့်ဘတ်ခ်ဟျွန်းနဲ့ မိတ်ဆက်သွားရသည်

Simple MarriageWhere stories live. Discover now