(15)

321 37 2
                                    

Unicode

မနက်ခင်း စောစော ၇ နာရီခန့်တွင် ဘတ်ခ်ဟျွန်း အိပ်နေရာမှ အုန်းလွဲ(ဦးလွဲတာ)နေတယ်လို့ ခံစားလိုက်ရတာမို့ မျက်လုံးတွေမဖွင့်ချင်ဖွင့်ချင်နဲ့ ပွင့်လာခဲ့သည် မျက်လုံးဖွင့်ဖွင့်ချင်း ချွန်သယောင် စလုတ်(Adam's Apple) ကို မြင်တွေ့လိုက်ရသည် အသင့်အတင့်ရှိနေတဲ့ စလုတ်ပိုင်ရှင်က ဘယ်သူဆိုတာ တွေးနေစရာပင်မလိုတော့ပေ
ဘတ်ခ်ဟျွန်း ကိုယ်အိပ်ပျော်နေတာ ချန်းယောလ်ရင်ခွင်ထဲဆိုတဲ့အသိကြောင့် ရှက်ရွံ့သွားရသည် သို့သော်လည်း အုန်းလွဲနေသည်မို့ ထလို့မရနိုင်ပေ ဘတ်ခ်ဟျွန်း 'လက်မောင်းပေါ်အိပ်ရတာ ထင်သလောက်အဆင်မပြေဘူးပဲ' ဟုပင် တွေးမိလိုက်သေးသ်

ဘတ်ခ်ဟျွန်း မျက်လုံးတွေက ထိုစလုတ်ကိုကြည့်လိုက် မျက်လုံးကိုကစားလိုက်နဲ့ တံတွေးခဏခဏမျိုချနေရသည် တံတွေးမျိုချနေတယ်ဆိုတာကလည်း တစ်ခြားကြောင့်တော့မဟုတ် ချန်းယောလ်နိုးလာမှာကြောက်နေလို့ပင်
ဘတ်ခ်ဟျွန်း အခုထိ သူ့ခေါင်းကလှည့်လို့တောင်မရသေးပေ အုန်းလွဲနေတာ အတော်ခံရခက်သည် ထို့ကြောင့် ဘတ်ခ်ဟျွန်း ချန်းယောလ်ရဲ့လက်မောင်းပေါ် ခေါင်းအုံးထားတာမို့ ပိုမလှုပ်နိုင်ဖြစ်နေရသည်

ဘတ်ခ်ဟျွန်း အုန်းလွဲတာ နည်းနည်းခံနိုင်ရည်ရှိလာမှ သူ့ခေါင်းကို အသာအယာတစ်ချက် အပေါ်သို့ရွေ့လိုက်သည် ရွေ့ပြီးပြီးချင်းပင် မျက်စိရှေ့ရောက်လာတဲ့ ချန်းယောလ်ရဲ့မျက်နှာမှ နှာတံလေးကိုကြည့်နေမိသည် အသေးစိတ်တစ်ခုချင်းစီကြည့်မိတာမို့ နှာတံညာဘက်နားလေးက မှဲ့နက်လေးက ဘတ်ခ်ဟျွန်း အာရုံကိုဖမ်းစားသွားခဲ့သည်
ဘတ်ခ်ဟျွန်း လက်ကိုအသာမြောက်ကာ မှဲ့လေးကို ထိကြည့်ဖို့လုပ်နေတုန်းပင် ချန်းယောလ်က လှုပ်လှုပ်ရှားရှားဖြစ်လာသည်

ဘတ်ခ်ဟျွန်း လန့်သွားပြီး လက်ကိုအမြန်ချကာ အိပ်ချင်ယောင်ဆောင်ဖို့ မျက်လုံးကိုအသာအယာ ပိတ်ထားလိုက်တော့သည်

ချန်းယောလ် မျက်လုံးအစုံကိုဖွင့်ကာ သူ့လက်မောင်းထက်မှာ အိပ်ပျော်နေတဲ့ကောင်လေးကို နှစ်ခြိုက်စွာ ကြည့်နေမိတော့သည်

Simple MarriageWhere stories live. Discover now