Unicode
'ချန်းယောလ်လီ ဒါလေး...ချန်းယောလ်လီ အဲ့ဒါလေးကောင်းတယ် ချန်းယောလ်လီ ဒီဟာကမိုက်တယ်... ချန်းယောလ်လီ... ချန်းယောလ်လီ... ချန်းယောလ်လီ... '
ကုန်တိုက်မှာ သူကြိုက်တဲ့ဟာတွေကို လက်ညိုးထိုးမလွဲ ချန်းယောလ်ကို ထိုးပြကာ သူစားချင်တာကို သွယ်ဝိုက်ပြီး ပြောနေသည့်ဘတ်ခ်ဟျွန်းက တကယ်ချစ်စရာပင် တွန်းလှည်းထဲမှာလည်း ဘတ်ခ်ဟျွန်း ကြိုက်တတ်တဲ့ အစားအသောက်တွေနဲ့သာ ပြည့်နှက်နေတော့သည်
အခုလည်း ကောင်တာမှာပစ္စည်းတွေတင်ပြီး ပိုက်ဆံရှင်းဖို့ တွက်တာမကြည့်နိုင်ပဲ ဘတ်ခ်ဟျွန်းကိုလိုက်ကြည့်နေရသည် စတော်ဘယ်ရီစားချင်တယ်ဆိုပြီး စတော်ဘယ်ရီသီးရှိမယ့် အသီးအနှံတန်းဘက်ကို ရောက်သွားသည့် ဘတ်ခ်ဟျွန်းကို စိတ်မချနိုင်စွာ လှမ်းကြည့်နေရသည်လေ လုံးလုံး လုံးလုံး နဲ့ပြေးလာတဲ့ကောင်လေးက တစ်ယောက်တည်းကျန်ခဲ့မှာကြောက်နေသည်ထင် စတော်ဘယ်ရီသီးဗူးသုံးဗူးကို လက်ကကျစ်နေအောင်ကိုင်ကာ ချန်းယောလ်ဆီပြေးလာသည်
ဘတ်ခ်ဟျွန်း မျက်လုံးတွေမှိတ်သည်အထိ ချန်းယောလ်ကို ရယ်ပြလိုက်သည် ဘတ်ခ်ဟျွန်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် တွက်ချက်တာပြီးသွားသည်မို့ ချန်းယောလ် ကဒ်ထုတ်ရှင်းလိုက်သည်
အိတ်နှစ်အိတ်မို့ ချန်းယောလ် တစ်ယောက်တည်းသယ်လာခဲ့သည် ဘတ်ခ်ဟျွန်းက သယ်ကူမယ်ပြောတာမို့ ချန်းယောလ် သိပ်မလေးဘူးထင်ရတဲ့ တစ်အိတ်ကိုပေးလိုက်တော့ သူ့ကိုပြုံးပြလာသည်
ကုန်တိုက်ကအထွက် အစ်ကိုဟီချောနဲ့တွေ့တာမို့ နှုတ်ဆက်လိုက်သည်
"အစ်ကိုဟီချော ဘာလာဝယ်တာလဲ "
တစ်အားသွက်သည့် ဘတ်ခ်ဟျွန်းကပဲ မေးလိုက်သည်
"အင်း ဘာလဲ နှစ်ယောက်သား ချိန်းတွေ့တာလား "
ဟီချောရဲ့ စနောက်တဲ့စကားမှာ ချန်းယောလ် အားရပါးရရယ်လိုက်ပြီး ပြန်ဖြေလိုက်သည်
"ဟုတ်ကဲ့ အစ်ကို ချိန်းတွေ့နေကြတာ "
ချန်းယောလ်ရဲ့စကားကြောင့် ချန်းယောလ်နဲ့အတူ ဟီချောပါ တစ်အားကိုရယ်မောလာခဲ့သည် မရယ်နိုင်သူကတော့ ဘတ်ခ်ဟျွန်းပင် ချိန်းတွေ့နေသည်လို့ဖြေလိုက်သည့် ချန်းယောလ်ကြောင့် ရှက်နေရပြီး ခပ်တိုးတိုးလေးသာ လိုက်ရယ်မောနိုင်သည်
YOU ARE READING
Simple Marriage
RomanceZawgyi ဘတ်ခ်ဟျွန်းနီ က နွေးထွေးတယ် ဘတ်ခ်ဟျွန်းနီ က ချစ်ဖို့ကောင်းတယ် ကျနော် ဘတ်ခ်ဟျွန်းနီ ကို ချစ်မိပြီ ထင်တယ် Park Chanyeol ချန်းယောလ်လီ က အရမ်းခန့်ညားတယ် ချန်းယောလ်လီ က ဂရုစိုက်ပေးတယ် ကျနော်လည်း ချန်းေ...