(42)

320 43 0
                                    

Unicode

"ဦးလေးတို့လည်းသိမှာပါ
ကျွန်တော့်အလုပ်က idol ဆိုတာကို... ဒီအလုပ်ကအထိအခိုက်မခံပါဘူး ကျွန်တော်ကလည်း အထိအခိုက်မခံနိုင်ပါဘူး ကျွန်တော် ဒီလိုနေရာရောက်အောင် အများကြီးကြိုးစားခဲ့ရတာ... ဒီလိုအကြောင်းအရင်းကြောင့်နဲ့တော့ ကျွန်တော့်ကြိုးစားမှုတွေကို အပျက်စီးမခံနိုင်ပါဘူး "

"မောင်ရင်ပြောချင်တာကို ဦးလေး နားလည်ပါတယ် ပြီးတော့ စေ့စပ်ပွဲနဲ့ပတ်သတ်ပြီး ငြင်းထားတယ်လို့ပြောလိုက်တာလား "

"ဟုတ်ကဲ့ အစတည်းက ကျွန်တော်
ငြင်းထားပြီးသားပါ..."

ချန်းယောလ် တိတိကျကျ နောက်တစ်ခေါက်ထပ်ဖြေပေးလိုက်သည် ထိုအခါမှာတော့ ဆူဟီးအဖေက မိန်းမဖြစ်သူဘက်ကို တစ်ချက်ကြည့်လိုက်သည် ဆူဟီးအမေကတော့ မျက်နှာချင်းမဆိုင်ရဲစွာ တစ်ဖက်လှည့်ထားသည် ဆူဟီးအဖေ  ချန်းယောလ်တို့မိသားစုကို ပုံမှန်အတိုင်းပင် အပြုံးနဲ့နှုတ်ဆက်လာသည်

"ဟုတ်ပြီ ဦးလေးမိန်းမက နားလည်မှုလွဲတာထင်တယ် စိတ်မပူပါနဲ့... ဦးလေးလည်း မင်းကိုငယ်ငယ်လေးတည်းက ထိန်းကျောင်းလာတာ...မင်းစိတ်ဓာတ်ကို ဦးလေးသိပါတယ်...အဲ့ဒါဆိုရင် ကျွန်တော်ပြန်ဦးမယ် အမေ...ငါသွားပြီ ချန်းယောလ်အဖေ "

ဆူဟီးအဖေက ချန်းယောလ်အဖွားကိုပါမချန် နှုတ်ဆက်လိုက်သည် ချန်းယောလ်အဖွားကတော့ ဆူဟီးအဖေကိုပင် တုံ့ပြန်စကားမဆိုနိုင်ပဲ မျက်နှာကတင်းမာနေသလို ချန်းယောလ်အမေသည်လည်း မျက်နှာပျက်နေသည်
ထိုအခါ ဆူဟီးသည်လည်း အဖေဖြစ်သူ၏ မျက်နှာကြောကြောင့် မျက်စိမျက်နှာပျက်စွာနဲ့ အမေဖြစ်သူကို အကူအညီတောင်းတော့သည်

"မား လုပ်ပါဦး... ပါးကိုကူပြောပေးပါဦး "

"ယောကျာ်း ဆူဟီးအဖေ ကလေးတွေကိစ္စက..."

"မင်းတို့နှစ်ယောက်လုံး ပါးစပ်ပိတ်ထားကြ"

ဆူဟီးအဖေရဲ့ အေးစက်မာကျောနေတဲ့လေသံအရ စိတ်တိုနေပြီမှန်းသိသာလှသည် ဆူဟီးအမေလည်း ဘာမှဆက်မပြောနိုင်ပဲ တိတ်ဆိတ်စွာပင် ရှိနေရသည် ပါးပါးပတ်လည်း မနေသာတော့ပဲ ဝင်ပြောလာသည်

Simple MarriageWhere stories live. Discover now