(20)

330 45 2
                                    

Unicode

ည ၁၀ နာရီခန့်တွင်
Staff တွေက ပစ္စည်းတွေသိမ်းကာ ရိုက်ကွင်းအပြီးသတ်နေကြတော့သည် ချန်းယောလ်နဲ့ဘတ်ခ်ဟျွန်း သူတို့ကိုစောင့်နေသည့် သူတွေဆီကို မိဘတွေကို ပို့ဆောင်ပြီးပြန်လာခဲ့သည်

'မားမား နဲ့ ပါးပါးက ဘယ်လိုသိပြီးရောက်လာတာလဲ ခါအီပြောလိုက်တာများလား'

လမ်းလျှောက်ရင်း ဘတ်ခ်ဟျွန်း
အတွေးတွေကလွှင့်နေသည်

"ဘတ်ခ်ဟျွန်းနီ... "

"ဟင်...အင်း...ချန်းယောလ်လီ ဘာလို့လဲ "

"မဟုတ်ပါဘူး ဘတ်ခ်ဟျွန်းနီ ပင်ပန်းနေရင် အရင်ဆုံးပြန်မလားလို့ မေးမို့ပါ တစ်ခြားတော့မဟုတ်ပါဘူး "

"ချန်းယောလ်လီနဲ့အတူတူ ပြန်မယ်လေ အစ်ကိုတို့လည်း ရှိသေးတယ်ဆိုတော့ နှုတ်ဆက်ဦးမယ် "

နှစ်ယောက်သား စကားပြောနေရင်းပင် ဘောလုံးကွင်းထဲ ရောက်ရှိလာတော့သည်

"ဟေး...မင်္ဂလာပွဲကိုဂုဏ်ပြုပါတယ် "

"မင်္ဂလာပွဲကိုဂုဏ်ပြုပါတယ် !!! "

ဘောလုံးကွင်းထဲရောက်ပြီး အစ်ကိုတွေရှိရာကို ခြေကြွတော့ ဟိန်းထွက်လာတဲ့  အစ်ကိုယွန်းဟိုရဲ့
ဂုဏ်ပြုသံနောက်မှာ ကျန်တဲ့သူတွေကပါ လိုက်လံအော်ဟစ်လာသည်

ချန်းယောလ် ဂုဏ်ပြုသံတွေကြောင့် ပါးချိုင့်ကြီးထင်းနေတဲ့အထိ အားပါးတရ ပြုံးမိသည် ဘတ်ခ်ဟျွန်းကတော့ ပါးမို့မို့နှစ်ဖက်မှာ အနီရောင်လေးက ခပ်ပြေပြေလေးဖြစ်နေသည် အသက်အကြီးဆုံးတွေဖြစ်တဲ့ အစ်ကိုချန်းမင် အစ်ကိုယွန်းဟို နဲ့ အစ်ကိုဟီချောအပါအဝင် အစ်ကိုရှီဝမ်ရှိရာကို ချန်းယောလ် ဘတ်ခ်ဟျွန်းရဲ့ကျောကို အနည်းငယ်ပွတ်ပေးရင်း ထိုဝိုင်းသို့ အရင်သွားလိုက်သည်

"အစ်ကိုတို့ ဘယ်လိုလုပ်ရောက်လာတာလဲ ကျွန်တော်တို့ တကယ်လန့်သွားခဲ့တာ "

ချန်းယောလ်အပြောမှာ အခြားဝိုင်းကသူတွေပါ ရယ်မောလာခဲ့သည်

"တကယ်တော့ ငါတို့လည်းမသိခဲ့ဘူး ဒါပေမယ့် တစ်နေ့က မင်ဆော့နဲ့ဂူဟွန်းက အရက်သောက်ရင်း ငါ့ပါခေါ်လို့သွားရင်းက သိလာခဲ့တာ "

Simple MarriageWhere stories live. Discover now