(26)

291 39 0
                                    

Unicode

"ဟီးဟီး...အစ်ကို့ကိုတွေ့လိုက်လို့ ဝင်လာတာ
အစ်ကိုခါအီကလည်း ကျွန်တော်တို့ကိုတော့မခေါ်ဘူး "

ထယ်ယုံး ခါအီကို ပြောနေရင်း ဘတ်ခ်ဟျွန်း ညာဘက်မှာဝင်ထိုင်လိုက်သည် Super M မှာရင်းနှီးသည်မို့ ထယ်ယုံး ခါအီနဲ့စကားပြောရတာ အရင်ကထက်ပိုအဆင်ပြေလာသည် SM အပေါ်မှာ အရင်လိုစည်းကမ်းတွေကို မလိုက်နာပဲ လုပ်ချင်ရာလုပ်ကာ ပိုပြီးလည်းရဲတင်းလာသည်
(baby လက်ထွက်မို့ပါ 😞)

"ငါမခေါ်တာ အစ်ကို့ရဲ့ကတိပြီးမြောက်အောင် ကူညီနေတာကွ "

"Bubu!!! အစ်ကိုဘတ်ခ်ဟျွန်း မင်္ဂလာပါ "

ထယ်ယုံးကိုခေါ်ရင်း
နောက်ကနေ ချွေးစို့စွာပြေးလာသည့် ဂျယ်ဟျွန်းနဲ့အတူ
Ten ကိုပါတွေ့လိုက်ရသည်
(Stage name ပဲသုံးပါမယ် နာမည်ရင်းကျ နှစ်ခါရေးပေးနေရလို့ပါ)

"အော...ဂျယ်ဟျွန်း Ten ဘယ်လိုဖြစ်လာကြတာလဲ ချွေးတွေစို့နေတာပဲ ထိုင်ကြလေ..."

ဂျယ်ဟျွန်းနဲ့Tenကို ဂရုတစိုက်နဲ့ ထိုင်ခိုင်းပြီး ဘတ်ခ်ဟျွန်း မောနေသည့်သူတွေအတွက် ရေအရင်မှာပေးကာ စကားပြောနေသည် ချန်းယောလ် မျက်လုံးပြူးကြည့်နေသည့်အပြင် မျက်မှောင်ကြုံ့ပြီးပါ ဘတ်ခ်ဟျွန်းကို ကြည့်နေသည် ဘတ်ခ်ဟျွန်းဘေးမှာထိုင်ကာ ဘတ်ခ်ဟျွန်း လက်မောင်းကိုဆွဲထားတဲ့ ထယ်ယုံးကိုပါ ကြည့်နေသည်ဆို ပိုမှန်မည်ဆိုရမည်ဖြစ်သည် ဂျယ်ဟျွန်းနဲ့Ten ခါအီနဲ့ဘတ်ခ်ဟျွန်းကြားထဲက နေရာလွတ်နှစ်ခုမှာ ဝင်ထိုင်လိုက်ပြီးနောက် ဂျယ်ဟျွန်းကစကားစလာသည်

"အစ်ကို့ကိုတွေ့လိုက်လို့ဆိုပြီး အစ်ကိုထယ်ယုံးက ပြေးသွားတာ အဲ့ဒါကျွန်တော်နဲ့Tenပါ နောက်ကပြေးလိုက်ရရောပဲ "

"ရော်...ဘာလို့ပြေးလာတာလဲ
ထယုံးလေးက(ထုံး)... အစ်ကို့ကို ဖုန်းဆက်လိုက်ရောပေါ့... "

အလှမ်းဝေး​ေသာ်လည်း ကားနေတဲ့နားတွေကိုပိုစွင့်ကာ
ချန်းယောလ် တစ်ဖက်စားပွဲသို့ အာရုံစိုက်နားထောင်နေသည် ခပ်ငယ်ငယ်ကောင်လေးကို
အလိုလိုက်သည့်ဘတ်ခ်ဟျွန်းကြောင့် ချန်းယောလ်မျက်ခုံးတွေက ပိုပိုစုကြုံ့လာသည် ချစ်စနိုးနဲ့နာမည်တောင် ပြောင်းခေါ်လိုက်သည့် ဘတ်ခ်ဟျွန်းကို အလိုမကျစွာပင် ချန်းယောလ် ပိုစိုက်ကြည့်လိုက်သည် ဘယ်လောက်ပဲ ဂျူနီယာဆိုဆို ပတ်ချန်းယောလ် မကြည်တော့ပါ

Simple MarriageWhere stories live. Discover now