Unicode
ပွဲဆက်တွေက အချိန်နည်းနည်းကြာတော့ ငြိမ်သွားသည် ထို့အတူ ဖန်တွေကလည်း စိတ်ထဲမှာ စိတ်ပူနေပေမယ့် ဘာမှမဖြစ်သလို ပုံမှန်အတိုင်းသာ ပြုမူကြသည် ကွန်ဒိုတိုက်ဝန်းထဲဝင်သွားတဲ့ကိစ္စက အတော်လေးနာမည်ကြီးသွားတာမို့ ဆူဟီးသည်လည်း ချွင်းချက်မဟုတ် သိရှိသူတစ်ယောက်ပင် ဖြစ်သည်
ဆူဟီး ထိုအကြောင်းအရာတွေကိုပဲ ခဏခဏမြင်တွေ့နေတော့ နဂိုမနာလိုတဲ့စိတ်အခံကပိုထကြွလာကာ မလုပ်သင့်တဲ့အရာတွေကိုလုပ်ဆောင်ဖို့ တွန်းအားပေးခံရသလိုဖြစ်လာတော့သည်ထို့အပြင် ဆူဟီးကိုပိုဆိုးစေတာက
ထိုကိစ္စကို ချန်းယောလ်နဲ့ဘတ်ခ်ဟျွန်းဘက်မှ ငြင်းဆိုခြင်းမပြုတာဖြစ်သည် ထို့အတူ ကုမ္ပဏီဘက်မှ ငြင်းဆိုနိုင်ရဲ့နဲ့ ငြင်းဆိုဖို့မလုပ်နိုင်ဖြစ်နေသည် ကုမ္ပဏီဘက်မှ ဖိအားပေးကာလုပ်လျှင် ရသော်လည်း ချန်းယောလ်တို့က ကုမ္ပဏီကို မထိခိုက်စေရဘူးလို့ အာမခံထားသည်မို့ ဘာမှမလုပ်တော့ခြင်းဖြစ်သည်ချန်းယောလ်နဲ့ဘတ်ခ်ဟျွန်း တက်လာတဲ့သတင်းတွေကို မကြည့်ပဲ လျစ်လျူရှူကာ အိပ်ယာထက်လှဲနေကြသည် တစ်တောင်တောင်မြည်နေတဲ့အသံတွေကို မကြားချင်တာမို့ ဖုန်းတွေလည်း စက်ပိတ်ထားကြသည် သို့ပေမယ့် မိဘတွေကိုတော့စိတ်မပူစေချင်တာမို့ ဒီညနေတော့ အကျိုးအကြောင်းပြောပြရန် သွားမည်ဖြစ်သည် နှစ်ယောက်သား သက်ပြင်းသာချမိတော့သည် ဘယ်လောက်ပဲမိဘတွေကသိနေနေ မျက်နှာတော့ပူရသည်ပင် ချန်းယောလ် မားနှင့်ပါးက သူတို့နှစ်ယောက်အကြောင်း သိထားသော်လည်း ဘတ်ခ်ဟျွန်း မားမားနှင့်ပါးပါးက ရိပ်မိရုံလောက်သာ... တရားဝင်ပြောပြထားခြင်းမရှိတာမို့ ဒီနေ့ညနေမှာတော့ နှစ်ဖက်မိဘစုံညီကို တရားဝင်ဖွင့်ပြောမည်ဖြစ်သည် ကိုယ့်မိဘတွေအကြောင်း ကိုယ်သိတယ်ဆိုပေမယ့် အနည်းငယ်တော့ ပူပန်ပြီးကြောက်စိတ်ရှိသည်
"စိတ်မပူပါနဲ့ အားလုံးအဆင်ပြေသွားမှာပါ"
"အင်း အဆင်ပြေသွားမှာပါ"
ချန်းယောလ် ဘတ်ခ်ဟျွန်းကိုယ်လေးကို တင်းတင်းဖက်မိသည် သူ့ကောင်လေး စိတ်လျော့သွားအောင် အနမ်းတွေလည်း တစ်ဖွဖွပေးနေမိသည်
YOU ARE READING
Simple Marriage
RomanceZawgyi ဘတ်ခ်ဟျွန်းနီ က နွေးထွေးတယ် ဘတ်ခ်ဟျွန်းနီ က ချစ်ဖို့ကောင်းတယ် ကျနော် ဘတ်ခ်ဟျွန်းနီ ကို ချစ်မိပြီ ထင်တယ် Park Chanyeol ချန်းယောလ်လီ က အရမ်းခန့်ညားတယ် ချန်းယောလ်လီ က ဂရုစိုက်ပေးတယ် ကျနော်လည်း ချန်းေ...