Unicode
မင်္ဂလာပွဲပြီးနောက်မှာတော့ ချန်းယောလ်နဲ့ဘတ်ခ်ဟျွန်း တစ်ပတ်လောက်မတွေ့ဖြစ်ကြပေ နှစ်ယောက်လုံးက အတူရှိနေကြအိမ်မှာပင် မရှိပေ ဖုန်းဆက်ဖို့အချိန်မပေးနိုင်သည်အထိ နှစ်ယောက်လုံး အလုပ်များနေကြသည် ကင်ဂျုံဒယ်သည်ပင် စစ်ထဲဝင်ဖို့သေချာသွားသည်ကြောင့် စစ်ထဲမဝင်ခင် နှုတ်ဆက်ပွဲလည်း လုပ်ဖြစ်ကြသေးသည်
ချန်းယောလ် ရိုးရှင်းစွာပင် စပို့ရှပ်အနက်ရောင်ဝတ်ထားပြီး ခေါင်းစွပ်သိုးမွေးအင်္ကျီထပ်ဝတ်ကာ အပေါ်ထပ်အဖြစ် ဂွမ်းကပ် တစ်ထည်ထပ်ဝတ်လိုက်သည်
ဒီနေ့က တစ်ပတ်ပြည့်ပြီးနောက် ဘတ်ခ်ဟျွန်းကို ပထမဆုံးအနေနဲ့ ပြန်တွေ့ရမှာမို့ ချန်းယောလ် ကုမ္ပဏီရှေ့တွင် လာစောင့်နေခြင်းဖြစ်သည်ကားမောင်းဖို့စိတ်မပါတာမို့ ချန်းယောလ် စကူတာနဲ့သာ ရောက်လာခဲ့သည် ဘတ်ခ်ဟျွန်း ဆင်းမလာသေးတာကြောင့် အပြာရောင်စကူတာလေးပေါ် ချန်းယောလ် ခြေထောက်ချိတ်ကာ ထိုင်စောင့်နေသည် ခဏအကြာမှာတော့ ဘတ်ခ်ဟျွန်း စပို့ရှပ်အဖြူရောင် ခပ်ပွပွကို တည့်ပွဘောင်းဘီအနက်ဖြင့် ချန်းယောလ်ရှေ့ရောက်လာခဲ့သည် ချမ်းအေးနေသည်မဟုတ်သော်လည်း အနွေးထည်မဝတ်ထားသည့်ကောင်လေးကြောင့် ချန်းယောလ် မျက်ခုံးတို့တွန့်ချိုးကာ ဘတ်ခ်ဟျွန်း လက်ထဲက သိုးမွေးအနွေးထည်အဝါလေးကို ဆွဲယူကာ ဝတ်ပေးမိသည်
"သိပ်မအေးလို့ မဝတ်ဖြစ်တာပါ ချန်းယောလ်လီရဲ့... မျက်ခုံးကြီးမကြုံ့ထားနဲ့နော် ဟင်...ဟင်..."
ခေါင်လေးကို တစ်ဖက်တစ်ချက်စီကို နှစ်ချက်မျှစောင်းပြီး
နှုတ်ခမ်းသေးသေးကို ဖိထားကာ
ချစ်စရာကောင်းစွာ အယ်ဂယိုတွေ ထုတ်သုံးနေတဲ့ ဘတ်ခ်ဟျွန်းနီက ချန်းယောလ်စိတ်ပြေဖို့တစ်ခုတည်းကိုသာ ကြည့်သည် ချန်းယောလ် ထင်မှတ်မထားသည့်အယ်ဂယိုကြောင့်
စိတ်ပြေသွားပြီမို့ ဘတ်ခ်ဟျွန်းကို ဆိုင်ကယ်ဦးထုပ်ဆောင်းပေးကာ ဆိုင်ကယ်ပေါ်တက်ခိုင်းလိုက်သည်ခါးထက် ခပ်ဖွဖွထိကပ်လာတဲ့ လက်ဖျားထိပ်လေးတွေကြောင့်
ချန်းယောလ် တစ်ချက်လောက် ခပ်တောင့်တောင့်ဖြစ်သွားပေမယ့် ပုံမှန်အတိုင်းပင် မျက်နှာထက်အပြုံးတို့ တွဲခိုသည် မျက်နှာချင်းဆိုင်ဖက်ထားပြီး အိပ်ရာအတူထတဲ့အထိ ရင်းနှီးဖူးပေမယ့် နောက်ကနေဖက်ဖူးခြင်းမရှိသည်မို့ နဂိုထဲကရင်ခုန်နေသူက ပို၍သာရင်ခုန်လာသည်
YOU ARE READING
Simple Marriage
RomanceZawgyi ဘတ်ခ်ဟျွန်းနီ က နွေးထွေးတယ် ဘတ်ခ်ဟျွန်းနီ က ချစ်ဖို့ကောင်းတယ် ကျနော် ဘတ်ခ်ဟျွန်းနီ ကို ချစ်မိပြီ ထင်တယ် Park Chanyeol ချန်းယောလ်လီ က အရမ်းခန့်ညားတယ် ချန်းယောလ်လီ က ဂရုစိုက်ပေးတယ် ကျနော်လည်း ချန်းေ...