(4)

485 63 0
                                    

Zawgyi

"အာ...ကိုကို ရောက်လာပြီလား
ဘယ်မှာလဲ ကျွန်တော့်ဟာ...ပေး"

မျက်မှောင်ကြီးကုတ်ပြီး လက်ဖြန့်တောင်းနေသူက တကယ့်ကလေးဗျာ အများအမြင်မှာတော့ လုံးဝလူကြီးဆန်ပြီး ခန့်ညားချောမောသူကြီး
ရင်းနှီးတဲ့သူတွေနဲ့ဆို ဖြတ်ရိုက်ချင်စရာကောင်းအောင် ချစ်စရာကောင်းတဲ့သူက
တကယ် Bubble Tea သရဲ

"ပါပါတယ် ကိုယ်တော်ရယ် အောက်ထပ်ကို ခဏလေးဆင်းဝယ်ရင်ရနေပြီကို အခုထိ အဲ့ဆိုင်မှာပဲ ဝယ်သောက်နေတယ် "

"ဘာလဲ မဝယ်ပေးချင်ဘူးလား လမ်းကြုံလို့ဝယ်ခိုင်းတာလေ ပြီးတော့ Trainee ဘဝထဲကသောက်လာတာ အဲ့ဆိုင်ကမဟုတ်ရင် သောက်ရတာ အဆင်မပြေတော့လို့ပါဆို မန်နေဂျာအစ်ကိုကလည်း မအားလို့လေ အောက်ထပ်က ကျွန်တော့်အကြိုက်မှမဟုတ်တာကို "

"ဟုတ်ပါပြီ ပြောမိတဲ့ ကျွန်တော်မျိုးမှားသွားတာပါ "

"ဒါနဲ့ ကိုကို ကုန်တိုက်ကို ဘာသွားဝယ်တာလဲ ကျွန်တော့်အတွက်ကော ဘာဝယ်လာခဲ့သေးလဲ"

မျှော်လင့်ချက်ရောင်ခြည်သန်းနေတဲ့ မျက်လုံးအစုံက ကိုယ့်တည့်တည့်စိုက်ကြည့်နေတာများ သူ့အတွက် အပို သွားဝယ်ပေးတယ်ထင်နေလားမသိ သူ့ထက်ကြီးတဲ့သူဆို ပိုက်ဆံတစ်ပြားမှမထုတ်ပဲ အကြီးက အငယ်ကို ဝယ်ကျွေးရမယ်ဆိုတဲ့စကားကို လက်ကိုင်ထားသူကြီးက အခုလည်းကြည့်... သူကြိုက်တဲ့ပစ္စည်းပါလာရင် ကျွန်တော့်ကို ပေးဆိုပြီး တောင်းတော့မည့်ပုံ

ကပ်စီးကုပ်တာ ဘယ်သူ့သွားတူတာလည်းမသိဘူး သူ့အဖေအမေကလည်း ကပ်စီးမကုပ်တတ်ပါဘူး သူ့ထက်ငယ်ရင်တော့ ပိုက်ဆံထုတ်ပါတယ် အဲ့အချိန်တော့ သူက အကိုကြီးဆိုဒ်နဲ့ ကိုယ်နဲ့သူ oversea တစ်ခုရှိလို့
အဲ့မှာသွားဖျော်ဖြေပြီးအပြန် အလည်အပတ်သွားပြီး အစားအသောက်တွေသွားစားရင်တောင် လက်ထဲမှာ ပိုက်ဆံအိတ်တောင်ယူမလာဘူး ကိုယ်ကနောက်ကနေ ပိုက်ဆံအိတ်ကိုင်ပြီးလိုက်ရရော ဒီကလေးဆိုးတာလည်းမပြောနဲ့ ဆယ်နှစ်ကျော် ကိုယ်ထိန်းလာခဲ့တော့ အလိုက်လိုက်ခံဖြစ်နေတာ

"ဘာမှဝယ်မလာဘူး အကြိုက်မတွေ့လို့ ဒီတိုင်းပြန်လာခဲ့တာ ဒါနဲ့ဘယ်တော့အိမ်ပြန်မှာလဲ အိမ်ဝယ်ထားပြီး ဘာလုပ်တာလဲ မနေဘဲနဲ့"

Simple MarriageWhere stories live. Discover now