Unicode
ဆယ်ဟွန်း အိပ်ယာထက်မှာ လှဲနေမိသည် လွန်ခဲ့တဲ့နှစ်ရက်ကကိစ္စကို ပြန်တွေးမိတိုင်း ရှက်ရွံ့ရသလို ရင်လည်းခုန်ရသည် ဒီနေ့တော့ အစ်ကိုက ကလပ်မှာတွေ့ကြမယ်တဲ့ ထို့အတွက် ဘာဝတ်သွားရမှန်းမသိသလို ဟိုရောက်ရင် အစ်ကိုနဲ့ ဘယ်လိုစကားစရမည်မှန်းလဲမသိပေ
ကလပ်အတွင်း လူပေါင်းအစုံကို မြင်တွေ့နေရသည် လူအမျိုးမျိုးက အပျော်လာရှာကြသူတွေ အလုပ်ကိစ္စအောင်ပွဲခံကြတဲ့သူတွေ အလုပ်လုပ်နေကြသူတွေနဲ့ ပြည့်နှက်နေသည် အနက်ရောင်ပြောင်စပို့ရှပ်လေးကို ဂျင်းပြာနဲ့တွဲဝတ်ထားသူတစ်ယောက် ကလပ်အတွင်းဝင်ရောက်လာသည် ပခုံးပြင်ကျယ်ကျယ်က အဝေးကကြည့်တာတောင်ထင်းနေသည် ထို့အပြင် ကျောပြင်ကျယ်ကနေ ေအာက်သို့ဆင်းသွားသော် ကျစ်လစ်ပြီး အချိုးအစားကျတဲ့ခါးသွယ်သွယ်ကို မြင်ရမည်ဖြစ်သည် ခြေတံတို့ကလည်း ဖြောင့်တန်းနေပြီးရှည်လျားသည်
တစ်စုံတစ်ရာကိုရှာဖွေနေသည့်မျက်လုံးတို့က မှန်ပြင်တစ်ထပ်ခံထားတာတောင် စူးရဲနေသည် မျက်နှာကတော့ mask တပ်ထားခြင်းကြောင့် မမြင်ရသော်လည်း ကြည့်လိုက်တာနဲ့ လူချောလေးမှန်းသိသာသည်
ပျိုမဒီတို့ကလည်း တစ်ချက်တစ်ချက် အကြည့်တို့ပို့လွှတ်ကာ စူးစမ်းနေကြသည် သို့သော်လည်း မှန်ပြင်ကာထားတဲ့မျက်ဝန်းတွေက တစ်နေရာမှာ ရပ်တန့်သွားပြီး ခြေတံရှည်တို့က ထိုနေရာသို့ ဦးတည်လျှောက်လှမ်းသွားသည် ထိုနေရာမှာရှိနေသူကလည်း လက်လှမ်းပြကာ လျှောက်လှမ်းလာပြီး သူ့သူငယ်ချင်းတွေရှိရာကို ခေါ်ဆောင်သွားသည် ချောင်ကျကျနေရာမို့ တစ်ခြားသူတွေအလွယ်တကူမြင်ရန် သိပ်တော့မလွယ်ကူပေ"ထိုင် ဆယ်ဟွန်းနီ...ကိုယ်ဘာမှာပေးရမလဲ "
"ရတယ် ကြိုက်တာမှာ "
ခါအီက ထယ်မင်း မင်းဂုနဲ့ ဝမ်ရှစ်တို့နဲ့ရှိနေခြင်းဖြစ်သည် ထယ်မင်းနဲ့က နဂိုတည်းက ရင်းနှီးသည်မို့ ဆယ်ဟွန်းကျန်သူတွေနဲ့ ရင်းနှီးရန်အချိန်မယူလိုက်ရပဲ ချက်ချင်းပင်ရင်းနှီးသွားသည် ခါအီ ဆယ်ဟွန်းဖို့ အလယ်အလတ်လောက်ရှိသည့် အပြင်းစားအရက်ကိုယူလာခဲ့သည် သူကတော့ မက်ဂျူလောက်နဲ့သာပြီးသည် တွေ့ဆုံခဲ့တဲ့အချိန်တိုင်း တစ်ယောက်အကြောင်းတစ်ယောက် ပြောပြဖြစ်သည်မို့ အနည်းအကျဉ်းတော့ ကောင်းကောင်းသိနေပြီဖြစ်သည်ပင် ထို့ကြောင့် ဆယ်ဟွန်း အရက်ကြိုက်မှန်း ခါအီသိသည်
YOU ARE READING
Simple Marriage
RomanceZawgyi ဘတ်ခ်ဟျွန်းနီ က နွေးထွေးတယ် ဘတ်ခ်ဟျွန်းနီ က ချစ်ဖို့ကောင်းတယ် ကျနော် ဘတ်ခ်ဟျွန်းနီ ကို ချစ်မိပြီ ထင်တယ် Park Chanyeol ချန်းယောလ်လီ က အရမ်းခန့်ညားတယ် ချန်းယောလ်လီ က ဂရုစိုက်ပေးတယ် ကျနော်လည်း ချန်းေ...