(5)

488 68 0
                                    

Unicode

Audi ကားအနက်ရောင်လေးတစ်စီးက ဆိုးလ် မှာရှိနေတဲ့ နာမည်ကြီး ကုန်တိုက်တစ်ခုရှေ့ ဝင်ရောက်ရပ်နားလာသည်

အနက်ရောင်ဆံပင်က နဖူးရှေ့မှာ ခပ်ဝဲဝဲလေးကျနေပြီး ပိရိသေသပ်တဲ့နှုတ်ခမ်းတစ်စုံက နှင်းဆီသွေးရောင် ဖျော့တော့တော့ဖြင့် အထက်သို့ကော့တက်နေတယ် မျက်ဝန်းမှေးမှေးက ​ကြည်တောက်နေပြီး ပါးမို့မို့တစ်စုံက ပြောင်တင်းနေတဲ့အပြင် နှာတံလုံးလုံးက ခပ်ရဲရဲလေးဖြစ်နေသည် ချုံကြည့်ရင်တောင် အတော်ချောသူက တစ်ခုချင်းကြည့်တော့ ခန့်ညားတဲ့အပြင် အတော်ချစ်ဖို့ကောင်းတယ်

ကားတစ်ဖက်မှထွက်လာတဲ့သူက
နာမည်ရှိ Nike တံဆိပ်ဖိနပ်စီးထားပြီး အဝါရောင်လွင်လွင်နဲ့ကော်လန်ရှပ်ကို တံတောင်စစ်နားအထိ ခေါက်တင်ထားတဲ့အပြင် ဂျင်းပြာရောင်ဘောင်းဘီအတွင်းထဲ ထည့်ဝတ်ထားသည် ပြုံးယောင်သန်းနေတဲ့နှုတ်ခမ်းတစ်စုံက တစ်ဖက်က ကားထဲရှိ သူ့ရဲ့မားမားကို တံခါးဖွင့်ပေးရင်း လှပစွာပြုံးပြလာသည်  ရိုးရိုးယဥ်ယဥ်လေးနဲ့  ကားပေါ်မှဆင်းလာသူက အတော်လှပသည်
အသက် ၅၀ နားနီးလို့မထင်ရပေ Buberry Brand လက်ကိုင်အိတ်ကို တစ်ဖက်မှချိတ်ပြီး လှပတဲ့လက်တစ်စုံက သူ၏သားဖြစ်သူရဲ့လက်မောင်းကို တွဲချိတ်ရင်း ကုန်တိုက်ထဲကို ဝင်လာခဲ့သည်

"မားမား အပေါ်ထပ်မှာ မုန့်အရင်ဝင်စားမလား ပြီးမှစားမလား"

"ပြီးမှစားတာပေါ့ အခုတော့အရင်ပတ်ဦးမယ်"

"ဟုတ် မားမား "

Fan တွေအများအပြားပိုင်ဆိုင်ထားသူက မားမားကိုလိုက်ပို့ချိန်တွင် ဘာအကာအကွယ်မှ ယူမလာပေ အရိုးရှင်းဆုံး မျက်နှာအုပ် Mask တောင်မပါပေ အနှောင့်အယှက်ဖြစ်မှာတော့မပူရပါ ဗြောင်ဘတ်ခ်ဟျွန်း Fan တွေက အလိုက်သိကြသည် ချစ်စရာကောင်းအောင်အမြဲလုပ်ပြတတ်သူက ကြောက်စရာကောင်းတဲ့ အရှိန်အဝါတစ်ခုလည်းရှိသည် သူမကြိုက်တာတွေလုပ်ရင် အမြဲငေါက်တတ်သည် သူ့ကို Stalk တာမျိုးလုပ်ရင် အရမ်းစိတ်ဆိုးတတ်သည် သူသိရင် ချက်ချင်းငေါက်သည့် စာများကို သူ၏ SNS တွင်တင်လေ့ရှိတယ် တစ်နေ့တာအချိန်ဇယားတွေကိုလည်း Fan တွေကို တင်ပြလေ့ရှိသည်

Simple MarriageWhere stories live. Discover now