(29)

412 41 0
                                    

Unicode

ဦးထုပ်အနက်ကို ခပ်ငိုက်ငိုက်ဆောင်းထားပြီး Mask အနက်ကိုလည်း တပ်ထားသည့်လူနှစ်ဦးက ကုန်တိုက်အတွင်းသို့ဝင်ရောက်လာခဲ့သည်
အဝင်ပေါက်မှာရှိနေတဲ့ တွန်းလှည်းခြင်း ဆိုဒ်အကြီးတစ်ခုယူဆောင်ကာ ဝယ်ယူဖို့စတင်လိုက်သည်

အရင်ဆုံးအသီးအရွက်တန်းဘက်ကိုသွားကာ
တစ်ချက်ပတ်နေသည် စားချင်တာမရှိသည်မို့ ပဲပင်ပေါက်နှင့်ကြက်သွန်မြိတ်သာ ဘတ်ခ်ဟျွန်း ယူခဲ့သည် အနည်းငယ်ပတ်ပြီးနောက် ချန်းယောလ် လူရှင်းတာတွေ့ရသည်မို့ သူ့ဘေးနားမှာ တွန်းလှည်းခြင်းကိုတွန်းကာ လိုချင်တာဘာရှိလည်း ကြည့်နေသည့်ကောင်လေးကို လက်ကိုင်လိုက်သည် သူဆုပ်ကိုင်တော့ သူ့ကိုတစ်ချက်ကြည့်ပြီး ပြန်လည်ဆုပ်ကိုင်လာသည်

သစ်သီတန်းဖက်ရောက်တော့ လက်ကိုဖြုတ်ကာ စတော်ဘယ်ရီသီး သုံးကဒ်ကိုလှစ်ခနဲပြေးယူလာသည် ဒီကောင်လေး စတော်ဘယ်ရီတော့ အတော်ကြိုက်ဗျာ ထို့နောက် သစ်သီးတန်းဘက်မှာ လူရှိလည်းကလေးတွေများတာမို့ ချန်းယောလ်ရဲရဲတင်းတင်းပင်
နောက်မှနေ၍ ဘတ်ခ်ဟျွန်းခါးကို ဆွဲဖက်လိုက်သည် တစ်ခါတည်း ငြိမ်ကျသွားသည့်ကောင်လေးကို ချန်းယောလ်စောင်းငဲ့ကြည့်တော့ ပြုံးရယ်နေမှန်းသိသာသည် Mask တပ်ထားသော်လည်း မျက်လုံးတွေကပြုံးနေသည်မလား

ခဏလောက်ထိုပုံစံအတိုင်းနေပြီးမှ ကောင်လေးကို ချန်းယောလ် လွှတ်ပေးလိုက်သည် လွှတ်ပေးတာက ကိုယ်ဖြစ်သော်လည်း ကြောင်ပြီး
ကျန်ခဲ့ရတာကလည်းကိုယ်ပင်... ကိုယ့်ဘက်ကိုလှည့်လာပြီး ခြေဖျားတစ်ချက်ထောက်ကာ ကိုယ့်ပါးကိုနမ်းသွားသူလေးကတော့ လုံးနေအောင်ပြေးသွားသည် Maskနှစ်ခု ခံနေသော်လည်း အထိအတွေ့လေးကို ခံစားမိပါသည် ပြေးသွားသူလေးက တွန်းလှည်းခြင်းကိုလည်းထားခဲ့သည်မို့ ချန်းယောလ် တစ်ချက်ရယ်မိကာ အဝေးကြီးပြေးမသွားသည့် ကောင်လေးနောက်ကို လိုက်လာခဲ့သည်

မက်မွန်သီးရွေးနေတဲ့ကောင်လေးက ကိုယ့်ဘက်ကိုလှည့်မကြည့်လာပေ  ရှက်နေခြင်းကြောင့် မက်မွန်သီးရွေးကာ ဖုံးကွယ်နေသော်လည်း တစ်ခုတည်းသော နားရွက်ရဲနေခြင်းကိုတော့ သတိမထားမိဘူးထင်ပါရဲ့
နားရွက်ထိပ်ဖျားလေးတွေ
ရဲနေသည်ကိုတွေ့ရတော့
ချန်းယောလ် ခပ်ဟဟရယ်မိပြန်သည်
ထိုအခါမှာတော့ မကျေနပ်သလိုလေး လှည့်ကြည့်လာသူကြောင့် ချန်းယောလ် အူတွေအသည်းတွေယားရပါသည် ထို့ကြောင့်ပင် လူရှင်းသည့် ထောင့်တစ်နေရာကိုဆွဲခေါ်ကာ Mask နှစ်ခုဆွဲချွတ်လိုက်သည် ဦးထုပ်ကိုတော့ ဆွဲမချွတ်ပဲ နောက်ပြန်စောင်းလိုက်သည် ပြီးနောက် တုံ့ဆိုင်းမနေတော့ပဲ သူ့ရှေ့ရှိ ရဲစိုနေသည့်နှုတ်ခမ်းပါးကို  နမ်းရှိူက်လိုက်သည်

Simple MarriageWhere stories live. Discover now