Intro

4.6K 129 2
                                    

         စီးကရက္ကိုဖြာ႐ႈိက္ေနတဲ့ ခပ္ရဲရဲႏႈတ္ခမ္းသားေလးက မီးခိုးေငြ႕ေတြကိုမႈတ္ထုတ္လိုက္တဲ့အခါ နာက်င္မႈေတြပါေရာပါသြားသည္။ လက္ၾကားထဲကစီးကရက္ကို ခပ္လွမ္းလွမ္းကိုပစ္ခ်လိုက္ေတာ့ အရည္စီးေၾကာင္းတစ္ခုကိုအစျပဳျပီး မီးေတာက္ေလးေတြကလူးလြန္႔ကခုန္လာသည္။
        
         လွပတဲ့မီးေတာက္ငယ္ေလးက အေဖာ္ေတြကိုဖန္တီးျပီး ရွည္လ်ားတဲ့ခရီးကိုေရွ႕ဆက္သည္။ ေပ်ာ္ရႊင္မႈေတြကိုအလိုရွိသေယာင္ ေျပးလႊားေနတဲ့သက္မဲ့မီးေတာက္ငယ္ေလးက အျမင္နဲ႔တင္လွပေအာင္ကခုန္ေနမွန္းသိသာသည္။ ဆက္သြားလိုက္ပါမီးေတာက္ေလးလို႔ ႏႈတ္ခမ္းေလးလႈပ္႐ုံေျပာေတာ့ ေလညင္းေလးကေဖးကူကာ မီးေတာက္ေလးကိုပ့ံပိုးေပးျပန္သည္။
        
         ျမင္ကြင္းေလးကလည္း ဘယ္ေလာက္ေတာင္မွ အသက္ဝင္လွလိုက္သလဲ။ ေအးခ်မ္းသေယာင္ထင္ရတဲ့ မီးေတာက္ငယ္ေလးက အားၾကိဳးမာန္တက္ေတာက္ေလာင္ေနလိုက္တာ စီးကရက္မီးစေလးမွဟုတ္ရဲ႕လားလို႔ ျပန္ေတြးယူရသည္အထိပင္။ တဖ်စ္ဖ်စ္ျမည္သံေတြနဲ႔ အပူတျပင္းေပါက္ကြဲထြက္သံကလည္း မီးေတာက္ငယ္ေလးအစြမ္းလို႔ မယံုၾကည္ရေအာင္ အားနဲ႔မာန္နဲ႔ေတာက္ေလာင္ေနလိုက္တာ။
        
         " အင္း..... မနက္က်ရင္ေတာ့ ေခါင္းစီးပိုင္းလွေတာ့မွာပဲ "
        
         ေသခ်ာက်က်နနရပ္ၾကည့္လို႔ေက်နပ္ျပီဆိုမွ ၾကည္လင္တဲ့အသံပိုင္ရွင္က ကားနားဆီလွမ္းသြားေတာ့သည္။ လေရာင္ေအာက္မွာျမင္ရတဲ့ ကားတံခါးကိုဖြင့္ေနေသာလက္က တက္တူးငယ္ေလးမွာ လက္ဖမိုးအျပည့္လို႔ဆိုရမည္။ သို႔ေသာ္ တစ္မ်ိဳးေလးဆန္းစြာ အျမင္႐ုိင္းျခင္းမရွိဘဲ ထိုလက္ပိုင္ရွင္ကိုဆြဲေဆာင္မႈရွိေစသည္။
        
         လေရာင္နဲ႔မီးေတာက္အကူေၾကာင့္ ထင္းလင္းစြာျမင္ေနရတဲ့ တက္တူးငယ္ေလးက ပန္းပြင့္ေလးကိုပံုေဖာ္ထားရဲ႕။ သိပ္ကို႐ုိးရွင္းျပီးလွပတဲ့ အနီနွစ္ပြင့္ အျဖဴ တစ္ပြင့္ပါတဲ့ အစိမ္းအရြက္အခက္ေလးနဲ႔ အဓိပၸါယ္ပါတဲ့ပန္းပြင့္ေလးက နာမည္ေလးကလည္းလွရွာသည္။ တက္တူးငယ္ေလးက အေတာ္အတန္သံေယာဇဥ္တြယ္လာရတာ နွစ္တို႔ပင္ၾကာေညာင္းခဲ့ေရာေပါ့။
        
         " အလြမ္းေတြကို မီးေတာက္ေတြနဲ႔ထားခဲ့မယ္ေနာ္ "

( Unicode )
         စီးကရက်ကိုဖွာရှိုက်နေတဲ့ ခပ်ရဲရဲနှုတ်ခမ်းသားလေးက မီးခိုးငွေ့တွေကိုမှုတ်ထုတ်လိုက်တဲ့အခါ နာကျင်မှုတွေပါရောပါသွားသည်။ လက်ကြားထဲကစီးကရက်ကို ခပ်လှမ်းလှမ်းကိုပစ်ချလိုက်တော့ အရည်စီးကြောင်းတစ်ခုကိုအစပြုပြီး မီးတောက်လေးတွေကလူးလွန့်ကခုန်လာသည်။
        
         လှပတဲ့မီးတောက်ငယ်လေးက အဖော်တွေကိုဖန်တီးပြီး ရှည်လျားတဲ့ခရီးကိုရှေ့ဆက်သည်။ ပျော်ရွှင်မှုတွေကိုအလိုရှိသယောင် ပြေးလွှားနေတဲ့သက်မဲ့မီးတောက်ငယ်လေးက အမြင်နဲ့တင်လှပအောင်ကခုန်နေမှန်းသိသာသည်။ ဆက်သွားလိုက်ပါမီးတောက်လေးလို့ နှုတ်ခမ်းလေးလှုပ်ရုံပြောတော့ လေညင်းလေးကဖေးကူကာ မီးတောက်လေးကိုပံ့ပိုးပေးပြန်သည်။
        
         မြင်ကွင်းလေးကလည်း ဘယ်လောက်တောင်မှ အသက်ဝင်လှလိုက်သလဲ။ အေးချမ်းသယောင်ထင်ရတဲ့ မီးတောက်ငယ်လေးက အားကြိုးမာန်တက်တောက်လောင်နေလိုက်တာ စီးကရက်မီးစလေးမှဟုတ်ရဲ့လားလို့ ပြန်တွေးယူရသည်အထိပင်။ တဖျစ်ဖျစ်မြည်သံတွေနဲ့ အပူတပြင်းပေါက်ကွဲထွက်သံကလည်း မီးတောက်ငယ်လေးအစွမ်းလို့ မယုံကြည်ရအောင် အားနဲ့မာန်နဲ့တောက်လောင်နေလိုက်တာ။
        
         " အင်း..... မနက်ကျရင်တော့ ခေါင်းစီးပိုင်းလှတော့မှာပဲ "
        
         သေချာကျကျနနရပ်ကြည့်လို့ကျေနပ်ပြီဆိုမှ ကြည်လင်တဲ့အသံပိုင်ရှင်က ကားနားဆီလှမ်းသွားတော့သည်။ လရောင်အောက်မှာမြင်ရတဲ့ ကားတံခါးကိုဖွင့်နေသောလက်က တက်တူးငယ်လေးမှာ လက်ဖမိုးအပြည့်လို့ဆိုရမည်။ သို့သော် တစ်မျိုးလေးဆန်းစွာ အမြင်ရိုင်းခြင်းမရှိဘဲ ထိုလက်ပိုင်ရှင်ကိုဆွဲဆောင်မှုရှိစေသည်။
        
         လရောင်နဲ့မီးတောက်အကူကြောင့် ထင်းလင်းစွာမြင်နေရတဲ့ တက်တူးငယ်လေးက ပန်းပွင့်လေးကိုပုံဖော်ထားရဲ့။ သိပ်ကိုရိုးရှင်းပြီးလှပတဲ့ အနီနှစ်ပွင့် အဖြူ တစ်ပွင့်ပါတဲ့ အစိမ်းအရွက်အခက်လေးနဲ့ အဓိပ္ပါယ်ပါတဲ့ပန်းပွင့်လေးက နာမည်လေးကလည်းလှရှာသည်။ တက်တူးငယ်လေးက အတော်အတန်သံယောဇဉ်တွယ်လာရတာ နှစ်တို့ပင်ကြာညောင်းခဲ့ရောပေါ့။
        
         " အလွမ်းတွေကို မီးတောက်တွေနဲ့ထားခဲ့မယ်နော် "

စွန့်ပစ်ခံအချစ် ( Anemone ) Z + UWhere stories live. Discover now