Chapter 438

873 81 0
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

Chapter (438) အနိုင်ကျင့်သူ သုံးယောက်

*သေပြီ*
ထိုသို့သောအချိန်၌ ကောင်းကင်ထက်မှ ဧကရီနှင့် အခြားသူများအားလုံး ထိတ်လန့်သွားကြသည်။
*မသေမျိုး ခန္ဓာကိုယ်ပိုင်ရှင်ကို သေမျိုးက သတ်သွားတယ်*
*မသေမျိုး မူလဇစ်မြစ်က လုံးဝ စုပ်ယူခြင်း ခံလိုက်ရတယ်*
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
လူတိုင်း၏မျက်နှာထက်၌ မယုံကြည်နိုင်ဟန်များနှင့် ပြည့်နှက်နေ၏။ ကြောက်မက်ဖွယ်ကောင်းသော မသေမျိုး ခန္ဓာကိုယ်ပိုင်ရှင်၌ ပျက်စီးကိန်း ရောက်လာလိမ့်မည်ဟု သူတို့ ထင်မှတ်မထားကြချေ။
အထူးသဖြင့် ဧကရီပင်။ ယခုအချိန်၌ သူမသည် မျက်ခုံး တဆတ်ဆတ် လှုပ်နေကာ နဖူးမှ ချွေးအေးများ တဒီးဒီးစီးကျနေ၏။
သူမသည် ကြောက်မက်ဖွယ်ကောင်းသော တစ်စုံတစ်ရာကို အမှတ်ရသွားဟန် ပေါ်နေသည်။
“မူလဇစ်မြစ်ကို စုပ်ယူတယ်။ ဒါ … ဒါက သေမင်းနတ်ဆိုး ဆုဒြာပဲ”
ဧကရီသည် ယခုအချိန်၌ လုံးဝကို ထိတ်လန့်လို့နေသည်။
သေမင်းနတ်ဆိုးဆုဒြာ။
ဘယ်အရာကမှ မသတ်နိုင်၊ ဘယ်အရာမှက မဝါးမျိုနိုင်သောအရာ။
အခြေအနေတစ်ရပ်အထိ ကျင့်ကြံပြီးပါက ၎င်းသည် လွှမ်းမိုးချုပ်ကိုင်နိုင်သော ပြိုင်စံရှား ခန္ဓာကိုယ်၏ မူလဇစ်မြစ်ကိုတောင်မှ မလွဲမသွေ ဝါးမျိုနိုင်၏။
သို့ရာတွင်မူ ဤစကြဝဠာတစ်ခွင်၌ သေမင်းနတ်ဆိုးဆုဒြာကို ကျင့်ကြံနိုင်သူကား တစ်ဦးတည်းသာ ရှိလေ၏။ ထိုသူကား ….
“နတ်ဆိုးဧကရာဇ် … နင် … လတ်စသတ်တော့ နင်က နတ်ဆိုးဧကရာဇ်ကိုး”
ဧကရီသည် ထိုအကြောင်းကို စဉ်းစားမိသွားသည်နှင့် သူမ၏ လှပသော ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လာပြီး ကြက်သီးမွေးညင်း ထလာရသည်။
ထို့အတူ သူမစကားကို ကြားပြီးနောက် ကောင်းကင်တစ်ခုလုံး တိတ်ဆိတ်သွားလေတော့သည်။
ဧကရာဇ်ပီခမ်း၊ အရှင်နိုင်းလ်၊ အရှင်ရွှမ်းမင်နှင့် ထောင်နှင့်ချီသော သတ်ဖြတ်သူများ ခေါင်းစခြေဆုံး အေးစက်သွားလေတော့သည်။
*နတ်ဆိုးဧကရာဇ်တဲ့လား*
လောကအုပ်ချုပ်သူ အကြီးအကဲသုံးပါးအား တိုက်ခိုက်၍ စကြဝဠာကြီးအား ဖိအားပေးနိုင်ခဲ့သည့် ထိပ်တန်း အကြမ်းကြုတ်ဆုံးသောသူ။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
လူတိုင်း၏မျက်နှာထက်၌ အံ့ဩစိတ်များနှင့် ပြည့်နှက်နေတတ်သည်။ အချို့သော သတ်ဖြတ်သူများသည် ဝိညာဉ်လွင့်မတတ် ကြောက်လန့်လာကြသည်။
“နတ်ဆိုးဧကရာဇ် … သူ … သူက နတ်ဆိုးဧကရာဇ်လား”
ဧကရာဇ်ပီခမ်း အလွန် အလန့်တကြား ဖြစ်နေသည်။ ထိုသို့သောအချိန်၌ သူ လုံးဝ နားလည်သွားလေတော့သည်။
ဘာကြောင့် သေးနုပ်သော ကမ္ဘာမြေသားက ငရဲဝံပုလွေဆိုးကို ဒူးထောက်အောင် လုပ်နိုင်ပြီး ဂရေးထူအား သစ္စာခံခိုင်းပြီး နတ်ဧကရာဇ်တစ်ပိုင်းအဆင့် လေးယောက်အား သူ့ကို သခင်ကြီးအဖြစ် အသိအမှတ်ပြုလာအောင် လုပ်နိုင်ခဲ့သလဲဆိုတာကို သူ သဘောပေါက်သွားသည်။
*လတ်စသက်တော့ သူက နတ်ဆိုးဧကရာဇ် ဖြစ်နေတာကိုး*
ယခင်က သူ နတ်ဆိုးဧကရာဇ်ကို သတ်ချင်ခဲ့သည်ကို ပြန်တွေးမိပြီးနောက် ဧကရာဇ်ပီခမ်းသည် တစ္ဆေမျိုးနွယ်ထဲမှ ထွက်ပြေးလာသကဲ့သို့ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းထကာ တုန်ယင်လာလေတော့သည်။
“မင်း ထင်တာမှန်တယ်”
ထိုသို့သောအချိန်၌ ယဲ့ဖန်သည် ခန္ဓာကိုယ် ပြန်လည်ဖြစ်တည်လာပြီးနောက် သူ့နှုတ်ခမ်းထက်တွင် မခိုးမခန့်အပြုံးမျိုး ဆင်မြန်းထားသည်။
သူ့လက်ဝါးတစ်ဖက်ပေါ်၌ မူလဇစ်မြစ် သုံးခု၏ ချီမျှင်စုများ ရစ်ဝဲနေ၏။ သူ့မျက်လုံးများက ဧကရီကို ခက်ထန်၊ ကြမ်းကြုတ်စွာ စိုက်ကြည့်နေသည်။
“လင်းလန်ကို ပေးမလား၊ အသတ်ခံမလား”
ဝုန်း!
ထိုစကားက ဧကရီကို အကြီးအကျယ် မျက်နှာပျက်သွားစေသည်။ သူမသည် သူမရင်ထဲမှ အကြောက်တရားကို အတင်းဖိနှိပ်ကာ ယဲ့ဖန်ကို ပြန်စိုက်ကြည့်၍ ပြောလိုက်သည်။
“နင်က နတ်ဆိုးဧကရာဇ် ဖြစ်တော့ရော ဘာဖြစ်သလဲ၊ နင်က ဒီအတိုင်း ပြန်လည်မွေးဖွားလာတာလေ”
“အခု နင်က နတ်ဘုရား ဆရာသခင်အဆင့်၊ ငါက နတ်ဧကရာဇ်အဆင့်၊ ငါ နင့်ကို မသတ်နိုင်ဘူးဆိုတာကို ငါ မယုံဘူး”
ထိုသို့ပြောပြီး ဧကရီက ရှေ့သို့တိုး၍ ယဲ့ဖန်ထံသို့ ထပ်မံ၍ ပြေးဝင်လာသည်။
“ဥပဒေသ ချုပ်နှောင်စမ်း”
ဧကရီ၏ ချွန်ထက်သော လက်သည်းများက ယဲ့ဖန်ထံသို့ ကြမ်းကြုတ်စွာ ဝှေ့ယမ်း၍ ကျရောက်လာသည်။
ယဲ့ဖန်ပတ်လည်မှ ဟင်းလင်းပြင်က ထပ်မံ၍ ချုပ်နှောင်ခြင်း ခံလိုက်ရသည်။
ထိုသို့သောအချိန်၌ သူ့ဘေးပတ်လည်မှ လေဟာနယ်သည် ကြီးမားသော ထောင်လှောင့်ချိုင့်တစ်ခုအသွင်ကဲ့သို့ ဖြစ်ပေါ်လာပြီး ယဲ့ဖန်၏ခန္ဓာကိုယ်အား မာကြောစေပြီး သူ့အား ရုန်းကန်ရ ခက်ခဲစေသည်။
သူမတိုက်ကွက် အောင်မြင်တော့မည်ကိုမြင်ပြီး ဧကရီ၏ မီးဝင်းဝင်းတောက်နေသော မျက်လုံးများက ဝမ်းနည်းရိပ် သန်းလာသည်။
“နတ်ဆိုးဧကရာဇ် သေလိုက်တော့”
“ပေါက်ကွဲစမ်း”
ထိုအသံနှင့်အတူ ယဲ့ဖန်၏ ပတ်လည်မှ လေဟာနယ်သည် အရူးအမူး ပေါက်ကွဲထွက်သွားလေသည်။
ဝုန်း!
ယဲ့ဖန်တစ်ကိုယ်လုံး ပေါက်ကွဲထွက်သွားပြီး သွေးမြူခိုးများအဖြစ် ပြောင်းလဲသွားလေသည်။
*အောင်မြင်သွားပြီလား*
ဤမြင်ကွင်းကိုကြည့်ပြီး ဘေးပတ်လည်မှလူများသာမက ဧကရီသည်လည်း အနည်းငယ် အံ့အားသင့်သွားသည်။
နတ်ဆိုးဧကရာဇ်ကို အခက်အခဲမရှိဘဲ အလွယ်တကူ သတ်နိုင်လိမ့်မည်ဟု ထင်မထားမိချေ။
“မဟုတ်ဘူး၊ သူ မသေဘူး”
ဧကရီ၏ မျက်နှာထားက သုန်မှုန်လာသည်။ ထိုသို့သောအချိန်၌ အနက်ရောင် ချီမျင်စုများက လှစ်ခနဲ ဖြစ်ပေါ်လာပြီး ယဲ့ဖန်၏ခန္ဓာကိုယ် ပြန်လည်ဖြစ်တည်လာပြန်သည်။
ခန္ဓာကိုယ်က မှင်ကဲ့သို့ မည်းနက်နေပြီး အရိပ်အငွေ့က ယခင်ကထက် သန်မာလာသည်။
“မျိုးမစစ်ကောင်”
ဤမြင်ကွင်းက ဧကရီကို ကြက်သီးထသွားသေည်။
ထိုသို့သောအချိန်၌ သူမသည် ဟင်းလင်းပြင် ဥပဒေသကိုသာ ထပ်ခါထပ်ခါ အသုံးချ၍ ယဲ့ဖန်ကို အရူးအမူး သတ်ဖြတ်လေသည်။
ဝုန်း! ဝုန်း! ဝုန်း!
ထိုစဉ် လူတိုင်းကို ထိတ်လန့်စေသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာ၏။
ယဲ့ဖန်ကိုသတ်ဖြတ်ရန် ဧကရီက ဟင်းလင်းပြင် ဥပဒေသကို ထပ်ခါထပ်ခါ အသုံးပြုနေမှန်း လူတိုင်း မြင်နေရသည်။
သို့သော် တစ်ခါသတ်လိုက်တိုင်း ယဲ့ဖန်က ပြန်လည်ဖြစ်ပေါ်လာသည်။
တစ်ကြိမ်၊ ငါးကြိမ်၊ ဆယ်ကြိမ်။
….
မျက်စိတစ်မှိတ်အတွင်းမှာပင် ယဲ့ဖန်သည် အကြိမ်နှစ်ဆယ်မက အသတ်ခံလိုက်ရသည်။
သို့သော် လူတိုင်းကို ထိတ်လန့်စေသည်က တစ်ခါ အသတ်ခံလိုက်ရတိုင်း ယဲ့ဖန်၏ ပြန်လည်မွေးဖွားလာခြင်းက ပိုပို၍ သန်မာလာ၏။
သူ့ထံမှ ကြောက်မက်ဖွယ်ကောင်းသော ချုပ်ကိုင်နိုင်မှု အရိပ်အငွေ့များက ဆက်တိုက် ထွက်ပေါ်လာသည်။
“သေနာကောင်၊ သူ … သူ ပြိုင်စံရှား ခန္ဓာကိုယ် မူလဇစ်မြစ်သုံးခုကို တကယ်ကြီး ပေါင်းစပ်လိုက်ပြီပဲ”
ဧကရီ၏မျက်နှာထက်၌ အကြီးအကျယ် ထိတ်လန့်နေဟန်များ ထင်ဟပ်နေသည်။
မသေမျိုး ခန္ဓာကိုယ်သည် တစ်ကြိမ် အသတ်ခံလိုက်ရတိုင်း အားနည်းလာတတ်သည်။
သို့သော် ယဲ့ဖန်အတွက်ကတော့ ဆန့်ကျင်ဘက်ပင်။
သူသည် တစ်ခါ အသတ်ခံလိုက်ရတိုင်း ပို၍သန်လာလာသည်။ ထိုအတွက် ရှင်းပြချက်ကား တစ်ခုတည်းသာ ရှိသည်။
ဤသည်မှာ ယဲ့ဖန်က ဆန်းကြယ်ရေခဲ ခန္ဓာကိုယ်၊ ပြိုင်စံရှား ထိပ်တန်းအဆင့် အဆိပ်ခန္ဓာကိုယ်နှင့် မသေမျိုး ခန္ဓာကိုယ်တို့ကို ပေါင်းစပ်လိုက်သောကြောင့်သာ ဖြစ်လေသည်။
ပြိုင်စံရှား ခန္ဓာကိုယ်သုံးခုက လူတစ်ယောက်တည်း၌ ဖြစ်နေ၏။
ကြောက်မက်ဖွယ်ကောင်းလှပါဘိ။
စကြဝဠာထဲ၌ တစ်စုံတစ်ယောက်က ပြိုင်စံရှား ခန္ဓာကိုယ်၏ မူလဇစ်မြစ်သုံးခုကို ပေါင်းစပ်နိုင်သည်ဟု ဧကရီ တစ်ခါမှ မကြားခဲ့ဖူးချေ။ ဤသည်မှာ လုံးဝ မဖြစ်နိုင်ပေ။
ဝုန်း!
သို့သော် ထိုသို့သောအချိန်၌ ယဲ့ဖန်၏ခန္ဓာကိုယ်မှ ရုတ်တရက် မာန်ဖီသံ ထွက်ပေါ်လာ၏။ သူ၏ အသက်ရှူသံက ချက်ချင်း ပြင်းထန်လာသည်။
နတ်ဘုရား ဆရာသခင် အလယ်အလတ်အဆင့်။
လောက၏ မကောင်းဆိုးဝါး သားရဲများကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှသည့် လွှမ်းမိုးမှုက လူတိုင်းကို တုန်ယင်သွားစေသည်။
“ပြေး”
ဧကရီ ကြောက်လန့်လို့နေ၏။ သူမဘဝ၌ ပထမဆုံးအကြိမ်ဖြစ် သူမရင်ထဲ၌ ကြောက်လန့်၊ သွေးပျက်မှု ဖြစ်ပေါ်လာသည်။
ယခုအချိန်၌ ယဲ့ဖန်သည် သူမ ထင်ထားသည်ထက် သာလွန်နေမှန်း သူမ ရှင်းလင်းစွာ ခံစားမိနေသည်။
ဝှစ်! ဝှစ်! ဝှစ်!
ထိုစဉ် ဧကရီ၏ ထွက်ပြေးနှုန်းက အလွန်အမင်း လျင်မြန်လှသည်။
သို့သော် ထိုသို့ဖြစ်နေစဉ်တွင် သူမ၏ ခြေလှမ်းများက ရုတ်ခနဲ တန့်သွားသည်။ သူမမျက်လုံးများက အရှေ့မှ အနက်ရောင် ချီမျှင်စုကို ကြည့်နေမိသည်။
ထိုချီမျှင်စုများထဲ၌ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
ထိုသူကား ယဲ့ဖန်ပင်။ သို့သော် သူ၏ခန္ဓာကိုယ်အား ရေခဲတမျှ အေးစက်ခြင်းများ ဖုံးလွှမ်းနေ၏။
“ဒါ … ဒါက ဆန်းကြယ်ရေခဲခန္ဓာကိုယ်”
ဧကရီ ကြက်သီးမွေးညင်း ထလာသည်။ သူ တစ်ဘက်လှည့်လိုက်သောအခါ ဘယ်၊ညာ နှစ်ဘက်၌ ယဲ့ဖန်နှစ်ယောက် ထပ်ပေါ်လာလေ၏။
“ထိပ်တန်းအဆင့် အဆိပ်ခန္ဓာကိုယ်၊ မူလမသေမျိုး ခန္ဓာကိုယ်”
ထိုယဲ့ဖန်နှစ်ယောက်ထဲ၌ တစ်ယောက်သည် အဆိပ်ရှိသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး နှိုင်းယှဉ်မရသည့်သူ ဖြစ်သည်။
ကျန်တစ်ယောက်သည် မသေနိုင်၍ ဖျက်စီးမရနိုင်သကဲ့သို့ သွေးဆာနေသည့် အသက်ရှူသံများ ပျံ့နှံ့နေ၏။ ထိုအရာသည်ကား မသေမျိုး ခန္ဓာကိုယ်ပင်။
“ဒီကောင် ဒီလောက် အချိန်တိုလေးအတွင်းမှာ ပြိုင်စံရှား ခန္ဓာကိုယ်သုံးခုကို ပေါင်းစပ်လိုက်နိုင်တာပဲ။ သူက မကောင်းဆိုးဝါးပါလား”
ယခုအချိန်၌ ဧကရီသည် ထိတ်လန့်တုန်လှုပ်နေ၏။ သို့သော် ဤသည်မှာ အစသာရှိသေးသည်။
ယဲ့ဖန်ကိုယ်ခွဲ သုံးခုလုံး၏ လက်တစ်ဖက်စီ၌ အလုံးတစ်လုံး ထွက်ပေါ်လာပြီး ဟင်းလင်းပြင်၌ လှိုင်းထလာ၏။
ဆန်းကြယ်ရေခဲ ဘောလုံး။
ကိုးမျိုးအဆိပ်ဘောလုံး။
မသေမျိုး ဘောလုံး။
ထိုဘောလုံး သုံးလုံးလုံးသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ဧကရီ၏ ဦးခေါင်းထက်သို့ ရောက်ရှိလာပြီး တစ်နေရာတည်း၌ ပေါင်းစပ်သွားသည်။ ထို့နောက် အောက်ဘက်သို့ ပြင်းထန်စွာ ကျဆင်းလာ၏။
“မလုပ်နဲ့”
ဧကရီသည် ခြောက်ခြားသွားပြီး ဥပဒေသများကိုသုံး၍ ခုခံလေသည်။
ဝုန်း!
ပေါက်ကွဲသံ ထွက်ပေါ်လာပြီးနောက် သူမဦးခေါင်းထက်မှ ဟင်းလင်ပြင် ဥပဒေသက တစ်စစီ ပျက်စီးသွား လေတော့သည်။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ဘောလုံးက သူမကိုယ်သို့ ပြင်းထန်စွာ ထိမှန်လာ၏။
ဝုန်း!
ဧကရီသည် မီတာတစ်ထောင်အထိ လွင့်ထွက်သွားပြီး သွေးအန်လာသည်။ သူမတစ်ကိုယ်လုံး အားနည်းလို့ သွားသည်။
သို့သော် ယဲ့ဖန်သည် ဝိညာဉ်စား မကောင်းဆိုးဝါးလိုပင် သူမ မသေမချင်း မကျေအေးနိုင်ချေ။
“မင်း အားနည်းရင် မင်း သေကိုသေရမယ်”
“ပေါင်းစပ်စမ်း”
ထိုသို့ပြောပြီးနောက် ယဲ့ဖန်ကိုယ်ခွဲသုံးယောက်သည် တစ်ယောက်တည်းအဖြစ် ပေါင်းစပ်သွားလေတော့သည်။ ထို့နောက်တွင်မူ သူ့လက်ဖဝါးထက်၌ အနက်ရောင် အလင်းတန်းများ ထွက်ပေါ်လာပြီးနောက် ဧကရီထံသို့ ပြေးတင်သွားကာ သူမအား ရက်စက်စွာ စုတ်ဖြဲလေတော့သည်။
“အား”
လင်းလန်၏ ချစ်စဖွယ်ကောင်းသော ခန္ဓာကိုယ်ထဲမှ ဖောက်ထွင်းမြင်ရသည့် စိတ်ဝိညာဉ်တစ်ခု စုတ်ဖြဲခံလိုက် ရလေသည်။
#zawgyi
Chapter (438) အႏိုင္က်င့္သူ သုံးေယာက္
*ေသၿပီ*
ထိုသို႔ေသာအခ်ိန္၌ ေကာင္းကင္ထက္မွ ဧကရီႏွင့္ အျခားသူမ်ားအားလုံး ထိတ္လန႔္သြားၾကသည္။
*မေသမ်ိဳး ခႏၶာကိုယ္ပိုင္ရွင္ကို ေသမ်ိဳးက သတ္သြားတယ္*
*မေသမ်ိဳး မူလဇစ္ျမစ္က လုံးဝ စုပ္ယူျခင္း ခံလိုက္ရတယ္*
*ဒါ ဘယ္လိုလုပ္ ျဖစ္ႏိုင္မွာလဲ*
လူတိုင္း၏မ်က္ႏွာထက္၌ မယုံၾကည္ႏိုင္ဟန္မ်ားႏွင့္ ျပည့္ႏွက္ေန၏။ ေၾကာက္မက္ဖြယ္ေကာင္းေသာ မေသမ်ိဳး ခႏၶာကိုယ္ပိုင္ရွင္၌ ပ်က္စီးကိန္း ေရာက္လာလိမ့္မည္ဟု သူတို႔ ထင္မွတ္မထားၾကေခ်။
အထူးသျဖင့္ ဧကရီပင္။ ယခုအခ်ိန္၌ သူမသည္ မ်က္ခုံး တဆတ္ဆတ္ လႈပ္ေနကာ နဖူးမွ ေခြၽးေအးမ်ား တဒီးဒီးစီးက်ေန၏။
သူမသည္ ေၾကာက္မက္ဖြယ္ေကာင္းေသာ တစ္စုံတစ္ရာကို အမွတ္ရသြားဟန္ ေပၚေနသည္။
“မူလဇစ္ျမစ္ကို စုပ္ယူတယ္။ ဒါ … ဒါက ေသမင္းနတ္ဆိုး ဆုျဒာပဲ”
ဧကရီသည္ ယခုအခ်ိန္၌ လုံးဝကို ထိတ္လန႔္လို႔ေနသည္။
ေသမင္းနတ္ဆိုးဆုျဒာ။
ဘယ္အရာကမွ မသတ္ႏိုင္၊ ဘယ္အရာမွက မဝါးမ်ိဳႏိုင္ေသာအရာ။
အေျခအေနတစ္ရပ္အထိ က်င့္ႀကံၿပီးပါက ၎သည္ လႊမ္းမိုးခ်ဳပ္ကိုင္ႏိုင္ေသာ ၿပိဳင္စံရွား ခႏၶာကိုယ္၏ မူလဇစ္ျမစ္ကိုေတာင္မွ မလြဲမေသြ ဝါးမ်ိဳႏိုင္၏။
သို႔ရာတြင္မူ ဤစၾကဝဠာတစ္ခြင္၌ ေသမင္းနတ္ဆိုးဆုျဒာကို က်င့္ႀကံႏိုင္သူကား တစ္ဦးတည္းသာ ရွိေလ၏။ ထိုသူကား ….
“နတ္ဆိုးဧကရာဇ္ … နင္ … လတ္စသတ္ေတာ့ နင္က နတ္ဆိုးဧကရာဇ္ကိုး”
ဧကရီသည္ ထိုအေၾကာင္းကို စဥ္းစားမိသြားသည္ႏွင့္ သူမ၏ လွပေသာ ခႏၶာကိုယ္တစ္ခုလုံး တုန္ယင္လာၿပီး ၾကက္သီးေမြးညင္း ထလာရသည္။
ထို႔အတူ သူမစကားကို ၾကားၿပီးေနာက္ ေကာင္းကင္တစ္ခုလုံး တိတ္ဆိတ္သြားေလေတာ့သည္။
ဧကရာဇ္ပီခမ္း၊ အရွင္ႏိုင္းလ္၊ အရွင္႐ႊမ္းမင္ႏွင့္ ေထာင္ႏွင့္ခ်ီေသာ သတ္ျဖတ္သူမ်ား ေခါင္းစေျခဆုံး ေအးစက္သြားေလေတာ့သည္။
*နတ္ဆိုးဧကရာဇ္တဲ့လား*
ေလာကအုပ္ခ်ဳပ္သူ အႀကီးအကဲသုံးပါးအား တိုက္ခိုက္၍ စၾကဝဠာႀကီးအား ဖိအားေပးႏိုင္ခဲ့သည့္ ထိပ္တန္း အၾကမ္းၾကဳတ္ဆုံးေသာသူ။
*ဒါ ဘယ္လိုလုပ္ ျဖစ္ႏိုင္မွာလဲ*
လူတိုင္း၏မ်က္ႏွာထက္၌ အံ့ဩစိတ္မ်ားႏွင့္ ျပည့္ႏွက္ေနတတ္သည္။ အခ်ိဳ႕ေသာ သတ္ျဖတ္သူမ်ားသည္ ဝိညာဥ္လြင့္မတတ္ ေၾကာက္လန႔္လာၾကသည္။
“နတ္ဆိုးဧကရာဇ္ … သူ … သူက နတ္ဆိုးဧကရာဇ္လား”
ဧကရာဇ္ပီခမ္း အလြန္ အလန႔္တၾကား ျဖစ္ေနသည္။ ထိုသို႔ေသာအခ်ိန္၌ သူ လုံးဝ နားလည္သြားေလေတာ့သည္။
ဘာေၾကာင့္ ေသးႏုပ္ေသာ ကမာၻေျမသားက ငရဲဝံပုေလြဆိုးကို ဒူးေထာက္ေအာင္ လုပ္ႏိုင္ၿပီး ဂေရးထူအား သစၥာခံခိုင္းၿပီး နတ္ဧကရာဇ္တစ္ပိုင္းအဆင့္ ေလးေယာက္အား သူ႔ကို သခင္ႀကီးအျဖစ္ အသိအမွတ္ျပဳလာေအာင္ လုပ္ႏိုင္ခဲ့သလဲဆိုတာကို သူ သေဘာေပါက္သြားသည္။
*လတ္စသက္ေတာ့ သူက နတ္ဆိုးဧကရာဇ္ ျဖစ္ေနတာကိုး*
ယခင္က သူ နတ္ဆိုးဧကရာဇ္ကို သတ္ခ်င္ခဲ့သည္ကို ျပန္ေတြးမိၿပီးေနာက္ ဧကရာဇ္ပီခမ္းသည္ တေစၦမ်ိဳးႏြယ္ထဲမွ ထြက္ေျပးလာသကဲ့သို႔ တစ္ကိုယ္လုံး ၾကက္သီးေမြးညင္းထကာ တုန္ယင္လာေလေတာ့သည္။
“မင္း ထင္တာမွန္တယ္”
ထိုသို႔ေသာအခ်ိန္၌ ယဲ့ဖန္သည္ ခႏၶာကိုယ္ ျပန္လည္ျဖစ္တည္လာၿပီးေနာက္ သူ႔ႏႈတ္ခမ္းထက္တြင္ မခိုးမခန႔္အၿပဳံးမ်ိဳး ဆင္ျမန္းထားသည္။
သူ႔လက္ဝါးတစ္ဖက္ေပၚ၌ မူလဇစ္ျမစ္ သုံးခု၏ ခ်ီမွ်င္စုမ်ား ရစ္ဝဲေန၏။ သူ႔မ်က္လုံးမ်ားက ဧကရီကို ခက္ထန္၊ ၾကမ္းၾကဳတ္စြာ စိုက္ၾကည့္ေနသည္။
“လင္းလန္ကို ေပးမလား၊ အသတ္ခံမလား”
ဝုန္း!
ထိုစကားက ဧကရီကို အႀကီးအက်ယ္ မ်က္ႏွာပ်က္သြားေစသည္။ သူမသည္ သူမရင္ထဲမွ အေၾကာက္တရားကို အတင္းဖိႏွိပ္ကာ ယဲ့ဖန္ကို ျပန္စိုက္ၾကည့္၍ ေျပာလိုက္သည္။
“နင္က နတ္ဆိုးဧကရာဇ္ ျဖစ္ေတာ့ေရာ ဘာျဖစ္သလဲ၊ နင္က ဒီအတိုင္း ျပန္လည္ေမြးဖြားလာတာေလ”
“အခု နင္က နတ္ဘုရား ဆရာသခင္အဆင့္၊ ငါက နတ္ဧကရာဇ္အဆင့္၊ ငါ နင့္ကို မသတ္ႏိုင္ဘူးဆိုတာကို ငါ မယုံဘူး”
ထိုသို႔ေျပာၿပီး ဧကရီက ေရွ႕သို႔တိုး၍ ယဲ့ဖန္ထံသို႔ ထပ္မံ၍ ေျပးဝင္လာသည္။
“ဥပေဒသ ခ်ဳပ္ေႏွာင္စမ္း”
ဧကရီ၏ ခြၽန္ထက္ေသာ လက္သည္းမ်ားက ယဲ့ဖန္ထံသို႔ ၾကမ္းၾကဳတ္စြာ ေဝွ႔ယမ္း၍ က်ေရာက္လာသည္။
ယဲ့ဖန္ပတ္လည္မွ ဟင္းလင္းျပင္က ထပ္မံ၍ ခ်ဳပ္ေႏွာင္ျခင္း ခံလိုက္ရသည္။
ထိုသို႔ေသာအခ်ိန္၌ သူ႔ေဘးပတ္လည္မွ ေလဟာနယ္သည္ ႀကီးမားေသာ ေထာင္ေလွာင့္ခ်ိဳင့္တစ္ခုအသြင္ကဲ့သို႔ ျဖစ္ေပၚလာၿပီး ယဲ့ဖန္၏ခႏၶာကိုယ္အား မာေၾကာေစၿပီး သူ႔အား ႐ုန္းကန္ရ ခက္ခဲေစသည္။
သူမတိုက္ကြက္ ေအာင္ျမင္ေတာ့မည္ကိုျမင္ၿပီး ဧကရီ၏ မီးဝင္းဝင္းေတာက္ေနေသာ မ်က္လုံးမ်ားက ဝမ္းနည္းရိပ္ သန္းလာသည္။
“နတ္ဆိုးဧကရာဇ္ ေသလိုက္ေတာ့”
“ေပါက္ကြဲစမ္း”
ထိုအသံႏွင့္အတူ ယဲ့ဖန္၏ ပတ္လည္မွ ေလဟာနယ္သည္ အ႐ူးအမူး ေပါက္ကြဲထြက္သြားေလသည္။
ဝုန္း!
ယဲ့ဖန္တစ္ကိုယ္လုံး ေပါက္ကြဲထြက္သြားၿပီး ေသြးျမဴခိုးမ်ားအျဖစ္ ေျပာင္းလဲသြားေလသည္။
*ေအာင္ျမင္သြားၿပီလား*
ဤျမင္ကြင္းကိုၾကည့္ၿပီး ေဘးပတ္လည္မွလူမ်ားသာမက ဧကရီသည္လည္း အနည္းငယ္ အံ့အားသင့္သြားသည္။
နတ္ဆိုးဧကရာဇ္ကို အခက္အခဲမရွိဘဲ အလြယ္တကူ သတ္ႏိုင္လိမ့္မည္ဟု ထင္မထားမိေခ်။
“မဟုတ္ဘူး၊ သူ မေသဘူး”
ဧကရီ၏ မ်က္ႏွာထားက သုန္မႈန္လာသည္။ ထိုသို႔ေသာအခ်ိန္၌ အနက္ေရာင္ ခ်ီမ်င္စုမ်ားက လွစ္ခနဲ ျဖစ္ေပၚလာၿပီး ယဲ့ဖန္၏ခႏၶာကိုယ္ ျပန္လည္ျဖစ္တည္လာျပန္သည္။
ခႏၶာကိုယ္က မွင္ကဲ့သို႔ မည္းနက္ေနၿပီး အရိပ္အေငြ႕က ယခင္ကထက္ သန္မာလာသည္။
“မ်ိဳးမစစ္ေကာင္”
ဤျမင္ကြင္းက ဧကရီကို ၾကက္သီးထသြားေသည္။
ထိုသို႔ေသာအခ်ိန္၌ သူမသည္ ဟင္းလင္းျပင္ ဥပေဒသကိုသာ ထပ္ခါထပ္ခါ အသုံးခ်၍ ယဲ့ဖန္ကို အ႐ူးအမူး သတ္ျဖတ္ေလသည္။
ဝုန္း! ဝုန္း! ဝုန္း!
ထိုစဥ္ လူတိုင္းကို ထိတ္လန႔္ေစေသာ ျမင္ကြင္းတစ္ခု ထြက္ေပၚလာ၏။
ယဲ့ဖန္ကိုသတ္ျဖတ္ရန္ ဧကရီက ဟင္းလင္းျပင္ ဥပေဒသကို ထပ္ခါထပ္ခါ အသုံးျပဳေနမွန္း လူတိုင္း ျမင္ေနရသည္။
သို႔ေသာ္ တစ္ခါသတ္လိုက္တိုင္း ယဲ့ဖန္က ျပန္လည္ျဖစ္ေပၚလာသည္။
တစ္ႀကိမ္၊ ငါးႀကိမ္၊ ဆယ္ႀကိမ္။
….
မ်က္စိတစ္မွိတ္အတြင္းမွာပင္ ယဲ့ဖန္သည္ အႀကိမ္ႏွစ္ဆယ္မက အသတ္ခံလိုက္ရသည္။
သို႔ေသာ္ လူတိုင္းကို ထိတ္လန႔္ေစသည္က တစ္ခါ အသတ္ခံလိုက္ရတိုင္း ယဲ့ဖန္၏ ျပန္လည္ေမြးဖြားလာျခင္းက ပိုပို၍ သန္မာလာ၏။
သူ႔ထံမွ ေၾကာက္မက္ဖြယ္ေကာင္းေသာ ခ်ဳပ္ကိုင္ႏိုင္မႈ အရိပ္အေငြ႕မ်ားက ဆက္တိုက္ ထြက္ေပၚလာသည္။
“ေသနာေကာင္၊ သူ … သူ ၿပိဳင္စံရွား ခႏၶာကိုယ္ မူလဇစ္ျမစ္သုံးခုကို တကယ္ႀကီး ေပါင္းစပ္လိုက္ၿပီပဲ”
ဧကရီ၏မ်က္ႏွာထက္၌ အႀကီးအက်ယ္ ထိတ္လန႔္ေနဟန္မ်ား ထင္ဟပ္ေနသည္။
မေသမ်ိဳး ခႏၶာကိုယ္သည္ တစ္ႀကိမ္ အသတ္ခံလိုက္ရတိုင္း အားနည္းလာတတ္သည္။
သို႔ေသာ္ ယဲ့ဖန္အတြက္ကေတာ့ ဆန႔္က်င္ဘက္ပင္။
သူသည္ တစ္ခါ အသတ္ခံလိုက္ရတိုင္း ပို၍သန္လာလာသည္။ ထိုအတြက္ ရွင္းျပခ်က္ကား တစ္ခုတည္းသာ ရွိသည္။
ဤသည္မွာ ယဲ့ဖန္က ဆန္းၾကယ္ေရခဲ ခႏၶာကိုယ္၊ ၿပိဳင္စံရွား ထိပ္တန္းအဆင့္ အဆိပ္ခႏၶာကိုယ္ႏွင့္ မေသမ်ိဳး ခႏၶာကိုယ္တို႔ကို ေပါင္းစပ္လိုက္ေသာေၾကာင့္သာ ျဖစ္ေလသည္။
ၿပိဳင္စံရွား ခႏၶာကိုယ္သုံးခုက လူတစ္ေယာက္တည္း၌ ျဖစ္ေန၏။
ေၾကာက္မက္ဖြယ္ေကာင္းလွပါဘိ။
စၾကဝဠာထဲ၌ တစ္စုံတစ္ေယာက္က ၿပိဳင္စံရွား ခႏၶာကိုယ္၏ မူလဇစ္ျမစ္သုံးခုကို ေပါင္းစပ္ႏိုင္သည္ဟု ဧကရီ တစ္ခါမွ မၾကားခဲ့ဖူးေခ်။ ဤသည္မွာ လုံးဝ မျဖစ္ႏိုင္ေပ။
ဝုန္း!
သို႔ေသာ္ ထိုသို႔ေသာအခ်ိန္၌ ယဲ့ဖန္၏ခႏၶာကိုယ္မွ ႐ုတ္တရက္ မာန္ဖီသံ ထြက္ေပၚလာ၏။ သူ၏ အသက္ရႉသံက ခ်က္ခ်င္း ျပင္းထန္လာသည္။
နတ္ဘုရား ဆရာသခင္ အလယ္အလတ္အဆင့္။
ေလာက၏ မေကာင္းဆိုးဝါး သားရဲမ်ားကဲ့သို႔ ေၾကာက္မက္ဖြယ္ေကာင္းလွသည့္ လႊမ္းမိုးမႈက လူတိုင္းကို တုန္ယင္သြားေစသည္။
“ေျပး”
ဧကရီ ေၾကာက္လန႔္လို႔ေန၏။ သူမဘဝ၌ ပထမဆုံးအႀကိမ္ျဖစ္ သူမရင္ထဲ၌ ေၾကာက္လန႔္၊ ေသြးပ်က္မႈ ျဖစ္ေပၚလာသည္။
ယခုအခ်ိန္၌ ယဲ့ဖန္သည္ သူမ ထင္ထားသည္ထက္ သာလြန္ေနမွန္း သူမ ရွင္းလင္းစြာ ခံစားမိေနသည္။
ဝွစ္! ဝွစ္! ဝွစ္!
ထိုစဥ္ ဧကရီ၏ ထြက္ေျပးႏႈန္းက အလြန္အမင္း လ်င္ျမန္လွသည္။
သို႔ေသာ္ ထိုသို႔ျဖစ္ေနစဥ္တြင္ သူမ၏ ေျခလွမ္းမ်ားက ႐ုတ္ခနဲ တန႔္သြားသည္။ သူမမ်က္လုံးမ်ားက အေရွ႕မွ အနက္ေရာင္ ခ်ီမွ်င္စုကို ၾကည့္ေနမိသည္။
ထိုခ်ီမွ်င္စုမ်ားထဲ၌ ပုံရိပ္တစ္ခု ထြက္ေပၚလာသည္။
ထိုသူကား ယဲ့ဖန္ပင္။ သို႔ေသာ္ သူ၏ခႏၶာကိုယ္အား ေရခဲတမွ် ေအးစက္ျခင္းမ်ား ဖုံးလႊမ္းေန၏။
“ဒါ … ဒါက ဆန္းၾကယ္ေရခဲခႏၶာကိုယ္”
ဧကရီ ၾကက္သီးေမြးညင္း ထလာသည္။ သူ တစ္ဘက္လွည့္လိုက္ေသာအခါ ဘယ္၊ညာ ႏွစ္ဘက္၌ ယဲ့ဖန္ႏွစ္ေယာက္ ထပ္ေပၚလာေလ၏။
“ထိပ္တန္းအဆင့္ အဆိပ္ခႏၶာကိုယ္၊ မူလမေသမ်ိဳး ခႏၶာကိုယ္”
ထိုယဲ့ဖန္ႏွစ္ေယာက္ထဲ၌ တစ္ေယာက္သည္ အဆိပ္ရွိေသာ ခႏၶာကိုယ္ကို ပိုင္ဆိုင္ထားၿပီး ႏႈိင္းယွဥ္မရသည့္သူ ျဖစ္သည္။
က်န္တစ္ေယာက္သည္ မေသႏိုင္၍ ဖ်က္စီးမရႏိုင္သကဲ့သို႔ ေသြးဆာေနသည့္ အသက္ရႉသံမ်ား ပ်ံ႕ႏွံ႔ေန၏။ ထိုအရာသည္ကား မေသမ်ိဳး ခႏၶာကိုယ္ပင္။
“ဒီေကာင္ ဒီေလာက္ အခ်ိန္တိုေလးအတြင္းမွာ ၿပိဳင္စံရွား ခႏၶာကိုယ္သုံးခုကို ေပါင္းစပ္လိုက္ႏိုင္တာပဲ။ သူက မေကာင္းဆိုးဝါးပါလား”
ယခုအခ်ိန္၌ ဧကရီသည္ ထိတ္လန႔္တုန္လႈပ္ေန၏။ သို႔ေသာ္ ဤသည္မွာ အစသာရွိေသးသည္။
ယဲ့ဖန္ကိုယ္ခြဲ သုံးခုလုံး၏ လက္တစ္ဖက္စီ၌ အလုံးတစ္လုံး ထြက္ေပၚလာၿပီး ဟင္းလင္းျပင္၌ လႈိင္းထလာ၏။
ဆန္းၾကယ္ေရခဲ ေဘာလုံး။
ကိုးမ်ိဳးအဆိပ္ေဘာလုံး။
မေသမ်ိဳး ေဘာလုံး။
ထိုေဘာလုံး သုံးလုံးလုံးသည္ မ်က္စိတစ္မွိတ္အတြင္းမွာပင္ ဧကရီ၏ ဦးေခါင္းထက္သို႔ ေရာက္ရွိလာၿပီး တစ္ေနရာတည္း၌ ေပါင္းစပ္သြားသည္။ ထို႔ေနာက္ ေအာက္ဘက္သို႔ ျပင္းထန္စြာ က်ဆင္းလာ၏။
“မလုပ္နဲ႔”
ဧကရီသည္ ေျခာက္ျခားသြားၿပီး ဥပေဒသမ်ားကိုသုံး၍ ခုခံေလသည္။
ဝုန္း!
ေပါက္ကြဲသံ ထြက္ေပၚလာၿပီးေနာက္ သူမဦးေခါင္းထက္မွ ဟင္းလင္ျပင္ ဥပေဒသက တစ္စစီ ပ်က္စီးသြား ေလေတာ့သည္။
ေၾကာက္မက္ဖြယ္ေကာင္းေသာ စြမ္းအင္ေဘာလုံးက သူမကိုယ္သို႔ ျပင္းထန္စြာ ထိမွန္လာ၏။
ဝုန္း!
ဧကရီသည္ မီတာတစ္ေထာင္အထိ လြင့္ထြက္သြားၿပီး ေသြးအန္လာသည္။ သူမတစ္ကိုယ္လုံး အားနည္းလို႔ သြားသည္။
သို႔ေသာ္ ယဲ့ဖန္သည္ ဝိညာဥ္စား မေကာင္းဆိုးဝါးလိုပင္ သူမ မေသမခ်င္း မေက်ေအးႏိုင္ေခ်။
“မင္း အားနည္းရင္ မင္း ေသကိုေသရမယ္”
“ေပါင္းစပ္စမ္း”
ထိုသို႔ေျပာၿပီးေနာက္ ယဲ့ဖန္ကိုယ္ခြဲသုံးေယာက္သည္ တစ္ေယာက္တည္းအျဖစ္ ေပါင္းစပ္သြားေလေတာ့သည္။ ထို႔ေနာက္တြင္မူ သူ႔လက္ဖဝါးထက္၌ အနက္ေရာင္ အလင္းတန္းမ်ား ထြက္ေပၚလာၿပီးေနာက္ ဧကရီထံသို႔ ေျပးတင္သြားကာ သူမအား ရက္စက္စြာ စုတ္ၿဖဲေလေတာ့သည္။
“အား”
လင္းလန္၏ ခ်စ္စဖြယ္ေကာင္းေသာ ခႏၶာကိုယ္ထဲမွ ေဖာက္ထြင္းျမင္ရသည့္ စိတ္ဝိညာဥ္တစ္ခု စုတ္ၿဖဲခံလိုက္ ရေလသည္။

ငရဲမှလာသောသူ (Chapter 401 to 600)Where stories live. Discover now