ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shinစာစဉ် 29 Chapter (432)
ဝှစ်! ဝှစ်! ဝှစ်!
ထိုသို့သောအချိန်၌ ကောင်းကင်ထက်တွင် သွေးမြူခိုးများ တဖြောက်ဖြောက်ကျလျက် ရှိသည်။
သတ်ဖြတ်သူများ အဖွဲ့ထဲ၌ သတ်ဖြတ်သူတစ်ယောက်သည် ကြောက်မက်ဖွယ်ကောင်းသော ခြေဖဝါးရာနှင့်အတူ နှလုံးသား ပေါက်ကွဲထွက်သွားလေသည်။
“အား ….”
အော်ဟစ်သံများက ကောင်းကင်ထက်၌ ပဲ့တင်ထပ်နေလေသည်။
သတ်ဖြတ်သူ အယောက်တစ်သောင်းနီးပါးထဲမှ လူများ တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျလာသည်ကို လူတိုင်း ထိတ်လန့်တကြား တွေ့လိုက်ရသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရာနှင့်ချီသော သတ်ဖြတ်သူတို့ နှလုံးပေါက်ကွဲ၍ သေဆုံးသွားလေသည်။
ကြောက်မက်ဖွယ်ကောင်းလိုက်လေခြင်း။
ဤမြင်ကွင်းက သန်မာသော သိုင်းပညာရှင်များအား ထိတ်လန့်သွားစေခဲ့သည်။
“မြတ်စွာဘုရား အင်အားကြီးလှချည်လား”
အရှင်နိုင်းလ်နှင့် အရှင်ရွှမ်းမင်တို့ ရင်တုန်နေကြသည်။ နှလုံးသား၏ ဥပဒေသအား တစ်ဘက်သူ၏ ခြေသံများက ထိန်းချုပ်ထားသည့်ပုံပင်။
ထို့ကြောင့် သူတို့မျက်နှာများက ဖြူဖပ်ဖြူရော် ဖြစ်လာကြလေသည်။ ထို့အတူ ငရဲဝံပုလွေဆိုးနှင့် ဂရေးထူတို့သည်လည်း အံ့ဩနေကြသည်။
“သခင်ကြီးက ပိုသန်မာလာတဲ့ပုံပဲ”
သူတို့နှစ်ယောက်လုံး အားရတက်ကြွနေသည်။
ယဲ့ဖန်ကိုမြင်ချိန်၌ အနက်ရောင်ဝတ်ရုံနှင့်လူ တစ်ယောက်တည်းကသာ မျက်မှောင်ကြုတ်နေ၏။
“ယဲ့ဖန်”
ထိုအနက်ရောင်ဝတ်ရုံနှင့်လူ မျက်ခုံးတဆက်ဆက် လှုပ်နေ၏။
သူ ကမ္ဘာဂြိုဟ်ပေါ်မှ ထွက်ခွာလာပြီးနောက် သူသည် ကြီးမားသော အခွင့်အရေးကို ရရှိခဲ့ပြီး ကြောက်မက်ဖွယ် ကောင်းလောက်အောင် တိုးတက်လာသည်ဟု သူ ထင်ခဲ့မိသည်။
ယဲ့ဖန်၏ တိုးတက်နှုန်းက သူ ခန့်မှန်းထားသည်ထက် ပို၍ကျော်လွန်နေလိမ့်မည်ဟု သူ ထင်မထားခဲ့မိပါ။
“သူ့ကိုသတ်မှရမယ်၊ မဟုတ်လို့ကတော့ ဒီလူက မိုးကောင်းကင်ကို ဆန့်ကျင်တော့မှာ”
အနက်ရောင်ဝတ်ရုံနှင့်လူသည် ယဲ့ဖန်၏ တိုက်ပွဲဝင်ခွန်အားကို အတွင်းကျကျသိသလို အလွန် ရက်စက်ကြောင်းလည်း သိထားသည်။
ယဲ့ဖန်သည် သူ၏ရန်သူတိုင်း၏ မျက်လုံးထဲတွင် အိပ်မက်ဆိုးသာ ဖြစ်လေသည်။
သူ မသေသေးသရွေ့ ထိုအနက်ရောင်ဝတ်ရုံနှင့်လူ ဘယ်သောအခါမှ စိတ်မအေးနိုင်ပါ။
ထိုစဉ် နဂါးငွေ့တန်း ဧကရာဇ် ပီခမ်းက အနက်ရောင်ဝတ်ရုံနှင့်လူအား လှည့်ကြည့်၍ ပြာနှမ်းနေသော မျက်နှာထားနှင့် မေးလိုက်သည်။
“အလောင်းကောင် သူက ယဲ့ဖန်လား”
အနက်ရောင်ဝတ်ရုံနှင့်လူက ခေါင်းညိတ်ပြ၍ သတ်ဖြတ်လိုသော အရိပ်အငွေ့တို့ဖြင့် ပြန်ပြောလိုက်သည်။
“သူပါပဲ သူက ဘုရင်မ တစ်ချိန်လုံး တွေးတောနေတဲ့သူပါပဲ၊ သူ့ကို သတ်ရမယ်၊ သူ့ကို သေအောင် လုပ်ရပါမယ်”
“ကောင်းပြီလေ၊ သိပ်တော်တဲ့ ကမ္ဘာမြေသား ပုရွက်ဆိတ်ကောင်”
ဧကရာဇ် ပီခမ်း၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုသော အရိပ်အငွေ့များ ပြည့်နှက်နေ၏။
သူ သဘောကျသော အမျိုးသမီးက ယဲ့ဖန်အကြောင်း တွေးတောနေသည်ကို သူ တွေးနေမိသည်။
သူ၏ အစွမ်းအစ ရှိသောနောက်လိုက်များက တော်ဝင်အမိန့်ကို မနာခံဘဲ ယဲ့ဖန်ထံသို့ အညံ့ခံလိုက် ကြသည်။
အားလုံးကို ခြုံကြည့်သော် ပီခမ်းသည် ယဲ့ဖန်၏ အသားကိုစား၍ သွေးကို သောက်ပစ်ချင်စိတ် ပေါက်လာလေသည်။
ယခုလိုအချိန်၌ သူ အမုန်းဆုံးသူက မျက်စိရှေ့မှောက် ရောက်လာသဖြင့် သူ၏ သတ်ဖြတ်လိုသော ရည်ရွယ်ချက်က တစ်ဟုန်ထိုး ထိုးတက်လာသည်။
ထိုစဉ် ပီခမ်းက ရှေ့သို့လှမ်းသွားပြီး ယဲ့ဖန်ထံသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားသည်။
“သူ့အသက်ကို ငါကိုယ်တိုင် နုတ်ယူမယ်”
ဝုန်း!
ထိုစဉ် သန်မာသော မရဏ အရိပ်အငွေ့များက ယဲ့ဖန်ကို ဖုံးလွှမ်းလာသည်။
ယဲ့ဖန်နှင့် ပီခမ်းတို့ ထိပ်တိုက်တွေ့ဆုံကြလေပြီ။
“သခင်ကြီး သတိထားပါ၊ ပီခမ်းက နတ်ဧကရာဇ် တစ်ပိုင်းအဆင့်ပါ၊ သူ့လက်ထဲက ဧကရာဇ်ဓားပါ တော်တော်လေး ကြောက်ဖို့ကောင်းပါတယ်”
ဂရေးထူက ယဲ့ဖန်ကို သတိပေးလာသည်။
နတ်ဧကရာဇ်တစ်ပိုင်းအဆင့်သည် နဂါးငွေ့တန်း အင်ပါယာ၌ နဂါးငွေ့တန်း ဧကရီဘုရင်မပြီးလျင် အသန်မာဆုံးသော တည်ရှိမှု ဖြစ်လေသည်။
ထိုစဉ် ရွှေအိုရောင်ဓားတစ်လက်ကို လွှဲယမ်းလာသည်။
ပီခမ်း၏မျက်လုံးများက ယဲ့ဖန်၏ မျက်နှာကို စူးစိုက်ကြည့်လာပြီး ပါးစပ်ကို မဲ့ရွဲ့လိုက်သည်။
“မျိုးမစစ်ကောင်လေး မင်း သေဖို့သာပြင်ထား”
ထိုစကားလုံးများ၌ သတ်ဖြတ်လိုဟန်များ ပြည့်နှက်နေသည်။ ထိုစကားကို ကြားပြီးနောက် ယဲ့ဖန်က ရယ်လေသည်။
“ပုရွက်ဆိတ်တွေက မသေခင် ဘာလို့ ဒီလောက် အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ”
*ဘာ*
*ပုရွက်ဆိတ်တွေ ဟုတ်လား*
ပီခမ်း ထင်မထားမိချေ။ သူသည် မြင့်မြတ်သော နဂါးငွေ့တန်း ဧကရာဇ်တစ်ပါး ဖြစ်သော်လည်း ယဲ့ဖန်၏ မျက်လုံးထဲတွင် ဘာမှမဟုတ်သော ပုရွက်ဆိတ်တစ်ကောင် ဖြစ်နေလေသည်။
“ကောင်းပြီလေ၊ မောက်မာတဲ့ ခွေးမသားလေး”
ပီခမ်း၏ မျက်နှာက ကြောက်မက်ဖွယ်ကောင်းလှသည်။
“ဒီလိုဆိုမှတော့ မင်း သေပေတော့”
ပီခမ်း၏ ဧကရာဇ်ဓားက ဝင့်သွားပြီး ယဲ့ဖန်၏ လည်ပင်းကို တန်း၍ ခုတ်ပိုင်းလာသည်။
ရွှစ်!
ရွှေရောင် အလင်းတန်းတစ်ချက် ဖြတ်ပြေးသွားလေသည်။ ဓားချက်က အလွန်ပြင်းထန်သော အရှိန်ဖြင့် လေကိုခွင်းလာသည်။ ချက်ချင်းဆိုသလိုပင် လေဟာနယ်တစ်ခုလုံး ဟက်တက်ကွဲသွားလေ၏။
ထိုကြောက်မက်ဖွယ်ကောင်းသော ဓားချက်က ကောင်းကင်ပတ်လည်မှ ဥက္ကာခဲများထံသို့ ပျံ့နှံ့သွားပြီး ဥက္ကာခဲများအားလုံး ချက်ချင်း ပေါက်ကွဲသွားသည်။
ကြောက်မက်ဖွယ်ကောင်းသော အရှိန်နှင့်အတူ သူသည် ယဲ့ဖန်အား ဓားနှင့်ခုတ်ပိုင်းလိုက်သည်။
“သေမင်းဧကရာဇ် ဓားချက်”
ထိုစဉ် ငရဲဝံပုလွေဆိုးနှင့် ဂရေးထူတို့ မျက်နှာပျက်သွားကြသည်။
ထိုဓားချက်သည် ဧကရာဇ်ပီခမ်း၏ ကြောက်မက်ဖွယ်ကောင်းသော လူသတ်သိုင်းကွက်များထဲမှ တစ်ခု ဖြစ်လေသည်။
ဟိုအရင်တစ်ချိန်က လေမိုးကြိုး အင်ပါယာမှ နတ်ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းပညာရှင် သွေးစွန်း တစ္ဆေအရိပ်သည် တပ်မတော်ကြီးတစ်ခုကို ဦးဆောင်၍ နဂါးငွေ့တန်း အင်ပါယာသို့ ကျူးကျော် ဝင်ရောက်ခဲ့သည်။
ထိုတပ်မတော်ကြီးနှင့် သွေးစွန်းတစ္ဆေအရိပ်တို့အား ပီခမ်းက ထိုဓားချက်နှင့် သတ်ဖြတ်ခဲ့သည်။
ထို့အတူ ပီခမ်းသည် ပထမကမ္ဘာစစ်ကြီး၏ အရှင်သခင် ဖြစ်လာခဲ့လေသည်။ ဤဓားချက်သည် မိုးကောင်းကင်ကို ဖျက်ဆီး၍ မြေကမ္ဘာအား သုတ်သင်နိုင်သော လူသတ်သိုင်းကွက် ဖြစ်လေသည်။
“သခင်ကြီး သတိထား”
ဂရေးထူနှင့် ငရဲဝံပုလွေဆိုးတို့ အကြီးအကျယ် မျက်နှာပျက်ကာ အလွန်အမင်း စိုးရိမ်နေကြသည်။
ယဲ့ဖန်၏ နှုတ်ခမ်းထက်၌ လှောင်ပြုံးတစ်ခု ဖြစ်ပေါ်နေပြီး ထိုရွှေအိုရောင် ဓားချက်ကို လက်တစ်ဘက်တည်းဖြင့် ဟန့်တားလာသောကြောင့် သူတို့ အံ့အားသင့်သွားရသည်။
ငရဲဝံပုလွေဆိုးနှင့် ဂရေးထူတို့ ရင်တုန်လာသည်။ သို့သော် သူတို့သည် မျှော်လင့်တကြီး စောင့်စားနေမိကြသေးသည်။
“သေချာတယ်၊ သခင်ကြီးက အေးအေးဆေးဆေး ဖြစ်နေမှတော့ သူ သေချာပေါက် ဖမ်းနိုင်လို့ပဲ ဖြစ်ရမယ်”
ဂရေးထူနှင့် ငရဲဝံပုလွေဆိုးတို့က ယဲ့ဖန်အပေါ် ယုံကြည်မှုရှိကြသည်။
ရွှေအိုရောင်ဓား၊ ဤဓားသည် ဧကရာဇ်၏ ဓားတစ်လက်ဖြစ်ပြီး အစစ်အမှန် နတ်ဘုရားလက်နက် ဖြစ်လေသည်။
ကောင်းကင်လက်နက်ထက် အဆင့်တစ်ဆင့် ပိုမြင့်သော လက်နက်ဖြစ်သည်။
ဓားချက်တစ်ချက်တည်းနှင့်တင် ဂြိုဟ်ကမ္ဘာများကို နှစ်ခြမ်းခွဲပစ်နိုင်သည်။
သို့သော် ယခုအခါတွင် ယဲ့ဖန်က ထိုဓားကို လက်တစ်ဘက်တည်းဖြင့် ဖမ်းဆီးချင်နေသည်။ သာမန်လူများအတွက်မူ ဤသည်က ကိုယ့်သေတွင်း ကိုယ်တူးနေခြင်းနှင့် အတူတူပင် ဖြစ်လေသည်။
ယဲ့ဖန်က ထိုဓားချက်ကို ဖမ်းဆီးရဲမှတော့ သူ့၌ ကိုယ်ပိုင်လှည့်ကွက်များ ရှိလိမ့်မည်ဆိုသည်ကို ဂရေးထူနှင့် ငရဲဝံပုလွေဆိုးသာ သိလေသည်။
ထိုသို့သောအချိန်၌ သူတို့နှစ်ယောက်သည် အလွန်အမင်း စိုးရိမ်နေပြီး သူတို့၏ နှလုံးသားက လည်ချောင်းထဲမှ ခုန်ထွက်လေမလား ထင်မှတ်မှားရလေ၏။
သူတို့သည်သာမက အနက်ရောင်ဝတ်ရုံနှင့် လူသည်လည်း ပို၍ စိတ်လှုပ်ရှားနေလေသည်။
“ဟားဟား … ဘဝင်မြင်တဲ့ စစ်သည်တော်က ရှုံးနိမ့်မှာပဲ၊ ဒီခွေးမသားက တစ်ချိန်လုံး ဖျက်ဆီးနိုင်နေတော့ ဂုဏ်ယူနေတယ်ပေါ့လေ”
“နတ်ဘုရားလက်နက်ကို လက်တစ်ဘက်တည်းနဲ့ ဖမ်းမယ်တဲ့လား၊ မင်းက ကိုယ့်သေတွင်းကိုယ် တူးနေတာပဲ”
အနက်ရောင်ဝတ်ရုံနှင့်လူသည် နတ်ဘုရား လက်နက်ကြောင့် ယဲ့ဖန်၏လက်ဖဝါးက တစ်ချက်တည်းနှင့် ပြတ်ထွက်သွားမည်ကို မြင်ယောင်နေဟန်နှင့် လှောင်ပြုံးပြုံးနေသည်။
“သေစမ်း”
ပီခမ်း၏ မျက်နှာက တစ်မျိုးတစ်ဖုံ ထူးဆန်းနေသည်။ သူ့လက်ထဲမှ ဓားသည်လည်း ပို၍ အရှိန်ပြင်းလာသည်။
ဝုန်း!
ဓားချက်က ကောင်းကင်ထက်မှ သက်ဆင်းလာသည်။ ထိုစဉ် ယဲ့ဖန်၏ လက်ဖဝါးမှ ထူးဆန်းသော ရေခဲမြူခိုးများ ထွက်ပေါ်လာပြီး နတ်ဘုရားလက်နက်ဖြစ်သော ရွှေအိုရောင်ဓားကို ချက်ချင်း ဖုံးလွှမ်းသွားလေသည်။
ရွှေအိုရောင် ဓားတစ်လက်လုံး ရေခဲထုများနှင့် ဖုံးအုပ်သွားလေသည်။
ပီခမ်းတောင်မှ အရိုးကွဲမတတ် အေးသော အအေးဓာတ်ကို ခံစားမိသည်။
ထိုစဉ် ရုတ်တရက် ယဲ့ဖန်၏ လက်ဝါးက ရွှေအိုရောင်ဓားကို ဖမ်းဆုပ်လာသည်။
ချွင်ခနဲ မြည်သံထွက်ပေါ်လာပြီး ရွှေအိုရောင်ဓားသည် ယဲ့ဖန်၏ ဟန့်တားခြင်းကို ခံလိုက်ရသည်။
တောက်! တောက်!
ရဲရဲနီသော သွေးစက်များက ယဲ့ဖန်၏ လက်ဖဝါးမှ စီးကျလာသည်။ သို့သော် ကောင်းကင်တစ်ခုလုံးက တိတ်ဆိတ်လို့နေ၏။
*ဖမ်းလိုက်တာလား*
*နတ်ဘုရားလက်နက်ကို လက်တစ်ဘက်တည်းနဲ့ ဖမ်းလိုက်တယ်လား*
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
ငရဲဝံပုလွေဆိုးနှင့် ဂရေးထူတို့ ထိတ်လန့်သွားသလို ပျော်ရွှင်သွားကြသည်။
အနက်ရောင်ဝတ်ရုံနှင့်လူသည် သရဲသဘက်ကို မြင်လိုက်ရသကဲ့သို့ မျက်လုံးပြူး မျက်ဆံပြူးဖြစ်ကာ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ဖြစ်နေသည်။
“မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး၊ ဘာလို့လဲ …”
လွန်ခဲ့သော လများက ကောင်းကင်လက်နက်၏ အစွမ်းကြောင့် ယဲ့ဖန်၏ ခန္ဓာကိုယ်က ဆိုးဆိုးရွားရွား ဒဏ်ရာရခဲ့သည်ကို အနက်ရောင်ဝတ်ရုံနှင့်လူ မှတ်မိနေပါသေးသည်။
သို့သော် ထင်မှတ်မထားဘဲ လအနည်းငယ်အတွင်းမှာပင် ယဲ့ဖန်က နတ်ဘုရားလက်နက်ကို ခုခံနိုင်နေသည်။
သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အား တိုးတက်လာမှုအရှိန်က အနက်ရောင်ဝတ်ရုံနှင့်လူအား သွေးပျက် သွားစေသည်။
ထိုသို့ရှိနေချိန်တွင် နဂါးငွေ့တန်း ဧကရာဇ် ပီခမ်းသည်လည်း ထိတ်လန့်နေသောကြောင့် မျက်လုံး ကျွတ်ကျမတတ် ဖြစ်နေသည်။
“အရေပြားကိုပဲ ဖြတ်မိသွားတာလား၊ ဒါ …. ဒါ လုံးဝ မဖြစ်နိုင်ဘူး”
ပီခမ်း သွေးပျက်လာသည်။ သူ၏ ရွှေအိုရောင်ဓားအကြောင်း သူ အသိဆုံး ဖြစ်သည်။
ဓားချက်တစ်ချက်တည်းနှင့်တင် ထောင်ချီသော သန်မာသည့် ရန်သူများကို သုတ်သင်နိုင်သည်။
နတ်ဧကရာဇ် တစ်ပိုင်းအဆင့်တောင်မှ ဤဓားဖြင့် အခုတ်ခံရလျင် သေချာပေါက် သေရမည်ပင်။
သို့သော် ယခုအခါတွင် နတ်ဘုရား ဆရာသခင်အဆင့်လေးက ဖမ်းဆီးလိုက်သဖြင့် သူ့ကမ္ဘာကြီးတစ်ခုလုံး ဇောက်ထိုးမိုးမျှော် ဖြစ်သွားလေသည်။
“ငါ မယုံဘူးကွာ”
ပီခမ်းက လက်မခံနိုင်ဟန်ဖြင့် ကြုံးဝါးလာသည်။
သူသည် ဓားကို ပြန်ဆွဲယူ၍ ယဲ့ဖန်ကို ထပ်၍ခုတ်ပိုင်းလိုက်သည်။
ယဲ့ဖန်၏ နှုတ်ခမ်းထောင့်၌ အထင်သေးဟန်များ ချိတ်ဆွဲနေ၏။ သူ၏လက်ဖဝါး၌ ဆန်းကြယ် ရေခဲချီဓာတ်များ ပျံ့နှံ့လာသည်။
ဝုန်း! ဝုန်း! ဝုန်း!
မကြာခင်မှာပင် လူနှစ်ယောက်၏ တိုက်ပွဲ စတင်လေတော့သည်။ ကောင်းကင်တစ်ခုလုံး မိုးပြိုမတတ် မြည်ဟီးနေ၏။
နောက်ထပ် ဖြစ်ပေါ်လာသော မြင်ကွင်းက လူတိုင်းအား ထိတ်လန့်သွားစေသည်။
ရွှေအိုရောင်ဓားအား ယဲ့ဖန်က လက်တစ်ဘက်ဖြင့် ထပ်ဖမ်းလိုက်ပြီး ဆန်းကြယ် ရေခဲချီဓာတ်များ ရှိနေသော ကျန်လက်တစ်ဘက်ဖြင့် ပီခမ်း၏ခန္ဓာကိုယ်ကို ရိုက်နှက်လိုက်သည်။
ဝုန်း!
ပီခမ်း အသည်းအသန် ပြန်ခုခံလေသည်၊ သို့သော် သူ၏လက်သီးက ချက်ချင်း အေးခဲလုမတတ် ဖြစ်လာရသည်။
လက်သီးချက် တစ်ချက်တည်းနှင့် ပီခမ်း တစ်ကိုယ်လုံး မီတာ တစ်ရာမျှ လွင့်ထွက်သွားလေသည်။
သို့သော် … ဤသည်ကား အစသာ ရှိချေသေးသည်။
ယဲ့ဖန်၏ ရူးသွပ်ဖွယ်ကောင်းသော တိုက်ခိုက်မှုများ စတင်လာလေသည်။
ဝုန်း! ဝုန်း! ဝုန်း!
တိုက်ကွက်တိုင်း၌ ပီခမ်း နောက်ဆုတ်နေရသည်။ သူ၏ သံမဏိလက်သီးက ထိုးနှက်ခံလိုက်ရသည်။
သူ့ရင်ဘတ်သည်လည်း ဆိုးဆိုးရွားရွားကို ကျိုးကြေနေသည်။
ဧကရာဇ်၏ သွေးစက်များက လေထဲ လွင့်စဉ်လာသည်။
ဤမြင်ကွင်းက လူတိုင်းအား သွေးပျက်ခြောက်ခြားသွားစေ၏။