ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin
စာစဉ် (31) Chapter (461) မျက်လုံးတစ်လုံး နတ်ဆိုး
အရှက်မဲ့လှသည်။
မြင့်မြတ်သော ကျားနက်ဧကရာဇ်က အလွန် ဒေါသထွက်နေပြီး ထိုဒေါသစိတ်ကြောင့် ဤသို့ ရှက်ဖွယ်ကောင်းသော ကိစ္စတစ်ခုကို လုပ်လိမ့်မည်ဟု လူတိုင်း ထင်မထားမိကြချေ။
သို့သော် ကျားနက် ဧကရာဇ်သည် သူ၏ဘေးပတ်လည်မှ လူတိုင်း၏ အကြည့်များကို လုံးဝ ဂရုမစိုက်ချေ။
သူ့စိတ်ထဲတွင် ယဲ့ဖန်သည် ကျန့်ကျစ်ကြွယ်မျိုးနွယ်၏ မျိုးဆက်မဟုတ်တော့ဘဲ သေလူ တစ်ယောက်သာ ဖြစ်နေလေတော့သည်။
ယဲ့ဖန်သည် သူ၏မျက်နှာကို အိုးမဲသုတ်ခဲ့သလို သူ၏ တပည့်ကိုလည်း လုယူခဲ့သည်။ ဤသည်မှာ အပြစ်တစ်ခုပင် ဖြစ်လေသည်။
ယဲ့ဖန်သည် နိမ့်ကျသော လူတစ်ယောက်သာ ဖြစ်သော်လည်း မတူညီသော စွမ်းရည်များကို ပိုင်ဆိုင်ထားသည်။ ဤသည်က ဒုတိယ အပြစ်ဖြစ်သည်။
မည်သည့် အကြောင်းပြချက်ကြောင့်ပင် ဖြစ်စေကာမူ ကျားနက် ဧကရာဇ်၏ မျက်လုံးထဲတွင် ယဲ့ဖန်သည် သေကိုသေရမည် ဖြစ်သည်။
ယဲ့ဖန်ကို သတ်နိုင်သရွေ့ ထိတ်လန့်ဖွယ်ကောင်းသော တိုက်ပွဲဝင် စကားလုံး ကျင့်စဉ်ကို ရရနိုင်မည်ဟု တွေးမိပြီး ကျားနက် ဧကရာဇ်၏ မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် နီမြန်းလာသည်။
"ချွမ်ဖန်း"
ထိုစဉ် ကျားနက် ဧကရာဇ်က လူအုပ်ကြားထဲမှ ပါရမီရှင်တစ်ယောက်ကို လှမ်းကြည့်လိုက်သည်။
ထိုသူသည် ဆီမီးဖိုင်နယ်၌ ရှောင်ချီရှို့ကို ရှုံးနိမ့်ခဲ့သော ပါရမီရှင်တစ်ယောက် ဖြစ်လေသည်။ ချွမ်ဖန်းသည် ကျားနက် ဧကရာဇ်က သူ့ကို လှမ်းခေါ်လိုက်သံကို ကြားလိုက်ချိန်တွင် မအံ့ဩဘဲ မနေနိုင် ဖြစ်သွားရသည်။
"ကျားနက်ဧကရာဇ်"
သူ အလျင်အမြန် ပြန်ဖြေလိုက်သည်။ ကျားနက်ဧကရာဇ် ထပ်ပြောလာသောစကားက သူ့အား မှင်တက်သွားစေသည်။
![](https://img.wattpad.com/cover/259612097-288-k232604.jpg)