Chapter 457

930 97 2
                                    

ငရဲမှလာသောသူ
The Man From Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (31) Chapter (457) အောင်မြင်မှုအတွက်မဟုတ်၊ သူ့အတွက်သာ … ဖြစ်သည်

“ရက်စက်သောဘုရင်”
သေခြင်းရှင်ခြင်း ပြိုင်ကွင်း၏ ထိပ်တန်း သိုင်းပညာရှင်ဖြစ်သည်။ သူသည် လက်သီး တစ်ချက်တည်းဖြင့် နတ်ဧကရာဇ် တစ်ပိုင်းအဆင့် သိုင်းပညာရှင်တစ်ယောက်ကို သတ်ဖြတ်နိုင်သည်။
ဤမကောင်းဆိုးဝါးသည် အဆင့်တစ် အင်ပါယာရှိ ပြိုင်ကွင်းမှနေ၍ အဆင့်နှစ် အင်ပါယာရှိ ပြိုင်ကွင်းအထိ သတ်ဖြတ်ခဲ့သူ ဖြစ်သည်။ ထို့နောက်တွင်မှ ကျားနက်အင်ပါယာရှိ သေခြင်းရှင်ခြင်း ပြိုင်ကွင်းသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။
သူ့ဘဝတစ်လျှောက်လုံး၌ သတ်ဖြတ်မှုသာ ရှိခဲ့သည်။ သူ့လက်ဖြင့် ဆွဲဖြဲခံရသည့် သိုင်းပညာရှင်ပေါင်း ထောင်နှင့်ချီ၍ ရှိလောက်သည်။
ထိုသည်မှာ ငရဲခန်းလိုပင်။ ယခုအချိန်၌ … ရှန်းလုံနှင့် ရှန်းပေါင်တို့ နှစ်ဦးလုံးသည် နဖူးမှနေ၍ ချွေးတဒီးဒီး စီးကျနေကြသည်။ သူတို့ရင်ထဲ၌ စိတ်ပျက်အားလျော့ခြင်းများ ဖြစ်တည် နေကြသည်။
“ပြီးတော့ အဲ့ဒီစီလိုက မဟာနတ်ဘုရား အင်ပါယာရဲ့ ထိပ်တန်း ရက်စက်သူလေ၊ သူက မဟာနတ်ဘုရား အင်ပါယာက တော်ဝင်မျိုးနွယ်ကို ဒါဇင်နဲ့ချီပြီး သတ်ခဲ့သေးတာ”
“အဲ့ဒီခါဇန်က စိတ်ဝိညာဉ်အရိုးကို လက်တစ်ဖက်နဲ့ ဖမ်းချုပ်ပြိးတော့ ထိပ်သီး နတ်ဘုရားကို သတ်ခဲ့တာ။ အဲ့လူရဲ့လက်ထဲမှာ အသတ်ခံလိုက်ရတဲ့ နတ်ဧကရာဇ် တစ်ပိုင်းအဆင့်က အယောက်သုံးဆယ်ကျော်တယ်လို့ ပြောကြသေးတယ်”
“…”
ထိုသို့သောအချိန်၌ ရှန်းလုံနှင့် ရှန်းပေါင်တို့သည် သူတို့ မြင်နေရသည့် အရာကြောင့် ပိုပို၍ ထိတ်လန့်လာကြသည်။
ဤမျှ ရက်စက်ကြမ်းကြုတ်သော ထိပ်သီးပုဂ္ဂိုလ်များက ယဲ့ဖန်၏ ကျေးကျွန်များ ဖြစ်နေလိမ့်မည်ဟု သူတို့ ထင်မထားမိပါ။
ဤသည်မှာ တကယ့်ကို မယုံနိုင်စရာကောင်းလှသည်။
အထူးသဖြင့် ရှန်းပေါင်ပင်၊ သူ၏ ခြေထောက်များက အလွန် ပျော့ခွေနေပြီး ကြမ်းပြင်ပေါ် လဲကျတော့မတတ် ဖြစ်နေသည်။
သူသည် ယဲ့ဖန်အား ငေးကြောင်ကြည့်နေမိပြီး လိပ်ပြာလွင့်မတတ် ကြောက်လန့်နေသည်။
“ငါ … ငါ သူ့ကို ဘယ်လိုရန်စလိုက်မိတာလဲ၊ သူက ဘယ်သူလဲ …”
ရှန်းပေါင်သည် ယဲ့ဖန်၏ နောက်ခံကို မခန့်မှန်းရဲသလို ခန့်မှန်းလိုစိတ်လည်း မရှိချေ။
သူသည် ခန့်မှန်းရမည်ကို ကြောက်လန့်နေပြီး သူ့ကိုယ်သူ သေမတတ် ကြောက်လန့်သွားအောင် လုပ်မိမည်ကို စိုးရိမ်နေသည်။
ထိုသို့သောအချိန်၌ သူတို့ညီအစ်ကိုသာမက လှောင်ချိုင့်ထဲမှ သဲအိတ်လေးပါ သတိလစ်မတတ် ဖြစ်နေ၏။
“ဟာ … မိုက်လိုက်တာ၊ ငါ သူ့လောက်နီးနီး တော်ကိုတော်လာစေရမယ်”
ထိုအခိုက်၌ ယဲ့ဖန်သည် မထင်မှတ်ဘဲ သဲအိတ်လေး၏ ရင်ထဲမှ အထူးလေးစားအားကျရသူ တစ်ယောက် ဖြစ်လာလေတော့သည်။
သူ၏ပုံရိပ်က သဲအိတ်လေး၏ ငယ်ရွယ်သေးသော နှလုံးသားထဲ၌ စွဲထင်သွားပြီး မှတ်ကျောက်တင် နေလေတော့သည်။
ထိုသို့သောအချိန်၌ ယဲ့ဖန်နှင့် အယောက်သုံးဆယ်ကျော်သော နတ်ဆိုးများက တစ်ဖက်လှည့်၍ ရှန်းလုံထံသို့ စိုက်ကြည့်လာကြသည်။
ဝုန်း!
ထိုအကြည့်သည် ရှန်းလုံတို့ ညီအစ်ကိုနှစ်ယောက်အား မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ တုန်ယင်သွားစေသည်။
“မိတ်ဆွေ၊ မင်း င့ါအသင်းက သိုင်းပညာရှင်အားလုံးကို သတ်လုနီးပါး ဖြစ်ခဲ့တယ်”
“ဒီလက်စားချေတာကိုလည်း သတင်းပို့ထားပြီးပြီ၊ စိတ်ညစ်စရာပဲ၊ ငါတို့ ဒါကို ချေလိုက်ရင်ရော ဘယ်လိုလဲ”
ရှန်းလုံ တုန်ယင်နေသည်။ သူ့လက်ဖဝါး၌ ချွေးစေးများနှင့် ပြည့်နှက်နေပြီး ကျောပြင်၌ ချွေးအေးများဖြင့် စိုရွှဲနေသည်။
သူ ကြောက်လန့်နေ၏။ သူ့အတွက် သားသတ်အသင်းတစ်ခုလုံး အသတ်ခံလိုက်ရလည်း အရေးမကြီးချေ။
သူ အသက်ရှင်နေဖို့သာ အရေးကြီးသည်။ ယခုအချိန်၌ သူသည် ဤနတ်ဆိုးနှင့် ဘယ်သောအခါမှ ထပ်မတွေ့မိရန် မစောင့်နိုင်တော့ချေ။
သူ့စကားကို ကြားပြီးနောက် ယဲ့ဖန်၏နှုတ်ခမ်းက တွန့်ကွေးသွားသည်။
“ကျေလိုက်ရမယ် ဟုတ်လား”
ယဲ့ဖန်က ခေါင်းအသာခါ၍ ဖြောင့်မတ်သော ဟန်ပန် ပေါ်လာသည်။
“ရိုးသားစမ်းပါ၊ ရိုးသားစမ်းပါ၊ တကယ်လို့ ငါသာ မင်းတို့အားလုံးကို မသတ်ရင်၊ မင်းတို့က ငါတို့ကို သတ်မှာပဲလေ”
*ဘာ*
ထိုစကားက ရှန်းလုံနှင့် ရှန်းပေါင်ကို ဆီးထွက်ကျမတတ် ဖြစ်သွားစေသည်။
*ထွက်ပြေးရမယ်*
ညီအစ်ကို နှစ်ယောက်လုံး တုံ့ဆိုင်းမနေချေ။ ထိုသို့သောအချိန်၌ သူတို့သည် သူတို့ခန္ဓာကိုယ်၏ အမြန်နှုန်းကို တိုးမြင့်စေနိုင်သည့် ဆေးရည်ကို ထုတ်သောက်လိုက်ကြသည်။
ရွှစ်! ရွှစ်! ရွှစ်!
သူတို့သည် လျှပ်စီးကဲ့သို့ ချက်ချင်း ပျောက်ကွယ်သွားပြီး အသင်း၏ အပြင်ဘက်သို့ရောက်ရန် ပြေးထွက်သွားကြသည်။
မြန်ဆန်လွန်းသည်၊ ယခုအချိန်၌ ညီအစ်ကိုနှစ်ယောက်၏ အမြန်နှုန်းသည် အလွန် လျင်မြန်လှသည်။
လျပ်တစ်ပြက်အတွင်းမှာပင် အသင်း၏ တံခါးဝသို့ ရောက်သွားကြသည်။ ဤမြင်ကွင်းကို ကြည့်ပြီး ယဲ့ဖန်က ပြုံးနေပြီး သူတို့ကို တားဆီးခြင်း မရှိချေ။
သို့သော် ရှန်းလုံနှင့် ရှန်းပေါင်တို့ တံခါးဝသို့ မဖြတ်နိုင်ခင်မှာပင် တံခါးဝ၌ လျှပ်စီး အတားအဆီး တစ်ခု ဝုန်းခနဲ ထွက်ပေါ်လာသည်။
ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲစွမ်းအင်က ညီအစ်ကိုနှစ်ယောက်အား အသည်းအသန် နောက်ဆုတ်သွားစေသည်။
ဝုန်း!ဝုန်း!
နှစ်ယောက်လုံးသည် နောက်သို့ ဆယ်လှမ်းဆက်တိုက် နောက်ဆုတ်လိုက်ရပြီးနောက် နတ်ဘုရား စွမ်းအင်များ ကစဉ့်ကလျား ဖြစ်သွားသလို ခံစားလိုက်ရပြီး မျက်နှာများ မည်းမှောင်သွားကြသည်။
*ကန့်သတ်ထားတဲ့ အတားအဆီးပါလား*
သူတို့သည် အသင်းတစ်ခုလုံး အလွန် တိတ်ဆိတ်သွားပြီး ဤမျှ ထိတ်လန့်ဖွယ်ကောင်းသည့် အတားအဆီး တစ်ခု ရှိနေလိမ့်မည်ဟု ထင်မထားမိကြချေ။
နတ်ဧကရာဇ် အလယ်အလတ်အဆင့်ရှိသူ ရှန်းလုံတောင်မှ ဖောက်မထွက်နိုင်ချေ။
“အိုး ... ဒါနဲ့ စကားမစပ်၊ ငါ မင်းတို့ကို ပြောဖို့မေ့သွားလို့။ ငါ ဒီထဲ ဝင်မလာခင်တုန်းက ကိုးဆင့်ဝင်္ကပါကို ခင်းထားခဲ့တာ”
“မင်းတို့ ဒီထဲကို ဝင်လာလို့ပဲ ရတယ်၊ ထွက်သွားလို့မရနိုင်ဘူး”
ထိုစကားကိုကြားပြီး ညီအစ်ကိုနှစ်ယောက်လုံး ရင်တုန်လာကြသည်။
*သွားပြီ*
ညီအစ်ကိုနှစ်ယောက်လုံး သေမတတ် မျက်နှာ ဖြူရော်လာကြသည်။
“မင်း ... မင်း ဘာလုပ်တာလဲ”
ရှန်းလုံသည် အလွန် သွေးပျက်နေပြီဖြစ်သည်။ သူ ထွက်မပြေးနိုင်သလို အနိုင်လည်း မယူနိုင်ချေ။
ဤသည်က သူ့ကို ပို၍ ဖြူဖပ်ဖြူရော် ဖြစ်သွားစေသည်။
“မင်း ဘာလိုချင်လဲ၊ ငါက မင်း ပြောခဲ့တဲ့အတိုင်း ပြန်ပြောချင်ရုံလေးပါ”
*ဘာ*
ရှန်းလုံ မှင်တက်သွားသည်။
*ငါ ပြောခဲ့တဲ့စကားတဲ့လား*
ယဲ့ဖန် သူ ပြောခဲ့သလို ပြန်ပြောချင်နေသည့်စကားကို ရှန်းလုံ စဉ်းစားမရချေ။ ထိုစဉ် ယဲ့ဖန် စကားစလာသည်။
“မင်း ပြောခဲ့တဲ့စကားက ....”
ထိုသို့ပြောပြီး ယဲ့ဖန်က လက်ကိုဝှေ့ယမ်းလိုက်သည်။
“သွား ... သူ့ကို အတူတူသတ်ကြ”
ဝေါ့!
ထိုစကားကိုကြားသည်နှင့် ရှန်းလုံ သွေးအန်မတတ် ဖြစ်သွားသည်။ ထိုစကားသံ တန်ပြန် သက်ရောက်လာသောအခါ သူ့ဘဝအဆုံးသတ်ကို သေချာ မြင်လိုက်ရလေသည်။
ဝှစ်!ဝှစ်! ဝှစ်!
တစ်ချိန်တည်းမှာပင် ယဲ့ဖန်စကား ဆုံးသည်နှင့် သူ့ဘေးပတ်လည်မှ နတ်ဆိုးများအားလုံးက ရူးသွပ်စွာ သတ်ဖြတ်ရန် ပြင်လာကြသည်။
ဝုန်း!ဝုန်း! ဝုန်း!
ကြောက်ခမန်းလိလိ လူသတ်လိုသော အငွေ့အသက်များက ရှန်းလုံနှင့် ရှန်းပေါင်ကို လွှမ်းခြုံသွားလေသည်။ ထို့အတူ ရူးသွပ်ဖွယ်ကောင်းသော တိုက်ပွဲတစ်ပွဲ စတင်လေတော့သည်။
ထို့နောက်တွင်မူ နှိပ်စက်ညှဉ်းပန်းမှု စတင်လာသည်။
ရှန်းပေါင်သည် နတ်ဧကရာဇ် အလယ်အလတ်အဆင့် ရှိပြီး ရှန်းပေါင်က နတ်ဧကရာဇ် စဦးအဆင့် ရှိလေသည်။
သို့သော် ထိုညီအစ်ကိုနှစ်ယောက်သည် နတ်ဆိုးများ၏ လက်ထဲသို့ ကျရောက်သွားပြီး မည်သို့မျှ ပြန်လည်မတိုက်ခိုက်နိုင်ချေ။
ရွှစ်!ရွှစ်! ရွှစ်!
ရဲရဲနီသော သွေးများ ပန်းထွက်လာသည်။ သွေးစများနှင့် အသားများက ဆက်တိုက် လွင့်ပျံလာသည်။
အော်ဟစ်သံများက သားသတ်အသင်းထဲ၌ ပဲ့တင်ထပ်သွားသည်။ တစ်စက္ကန့် သို့မဟုတ် နှစ်စက္ကန့်အကြာ၌
အလောင်းနှစ်လောင်းနှင့်အတူ အသားစများက ကြမ်းပြင်ပေါ် ပြုတ်ကျလာသည်။ ထို့နောက် သားသတ်အသင်းတစ်ခုလုံး ဖျက်ဆီးလိုက်ရလေသည်။
သေသွားလေပြီ။
နာမည်ကြီး သားသတ်အသင်း၏ သခင်ကြီးနှင့် ဒုတိယသခင်ကြီးတို့၏ အလောင်း အတိုအထွာ များသာ ကျန်ရစ်တော့လေသည်။
သူတို့၏ မျက်နှာထက်၌ အလွန်အမင်း ကြောက်လန့်နေဟန်နှင့် မျှော်လင့်ချက် ပျက်သုဉ်းနေဟန်များ ထင်ဟပ်နေ၏။
အကယ်၍ ဤမြင်ကွင်းကို ကျားနက်ဂြိုဟ်မှ သိုင်းပညာရှင်များ မြင်သွားပါက သွေးပျက်သွားလောက်သည်။
ဤရက်စက်ကြမ်းကြုတ်သော လူနှစ်ယောက်က အသေဆိုးဖြင့် သေသွားကြရလိမ့်မည်ဟု မည်သူက ထင်မထားမည်နည်း။
ထိုအချိန်၌ လှောင်ချိုင့်ထဲမှ သဲအိတ်လေးသည် ကြမ်းပြင်ပေါ် ဒူးထောက်၍ ငိုကြွေးလေသည်။
“အဖေ၊ အမေ၊ ဦးလေး”
“အဖေတို့ မြင်ကြရဲ့လား”
“အဖေတို့ကို သတ်ခဲ့တဲ့ လူသတ်သမား၊ ရှောင်ချီရှို့ကို ကျွန်ပြုခဲ့တဲ့ မိစ္ဆာကောင်ကြီး သေသွားပါပြီ”
သဲအိတ်လေး၏ ရင်ထဲမှာ နာကျည်းချက်နဲ့ အမုန်းတရားများအားလုံးသည် မျက်ရည်များအဖြစ် ပြောင်းလဲသွားပြီး ပါးပြင်ထက်သို့ စီးကျလာကြသည်။
ထို့နောက် သူသည် ခေါင်းမော့၍ ယဲ့ဖန်၏ မျက်လုံးများ အလွန်အမင်း ကျေးဇူးတင်၍ ဝမ်းသာနေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
လှောင်ချိုင့်ထဲမှ ထွက်လာပြီးနောက် သူ၏ ပိန်ပါးပါးကိုယ်လေးသည် ယဲ့ဖန်ရှေ့၌ လေးဘက်ထောက် ဝပ်တွားလာသည်။
“ရှန်းလုံကို သတ်ပြီး သွေးလက်စားချေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ထို့နောက် သဲအိတ်လေးသည် ယဲ့ဖန်အား သုံးကြိမ် ဂါဝရပြုလေသည်။
သူ ခေါင်းပြန်မော့၍ ယဲ့ဖန်အား အလွန် လေးစား၍ အားကျသော အမူအရာများဖြင့် ကြည့်လာသည်။
“ကျွန်တော် ခင်ဗျားကို ဆရာအဖြစ် အသိအမှတ်ပြုချင်ပါတယ်”
*တပည့် လက်ခံရမှာလား*
သူ့စကားကို ကြားပြီးနောက် ဘေးပတ်လည်မှ နတ်ဆိုးများ လက်ခံကြပါသည်။။ သို့သော် သူတို့၏ သခင်ကြီးက ကျေးကျွန်များသာ လက်ခံပြီး တပည့် လက်မခံသည်ကို သူတို့ သိနေကြသည်။
ထိုစဉ် ...
“မင်းနာမည် ဘယ်လိုခေါ်လဲ”
ယဲ့ဖန်သည် သဲအိတ်လေးနှင့် ပတ်သက်၍ သိချင်နေမိသည်။ သေမျိုး ခန္ဓာကိုယ်ပိုင်ရှင်က အသက် ဆယ့်တစ်နှစ် သို့မဟုတ် ဆယ့်နှစ်နှစ်သာ ရှိသေးသော်လည်း နတ်ဘုရား သေနာပတိအဆင့်သို့ ရောက်နေလေ၏။
ဤကောင်လေး၏ ပါရမီက အံ့မခန်းပင်။
“ကျွန်တော့်နာမည်က သဲအိတ်လေးပါ၊ နာမည်အရင်းကတော့ ရှောင်ချီရှို့ပါ”
*ရှောင်ချီရှို့တဲ့လား*
ယဲ့ဖန် မျက်လုံးများ ဝင်းလက်သွားသည်။ ထို့နောက် လက်ဆန့်၍ ရှောင်ချီရှို့၏ ပခုံးကို ပုတ်လိုက်သည်။
“မင်းက ရူးသွပ်သားပဲ၊ ငါ သဘောကျတယ်”
“ပါရမီရှင် တိုက်ပွဲမှာ အနိုင်ရဖို့အတွက် မင်းကို တပည့်အဖြစ် ငါ လက်ခံတယ်”
ထိုသို့ပြောပြီးနောက် ယဲဖ့န်သည် ထိုင်ရာမှထ၍ နတ်ဆိုးများနှင့်အတူ သားသတ်အသင်းထဲမှ ထွက်ခွာသွားသည်။
ယဲ့ဖန်၏ကျောပြင်ကို ကြည့်ပြီး ရှောင်ချီရှို့ စိတ်လှုပ်ရှားစွာ တုန်ယင်နေသည်။
“ချန်ပီယံ၊ ငါ သေသွားရမယ်ဆိုရင်တောင်မှ ငါ ဗိုလ်စွဲအောင် လုပ်မယ်”
“အောင်မြင်မှုအတွက် မဟုတ်ဘူး။ သူ့ အတွက် ... ရအောင်လုပ်မယ်”

ငရဲမှလာသောသူ (Chapter 401 to 600)Donde viven las historias. Descúbrelo ahora