ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shinစာစဉ် (34) Chapter (498) ကြောက်မက်ဖွယ် အရိပ်
*သေသွားပြီတဲ့လား။ မြင့်မြတ်တဲ့ မိုနာဒိုဘုရင်ရဲ့ သွေးခန္ဓာကိုယ်က ခေါင်းကွဲသွားပြီးတော့ သူ့ခန္ဓာကိုယ်ကလည်း ပျက်စီးသွားသည်တဲ့လား*
ဤမြင်ကွင်းက ကမ္ဘာဦး ကောင်းကင်သခင်နှင့် ထောင်ချီသော နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်များသည် ကိုယ့်မျက်လုံးကိုယ် မယုံနိုင်လောက်အောင် ဖြစ်သွားကြသည်။
ဂလု!
နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင် နှစ်ထောင်ကျော်တို့သည် မနည်းကို တံတွေးမျိုချလိုက်မိကြသည်။ ယခုအချိန်၌ သူတို့သည် ယဲ့ဖန်အား မကောင်းဆိုးဝါးတစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်နေကြသည်။
သူသည် နတ်ဘုရား သေနာပတိ တစ်ပိုင်းအဆင့်သာ ရှိသေးသော်လည်း ယခုအခါတွင် မိုနာဒိုဘုရင်၏ သွေးခန္ဓာကိုယ်ကို သတ်လိုက်နိုင်နေသည်။
အကယ်၍ သူသာ ယခင်ဘဝက အဆင့်သို့ ရောက်ရှိလာပါက စကြဝဠာတစ်ခုလုံးအား လက်ချည်းသက်သက်ဖြင့် ဖျက်ဆီးနိုင်လောက်သည်။
လူတိုင်း ထိုသို့တွေးမိပြီးနောက် ချက်ချင်း ကြောက်လန့်တကြား ဖြစ်လာကြသည်။ ကမ္ဘာဦး ကောင်းကင်သခင်တောင်မှ ကြက်သီးမွေးညင်း ထလာသည်။ သူ၏သခင်ကြီး မည်မျှ ကြောက်ဖို့ကောင်းကြောင်းကို သူ အသိဆုံး ဖြစ်သည်။ သူ၏သခင်ကြီးသည် သွေးခန္ဓာကိုယ်နှင့်တောင်မှ ဂြိုဟ်စုနယ်မြေတစ်ခုလုံးကို သုတ်သင်နိုင်သည်။ သို့သော် ယခုအခါတွင် …
*ထွက်ပြေးရမယ်*
ထိုသို့သောအချိန်၌ ကမ္ဘာဦး ကောင်းကင်သခင်သည် သွေးပျက်နေပြီး သူ၏ ကျန်ရှိနေသော တစ်ခုတည်းသော ဦးခွံဖြင့် ကောင်းကင်ထက်သို့ ပျံတက်သွားသည်။
သူသည်သာမကချေ ဘေးပတ်လည်မှ နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင် နှစ်ထောင်ကျော်တို့သည်လည်း သည်းခြေပျက်မတတ် ထွက်ပြေးကြသည်။ ထို့နောက် ကျယ်ပြောသော အာကာသထဲသို့ ထွက်ပြေး တိမ်းရှောင်ကြလေသည်။
![](https://img.wattpad.com/cover/259612097-288-k232604.jpg)