Chapter 456

905 94 0
                                        

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (31) Chapter (456) မိတ်ဆွေများ ပြန်လည်ဆုံစည်းပြီ

ရွှစ်! ရွှစ်! ရွှစ်!
ခပ်ရေးရေး အသံက ပဲစေ့များ ကျလာသကဲ့သို့ ထွက်ပေါ်လာသည်။ သဲအိတ်လေး တစ်ကိုယ်လုံး တုန်ယင်လာ၏။
“ခင်ဗျား သေသွားပြီလား”
သူ ယခုလေးတင် ဓားချက်က အရိုးထဲသို့ နစ်ဝင်သွားသည့်အသံကို ကြားလိုက်ရသည်။ ထို့နောက် သူသည် မချိပြုံးပြုံး၍ ဖြည်းဖြည်းချင်း မျက်လုံးဖွင့်ကြည့်လိုက်သည်။
သို့သော် မြင်ကွင်းကို သေချာမြင်လိုက်ရပြီးနောက် သူ့တစ်ကိုယ်လုံး ထိတ်လန့် တုန်လှုပ် သွားရသည်။
ယဲ့ဖန်သည် နေရာ၌ ထိုင်မြဲထိုင်၍ လက်ဘက်ရည်ကို အေးအေးဆေးဆေး သောက်နေဆဲပင်။
သူ့ဘေးပတ်လည်၌ ဓားတစ်ချောင်းက လေထဲ ရစ်ဝဲနေ၏။ လူတိုင်း ငြိမ်၍ရပ်နေမိကြသည်။
ထိုသို့သောအချိန်၌ သူတို့သည် တစ်ကိုယ်လုံး မလှုပ်ရှားနိုင်သကဲ့သို့ ဖြစ်နေကြသဖြင့် အံ့ဩစရာ ကောင်းလှပေသည်။
“ဘာဖြစ်သွားတာလဲ”
သဲအိတ်လေးသည် အလွန်အမင်း မှင်တက်မိနေသည်။ ထိုမျှနှင့် မပြီးသေးချေ။
ရွှစ်!
ထို့နောက်တွင်မူ နတ်ဘုရား ဂိုဏ်းချုပ် သိုင်းပညာရှင်တစ်ယောက်၏ လည်ပင်းမှ သွေးစီးကြောင်းတစ်ခု ဖြစ်ပေါ်လာသည်ကို သူ တွေ့လိုက်ရသည်။
ထို့နောက် ထိုသိုင်းပညာရှင်၏ ဦးခေါင်းသည် လည်ပင်းထက်မျနေ၍ ပြုတ်ကျလာလေသည်။
ဝုန်း!
ထိုမြင်ကွင်းသည် ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ သဲအိတ်လေးအား နေရာမှာတင် ငုတ်တုတ်မေ့သွားစေသည်။
နောက်ထပ် ဖြစ်ပေါ်လာသော မြင်ကွင်းက သူ့အား ပို၍သွေးပျက်သွားစေသည်။ ပထမ ဦးခေါင်းတစ်လုံး ပြုတ်ကျလာပြီးနောက် ဆင့်ကဲဖြစ်စဉ် ဖြစ်ပေါ်လာသကဲ့သို့ ဒုတိယ ဦးခေါင်းတစ်လုံး ပြုတ်ကျလာသည်။
ငါးလုံးမြောက်ဦးခေါင်း၊ ဆယ်လုံးမြောက်ဦးခေါင်း။
….
မျက်တောင်တစ်ခတ်အတွင်းမှာပင် ဦးခေါင်းအလုံးနှစ်ဆယ်က ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။
ယဲ့ဖန်ဘေးပတ်လည်မှ လူစုအားလုံး၌ ခေါင်းပြတ်နေသော ခန္ဓာကိုယ်များသာ ကျန်ရစ်ခဲ့သည်။
ဘုတ်!
ထိုခေါင်းပြတ်အလောင်းများ ကြမ်းပြင်ပေါ်သို့ အရှိန်နှင့် ပြုတ်ကျသွားစဉ်တွင် ထိုအသံက လူတိုင်းအား ရင်တုန်သွားစေပြီး သူတို့မျက်လုံးကို သူတို့ မယုံနိုင်အောင် ဖြစ်နေကြလေသည်။
*သေကုန်ပြီ*
*သိုင်းပညာရှင် အယောက်နှစ်ဆယ်လုံး သေကုန်ပြီ*
ထိုသူတို့သည် နတ်ဘုရား သေနာပတိအဆင့်၊ နတ်ဘုရားဂိုဏ်းချုပ်အဆင့်များ ဖြစ်ကြပြီး နတ်ဘုရားဂိုဏ်းချုပ် အထွတ်အထိပ်အဆင့် ရှိသူများ ပါလေသည်။
နတ်ဧကရာဇ် တစ်ပိုင်းအဆင့်တောင်မှ ပါဝင်လေသည်။ ထိုသူတို့အားလုံး တစ်ချက်တည်းနှင့် အသတ်ခံလိုက်ရသည်။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
သဲအိတ်လေးသာမက ရှန်းလုံ၊ ရှန်းပေါင်နှင့် ဘေးပတ်လည်မှ ရာချီသော သိုင်းပညာရှင်များ အားလုံး ထိတ်လန့်သွားကြသည်။
ထိတ်လန့်ဖွယ်ကောင်းလှပေ၏။
“သွေးစွန်းဓား”
“အဲ့ဒါ သွေးစွန်းဓားပဲ”
ထိုသို့သောအချိန်၌ သိုင်းပညာရှင်တစ်ယောက်၏ ထအော်လိုက်သံကြောင့် လူတိုင်းသည် လေထဲ ရစ်ဝဲနေသည့် အေးစက်သော အငွေ့အသက်ရှိသော သွေးစွန်းဓားတစ်လက်ကို ကြည့်လိုက်မိကြသည်။
ထိုသွေးစွန်းဓားမှနေ၍ ရဲရဲနီသောသွေးများက တတောက်တောက် စီးကျနေ၏။
ဝုန်း!
ထိုသို့သောအချိန်၌ သားသတ်အသင်း၏ တံခါးက ပေါက်ထွက်သွားပြီး လျှပ်စီးကဲ့သို့သော ပုံရိပ်တစ်ခု ဝင်လာသည်။
“ငါ့သခင်ကြီးကို ဘယ်သူ ထိခိုက်အောင် လုပ်ရဲလဲ”
ကြောက်ခမန်းလိလိ အော်သံက ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။
ဒုက္ခသံသရာကို ခံနိုင်ရည်ရှိသော အဘိုးအိုတစ်ယောက်က ချက်ချင်း မြင်ကွင်းထဲသို့ ရောက်ရှိလာသည်။
ဂလု!
ထိုအဘိုးအိုကိုမြင်သည်နှင့် သားသတ်အသင်းရှိ ရာချီသော သိုင်းပညာရှင်များအားလုံး မနည်းကို တံတွေးမျိုချမိသွားကြသည်။
လူတိုင်း ချွေးတဒီးဒီး ကျလာကြသည်။
“သူ … သူက တုကူးမိသားစုရဲ့ စစ်နတ်ဘုရား တုကူးမလား”
“ငါ … ငါ မယုံနိုင်ဘူး၊ ဘယ်လိုလုပ် ဒီလို ကြမ်းကြုတ်တဲ့ နတ်ဘုရားက ရောက်လာတာလဲ၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
“သခင်ကြီးလား၊ အခုလေးတင် တုကူးသခင်ကြီးက ဒီကောင်လေးကို သခင်ကြီးလို့ ခေါ်လိုက်တာမလား”
“…”
ထိုသို့သောအချိန်၌ သားသတ်အသင်းတစ်ခုလုံးရှိ သိုင်းပညာရှင်များအားလုံး မှင်တက် နေကြသည်။
တုကူးသခင်ကြီး။ ဤသည်မှာ ဒဏ္ဍာရီလာ နာမည်တစ်ခု ဖြစ်လေသည်။
သူသည် ဆယ်ကျော်သက်အရွယ်ကတည်းက ကျော်ကြားပြီး ကျားနက်အင်ပါယာ၏ သမိုင်းတွင် ထိပ်သီး ပါရမီရှင်လေးယောက်ထဲမှ တစ်ယောက်ဟု လူသိများလေသည်။
သို့သော် သူသည် ကျော်ကြားလာချိန်တွင် ရုတ်တရက် ပျောက်ကွယ်သွားသည်။
နှစ်ရာချီကြာမြင့်ပြီးသောအခါမှသာ ကျားနက် အင်ပါယာသို့ ပြန်ရောက်လာခဲ့သည်။ ထိုအခါမှသာ ကျန်ရစ်ခဲ့သော မိသားစုကို ဓားပြတစ်ဖွဲ့က ဖျက်ဆီးခဲ့ကြောင်း သိလိုက်ရသည်။
ထို့ကြောင့် သူတစ်ယောက်တည်း ဓားကိုဆွဲ၍ ကျားနက် အင်ပါယာ၏ တောင်ပိုင်းဒေသမှနေ၍ မြောက်ပိုင်းဒေသသို့ ရောက်သည်အထိ သတ်ဖြတ်လေတော့သည်။
ထိုလမ်းတစ်လျှောက်၌ တည်ရှိသော ကြောက်မက်ဖွယ်ကောင်းသည့် အင်အားကြီး ဓားပြအဖွဲ့များ အားလုံး သုတ်သင်ခံလိုက်ရလေသည်။
ထိုလက်စားချေသော တိုက်ပွဲ၌ သူသည် အင်ပါယာတစ်ခုလုံးရှိ သိုင်းပညာရှင် အယောက် တစ်သောင်းနီးပါးကို သတ်ဖြတ်ခဲ့သည်ဟု ဆိုခဲ့ကြသည်။
ထိုစစ်နတ်ဘုရားက ကျားနက်အင်ပါယာတစ်ခုလုံးကို ထိတ်လန့်စေခဲ့သည်။ ထိုအခါမှစ၍ သူသည် ကျားနက် ဧကရာဇ် လက်အောက်ရှိ အသန်မာဆုံး နတ်ဧကရာဇ်အဆင့် သိုင်းပညာရှင် သုံးယောက်ထဲမှ တစ်ယောက်အဖြစ်လည်း ကျော်ကြားလာ၏။
လက်တစ်ဖက်တည်းဖြင့် တုကူးမိသားစုကို ပြန်လည် တည်ဆောက်ခဲ့ပြီး ကျားနက်ဂြိုဟ် တစ်ခွင်၌ သူ၏မိသားစုကို မည်သူမျှ ရန်မစရဲတော့ချေ။
သို့သော် ယခုအခါ၌ … သူက ဤနေရာသို့ မည်သို့ ရောက်လာသနည်း။
ရာနှင့်ချီသော သိုင်းပညာရှင်များသာမက ရှန်းလုံနှင့် ရှန်းပေါင်ပါ ထိတ်လန့် ကြောက်ရွံ့ နေကြသည်။
ထိုသည်သာမကသေးဘဲ တုကူးသခင်ကြီးသည် ဘေးပတ်လည်ကို ဝေ့ကြည့်ပြီးနောက် ယဲ့ဖန်ကို စိုက်ကြည့်လာသည်။
ထို့နောက် သူ၏မျက်လုံးမှနေ၍ မျက်ရည်များ စီးကျလာပြီး တစ်ကိုယ်လုံးသည်လည်း စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်လာလေသည်။
ဒုန်း!
ထို့နောက် သူသည် ဒူးထောက် အရိုအသေပေး၍ ဟစ်ကြွေးလာသည်။
“မြေကမ္ဘာနတ်ဆိုး ခုနှစ့်ဆယ်နှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ မိုးမြေနတ်ဆိုးက သခင်ကြီးကို ဂါရဝပြုပါတယ်”
ဝုန်း!
ထိုစကားသံသည် မိုးခြိမ်းသံကဲ့သို့ လူတိုင်းအား မှင်တက်သွားစေသည်။
*နတ်ဆိုး*
*သခင်ကြီး*
လူတိုင်း၏ အတွေးထဲသို့ သွေးပျက်ဖွယ်ကောင်းသည့် အတွေးတစ်ခု ဝင်ရောက်လာသဖြင့် သူတို့သည် သွေးပျက်၍ မှင်တက်နေကြသည်။
ထို့နောက် ရွှစ်! ရွှစ်! ရွှစ်!
သားသတ်အသင်း တစ်ခုလုံးသို့ အနက်ရောင် မြူခိုးတစ်ခုက ဖြတ်သွားသည်။ ထိုအနက်ရောင်မြူခိုး ဖြတ်ပြေးသွားသည့် နေရာတိုင်း၌ အေးစက်စက် အလင်းတန်းတစ်ခုပါ ဖြတ်ပြေးသွားပြီး ရှစ်ဆယ့်ရှစ်ယောက်သော သိုင်းပညာရှင်များ ချက်ချင်း ထအော်မိကြသည်။
“အား….”
ထိုအနက်ရောင်မြူခိုး ရောက်သွားသည့်နေရာတိုင်း၌ ငယ်သံပါအောင် ဟစ်ကြွေးသံများ ပဲ့တင်ထပ်လာသည်။
အားလုံးသည် ထိတ်လန့်ဖွယ်ကောင်းသော ငရဲခန်းတစ်ခုကို ခံစားနေလိုက်ရပုံပေါ်သည်။
ဝှစ်!
အော်သံများ ရုတ်ချည်း ရပ်တန့်သွားပြီးနောက် အနက်ရောင် မြူခိုးသည် ရုတ်တရက် အနက်ရောင် သံချပ်ကာ ဝတ်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်အသွင် ဖြစ်ပေါ်လာသည်။
ဒုန်း! ဒုန်း! ဒုန်း!
ထိုအနက်ရောင်မြူခိုး ဖြတ်ခဲ့သည့်နေရာမှ အလောင်းများသည် ဖက်ထုပ်ကဲ့သို့ လေထဲမှနေ၍ ပြုတ်ကျလာသည်။
ထိုအလောင်းများသည် အနက်ရောင်မြူခိုးက သတ်ဖြတ်ခဲ့သော သိုင်းပညာရှင် ရှစ်ဆယ့်ရှစ်ယောက်၏ အလောင်းများပင် ဖြစ်လေသည်။
ယခုအချိန်၌ အကောင်းပတိ ကျန်ရစ်သော အလောင်းဟူ၍ မကျန်ရှိခဲ့ချေ။ အလောင်းများက တစ်စစီ ပြန့်ကျဲနေပြီး သွေးများ စီးဆင်းလျက်ရှိသည်။
သွေးပျက်ဖွယ်ကောင်းလှပေ၏။
တုကူးသခင်ကြီးနှင့်တင် မလုံလောက်သေးဘဲ နောက်ထက် ကြောက်စရာကောင်းသော သူတစ်ယောက် ရောက်လာလိမ့်မည်ဟု မည်သူမှ ထင်မထားမိကြချေ။
အနက်ရောင် သံချပ်ကာနှင့် လူလတ်ပိုင်းအရွယ် အမျိုးသား၏ ခပ်ဖြူဖြူမျက်နှာကို ကြည့်ပြီး ရှန်းလုံနှင့် ရှန်းပေါင်တို့ ကြက်သီးမွေးညင်း ထသွားလေသည်။
“သူ … သူက နတ်ဧကရာဇ်အဆင့် သွေးအရိပ်အင်ပါယာရဲ့ ဧကရာဇ် သွေးအရိပ် ပဲ”
*ဟာ*
ထိုသို့သောအချိန်၌ အသင်းထဲရှိ သိုင်းပညာရှင်များအားလုံး ထိတ်လန့်သွားလေသည်။
သွေးအရိပ်အင်ပါယာသည် ကျားနက် အင်ပါယာ လက်အောက်ရှိ အင်အားကြီး အဆင့်နှစ် အင်ပါယာတစ်ခု ဖြစ်သည်။
ဧကရာဇ်များထဲမှ တစ်ယောက်ဖြစ်သော သွေးအရိပ် ဧကရာဇ်သည် အလွန် ကြောက်လန့်ဖွယ် ကောင်းသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လေသည်။
သူသည် လွန်ခဲ့သည့် နှစ်ရာပေါင်းများစွာက နန်းတက်ခဲ့ခြင်း ဖြစ်သည်။ သို့သော် သူ နန်းတက်ပြီးချိန်မှစ၍ သွေးအရိပ် အင်ပါယာသည် အင်အားကြီးလာခဲ့လေသည်။
တောင်ဘက်တိုက်ပွဲနှင့် မြောက်ဘက်စစ်ပွဲများ၌ သွေးအရိပ် သံမဏိစစ်တပ်သည် ပြိုင်ဘက်ကင်းသည်။
အထူးသဖြင့် သွေးအရိပ် ဧကရာဇ်ပင်။ သူ၏ ဦးဆောင်မှုအောက်၌ အဆင့်နှစ် အင်ပါယာနှစ်ခုနှင့် အဆင့်တစ် အင်ပါယာငါးခုလုံး လုံးဝ ပျက်ဆီးသွားခဲ့ရသည်။
သွေးအရိပ် ဧကရာဇ်သည် အဆင့်နှစ် ဧကရာဇ်များကြား၌ ထပ်သီး ဘုရင်အဖြစ် ကျော်ကြားလေသည်။
သို့ရာတွင်မူ ဤသို့ ကြောက်မက်ဖွယ်ကောင်းသည့် ဧကရာဇ်က ဤနေရာသို့ ဘယ်လိုလုပ် ရုတ်တရက် ရောက်လာရသနည်း။
*ဒါ …*
ဖြစ်နိုင်ချေတစ်ခုကို တွေးမိပြီးနောက် ရှန်းလုံနှင့် ရှန်းပေါင်တို့အပြင် ကျန်ရှိနေသေးသော သိုင်းပညာရှင်များအားလုံး ကြောက်လန့်လာကြသည်။
ဒုန်း!
ထိုစဉ် သွေးအရိပ် ဧကရာဇ်က ယဲ့ဖန်ရှေ့၌ ဒူးတစ်ဖက်ထောက်ကာ ရင်ဘတ်ပေါ် လက်တင်၍ နှုတ်ဆက်လာသည်။
“သွေးအရိပ်နတ်ဆိုးက သခင်ကြီးကို ပြန်ရောက်လာတာကို ကြိုဆိုပါတယ်”
အံ့အားသင့်နေကြသည်။ ဘေးပတ်လည်မှ လူတိုင်း မှင်တက်ငေးမောနေကြလေသည်။
*လာပြန်ပြီ၊ နတ်ဆိုးတဲ့လား*
*လာပြန်ပြီ၊ သခင်ကြီးပဲ*
လူတိုင်းသည် ထိတ်လန့်မှုက ပြီးသွားပြီဟု ထင်နေကြသည်။ သို့သော် ဤသည်မှာ အစသာ ရှိသေးလေသည်။
ဝှစ်! ဝှစ်! ဝှစ်!
ကြောက်မက်ဖွယ်ကောင်းသော လူရိပ်များက သားသတ်အသင်းထဲသို့ အတူတကွ လှစ်ခနဲ ဝင်လာကြသည်။
ငါးယောက်၊ ဆယ်ယောက်၊ အယောက်နှစ်ဆယ်။ ယခုအထိ အယောက်သုံးဆယ်ကျော် ဝင်လာကြလေသည်။
ထိုသူတို့သည် အထဲသို့ ရောက်လာသည်နှင့် အသင်းထဲရှိ သိုင်းပညာရှင်များကို အရူးအမူး သတ်ဖြတ်ကြလေသည်။
ရွှစ်! ရွှစ်! ရွှစ်!
သိုင်းပညာရှင်တစ်ယောက် သွေးအိုင်ထဲသို့ လဲကျသွားသည်။ ထို့နောက် လူတိုင်း တစ်စစီ ခုတ်ပိုင်းခံလိုက်ရသည်။
နတ်ဘုရား သေနာပတိအဆင့်ဖြစ်စေ၊ နတ်ဘုရား ဂိုဏ်းချုပ်အဆင့် ဖြစ်စေ၊ နတ်ဧကရာဇ် အဆင့်ပင် ဖြစ်စေကာမူ သေခြင်းတရားနှင့်သာ ကြုံတွေ့လိုက်ရသည်။
ဆယ်စက္ကန့်အကြာ၌ ထိုကြောက်မက်ဖွယ်ကောင်းသော သိုင်းပညာရှင်များ သတ်ဖြတ်ခြင်းကို ရပ်တန့်လိုက်ချိန်၌ သားသတ်အသင်း၏ ရာချီသော သိုင်းပညာရှင်များအားလုံး အလောင်းကောင်များ ဖြစ်သွားကြလေသည်။
ဒုန်း! ဒုန်း!
…..
သို့သော် ထိုနတ်ဆိုးများသည် ပုရွက်ဆိတ်တစ်သိုက်ကိုသာ သတ်ဖြတ်ခဲ့သည်ဟု သဘောထားပုံရပြီး ထိုအလောင်းများကို လှည့်ပင်မကြည့်ချေ။ သူတို့သည် ယဲ့ဖန်ရှေ့၌ ဒူးတစ်ဖက်ထောက်၍ ရင်ဘတ်ပေါ် လက်တင်ထားကာ အလွန်အမင်း ပျော်ရွှင်သော လေသံဖြင့် နှုတ်ဆက်လာကြသည်။
“မိစ္ဆာသခင်က သခင်ကြီးကို လာတွေ့ပါတယ်”
“နတ်ဆိုးဘုရင် ရော်ကာက သခင်ကြီးကို လာတွေ့ပါတယ်”
“နတ်ဆိုး စီလိုက သခင်ကြီးကို ဂါဝရပြုပါတယ်”
“…”
နှုတ်ဆက်သံများ တစ်သံပြီးတစ်သံ ဟိန်း၍ ထွက်ပေါ်လာပြီး စကားလုံးတိုင်းက ရှန်းလုံနှင့် ရှန်းပေါင်ကို သေးထွက်ကျမတတ် ကြောက်လန့်သွားစေသည်။

ငရဲမှလာသောသူ (Chapter 401 to 600)Where stories live. Discover now