ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han ShinCHAPTER (416) နှစ်တစ်သောင်းကျော်ကြာ ခါးသီးသော ချစ်ခြင်းမေတ္တာ
စိတ်ဝိညာဉ် တိုက်ပွဲဂြိုဟ်သည် နဂါးငွေ့တန်း အင်ပါယာနှင့် အခြား အင်ပါယာ၏ နယ်စပ်ကြား၌ ရှိနေသော ဂြိုဟ်တစ်ခု ဖြစ်သည်။
၎င်းကို မည်သည့်အင်ပါယာကမှ မပိုင်ပေ။ တကယ်တမ်းတွင် ၎င်းသည် တစ်သီးပုဂ္ဂလ တိုင်းပြည်တစ်ခု ဖြစ်သည်။
နဂါးငွေ့တန်း အင်ပါယာနှင့် အခြား အင်ပါယာများက စိတ်ဝိညာဉ် တိုက်ပွဲဂြိုဟ်အား ကျူးကျော်ရန် တစ်ချိန်က ကြိုးပမ်းခဲ့ဖူးသည်။
သို့သော် သူတို့ လူတစ်ယောက်ကြောင့် ရှုံးနိမ့်ခဲ့ကျသည်။ ထိုသူသည် စိတ်ဝိညာဉ် တိုက်ပွဲဂြိုဟ်၏ ခေါင်းဆောင်ဖြစ်ပြီး စိတ်ဝိညာဉ်သခင်ဟု ကျော်ကြားသည်။
စိတ်ဝိညာဉ်သခင်သည် အလွန် ထူးဆန်းသော အမူအကျင့်ရှိပြီး သူမကိုယ်သူမ လူလုံးထွက်ပြခဲလှသည်။
စိတ်ဝိညာဉ်ဂြိုဟ်၏ သာမန်ကိစ္စများကို သူမ၏ လက်အောက်ငယ်သား စိတ်ဝိညာဉ် သေနာပတိ လေးယောက်က ကိုင်တွယ်ဖြေရှင်းလေ့ရှိသည်။
….
စိတ်ဝိညာဉ် တိုက်ပွဲဂြိုဟ်၏ ဆိတ်ငြိမ်သော လက်ဘက်ရည်စံအိမ်အတွင်း၌ လှပသော မိန်းမပျိုတစ်ယောက်သည် ထိုင်ခုံ၌ ထိုင်နေရင်း လက်ဘက်ရည်တစ်ခွက်ကို စိမ်ပြေနပြေ အရသာခံ၍ သောက်နေသည်။
သူမသည် ခါးသက်စွဲ လက်ဘက်ရည်ကို သောက်နေခြင်း ဖြစ်သည်။ ဤစံအိမ်တစ်ခုတည်းကသာ ထူးကဲသော လက်ဘက်ရည်ကို စီမံပေးနိုင်သည်။
ထိုမိန်းမပျိုလေး၏ မျက်နှာသည် ပန်းပွင့်လေးကဲ့သို့ လှပလှသည်။ သူမသည် ထိုင်လျက်နှင့် ပြတင်းပေါက် အပြင်ဘက်သို့ ငေးကြည့်နေသည်။
လမ်းမပေါ်မှ ဖြတ်သွားဖြတ်လာများကို ကြည့်ရင်း သူမ၏ လှပသော မျက်ဝန်းတွင် အလွန်အမင်း စွဲလမ်းသော အကြည့်များဖြင့် ပြည့်နှက်လာသည်။
“နှစ်တစ်ထောင်တောင် ကျော်နေပြီ။ ငါ သူနဲ့ နောက်ထပ် ဘယ်တော့မှ မတွေ့ရတော့ဘူးလား”
သူမ၏ ခါးသက်စွဲ လက်ဘက်ရည်ကို သောက်လိုက်ပြီးနောက် မိန်းမပျိုလေးက မချိပြုံးပြုံး၍ ရေရွတ်လိုက်သည်။
ထိုစဉ် အစေခံတစ်ယောက်က သူမဆီ ခပ်သွက်သွက် လှမ်းလာသည်။ သူမက မိန်းပျိုလေးဆီသို့ ရောက်သောအခါ ဒူးတစ်ဘက်ထောက်၍ သတင်းပို့လာသည်။
“စိတ်ဝိညာဉ်သခင်”
ထိုလှပသော မိန်းမပျိုလေးသည် စိတ်ဝိညာဉ် တိုက်ပွဲဂြိုဟ်၏ စိတ်ဝိညာဉ်သခင် ရက်ရှာ ဖြစ်သည်။ သူမသည် စိတ်ဝိညာဉ် တိုက်ပွဲဂြိုဟ်အား တည်ထောင်ခဲ့ပြီး စကြဝဠာတစ်ဝိုက်က သေဆုံးသွားသော စိတ်ဝိညာဉ်များကို စုစည်းခဲ့သည်။
သူမသည် စိတ်ဝိညာဉ် တိုက်ပွဲဂြိုဟ်၏ ဘုရင်ဖြစ်လေသည်။
“ဘာကိစ်စလဲ”
မိန်းမပျိုလေးက ပြန်မေးလိုက်သည်။ သူမ ခေါင်းကိုပင် မမော့ဘဲ သူမ၏ ခါးသက်စွဲ လက်ဘက်ရည်ကို အရသာခံရင်း လမ်းမပေါ်က လူများကို ငုံ့ကြည့်နေသည်။ ထိုအခါ အစေခံမလေးက အလျင်စလို သတင်းပို့လိုက်သည်။
“စိတ်ဝိညာဉ်သခင် ကျွန်မ အခုလေးတင် သတင်းတစ်ခု ရလာခဲ့ပါတယ်။ မျိုးရိုးနာမည် ယဲ့နဲ့ နောက်ထပ် သိုင်းပညာရှင်တစ်ယောက် စိတ်ဝိညာဉ်တိုက်ပွဲဂြိုဟ်ကို ရောက်လာပါတယ်”
*မျိုးရိုးနာမည်ယဲ့*
ထိုမျိုးရိုးနာမည်ကို ကြားပြီး လှပသော မိန်းမပျိုလေး၏ မျက်လုံးများ တောက်ပသွားသည်။
“ဟင်း သူက နှစ်တစ်ထောင်ကျော်အတွင်း တစ်သောင်းခုနစ်ထောင့်နဲ့ ရှစ်ဆယ့်လေးယောက်မြောက် လူပဲ”
“ဟုတ်ပါတယ် စိတ်ဝိညာဉ်သခင်”
အစေခံလေးက မချိပြုံးပြုံး၍ ဖြေလိုက်သည်။
စိတ်ဝိညာဉ် တိုက်ပွဲဂြိုဟ်သည် စကြဝဠာထဲမှ စိတ်ဝိညာဉ် ဆရာသခင်များအတွက် အထူးတလည် တည်ထောင်ထားခြင်း ဖြစ်သည်။
သို့သော် စိတ်ဝိညာဉ်သခင်သည် မျိုးရိုးနာမည် ယဲ့ပါသော စိတ်ဝိညာဉ် ဆရာသခင် အယောက် တစ်သောင်းခုနစ်ထောင်ကျော်နှင့် ဆုံပြီးတာတောင်မှ လူတစ်ယောက်ကို ရှာလို့မတွေ့နိုင်သေးခချေ။
“အဲ့မျိုးရိုးနာမည်ယဲ့နဲ့ စိတ်ဝိညာဉ် ဆရာသခင်အသစ်ရဲ့ သိုင်းအဆင့်က ဘယ်လိုလဲ”
မိန်းမလှလေးက မျှော်လင့်ချက် ရှိသေးဟန်ဖြင့် အေးအေးဆေးဆေး မေးလိုက်သည်။ သူမအမေးကို ကြားပြီး အစေခံလေးက အနည်းငယ် စိတ်ပျက်သွားဟန်ဖြင့် ပြန်ပြောလိုက်သည်။
“သူက နတ်ဘုရား ဆရာသခင်အဆင့်ပဲ ရှိပါတယ်”
*နတ်ဘုရား ဆရာသခင်တဲ့လား*
ရက်ရှာက ခါးသီးစွာ ပြုံး၍ ခေါင်းခါကာ ပြောလိုက်သည်။
“သူ မဟုတ်ဘူးပဲ”
ထိုသို့ပြောပြီး သူမသည် ကိစ္စရပ်များကို သိမြင်နေပြီးဟန်ဖြင့် သူမ၏ ခါးသက်စွဲ လက်ဘက်ရည်ကိုသာ ဆက်၍ အရသာခံနေလိုက်သည်။
ထို့နောက် အစေခံမလေးက ရက်ရှာက စိတ်ဝိညာဉ်သခင်၏ ပူဆွေးမှုကို သတိထားမိကာ သနားစိတ်ဖြင့် မေးလိုက်သည်။
“စိတ်ဝိညာဉ်သခင်၊ မျိုးရိုးနာမည်ယဲ့နဲ့ စိတ်ဝိညာဉ် ဆရာသခင်ကို ရှာနေတာ နှစ်တွေပဲ ကြာနေပြီ၊ ဒါပေမယ့် သူ့နာမည် အပြည့်အစုံကို သခင်မ တစ်ခါမှ ထုတ်မပြောဖူးဘူးနော်”
*သူ့နာမည်အပြည့်အစုံလား*
သူမစကားကြောင့် ရက်ရှာက ခါးသက်စွဲ လက်ဘက်ရည်က ပို၍ ခါးလာဟန်ဖြင့် မချိပြုံးပြုံး၍ ပြောလိုက်သည်။
“ငါ … သူ့နာမည်ကို အပြည့်အစုံ မသိဘူး”
*ဘာ*
အစေခံမလေး တွေဝေသွားရသည်။
*စိတ်ဝိညာဉ်သခင်က သူ့မျိုးရိုးနာမည်ပဲ သိတာလား။ ဒါပေမယ့် သူမက သူ့ကိုရှာနေတာ နှစ်တစ်ထောင် ကျော်နေပြီလေ*
အစေခံမလေး မယုံသင်္ကာ ဖြစ်သွားရသည်။ သူမစိတ်ထဲတွင် စိတ်ဝိညာဉ် သခင်မသည် စကြဝဠာထဲတွင် အပြတ်သားဆုံးသူ ဖြစ်သည်။
သူမသည် ရက်စက်၍ အကြင်နာတရား ကင်းမဲ့သည်။
သူမသည် စိတ်ဝိညာဉ် တိုက်ပွဲဂြိုဟ်ကို တည်ထောင်ခဲ့ပြီး ထောင်နှင့်ချီသော စိတ်ဝိညာဉ်များကို သူမထံ အညံ့ခံလာအောင် လုပ်နိုင်ခဲ့သည်။
သို့သော် သူမက အမည်မသိသော ယောကျာ်းတစ်ယောက်ကို နှစ်တစ်ထောင်ကျော်ကြာအောင် စောင့်မျှော်နေခဲ့လေသည်။ အံ့ဩစရာ ကောင်းလှပေ၏။
ထို့နောက် ရက်ရှာက သူမအစေခံ၏ ဇဝေဇဝါဖြစ်နေသော အမူအရာကို ရိပ်မိဟန်ဖြင့် ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။
“လွန်ခဲ့တဲ့ နှစ်တစ်ထောင့်နှစ်ရာကျော်တုန်းက ယိုမင်ကလန်က ကြောက်စရာကောင်းတဲ့ စိတ်ဝိညာဉ် ဆရာသခင်တွေရဲ့ သုတ်သင်ခြင်းကို ခံခဲ့ရတယ်။ အဲ့တုန်းက ယိုမင်ကလန်ရဲ့ နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ ငါ့နောက်ကို သူတို့က ဂြိုဟ်ပေါင်းများစွာ ဖြတ်ပြီး လိုက်လံဖမ်းဆီးခဲ့တယ်”
“အဲ့အချိန်တုန်းက ငါက ကောင်မလေးသာသာပဲ ရှိသေးတာ။ ငါ့မှာ ထူးချွန်တဲ့ လျှို့ဝှက်သိုင်းကျမ်း ရှိပေမယ့်လည်း ငါ့ခွန်အားက အရမ်းအားနည်းလွန်းခဲ့တယ်”
“နောက်ဆုံးကျတော့ ငါက အရမ်းအင်အားကြီးတဲ့ စိတ်ဝိညာဉ် ဆရာသခင်အဖွဲ့တစ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတယ်”
“အဲ့အချိန်မှာ လူတစ်ယောက်က ကောင်းကင်ကနေ ဆင်းလာတယ်”
ထို့နောက် ရက်ရှာက ထိုထူးကဲသော အခိုက်အတန့်လေးကို အမှတ်ရလာဟန်ဖြင့် နွေးထွေးစွာ ပြုံးလာသည်။
“အဲ့လူက ငရဲက လာသလားတောင် မှတ်ရတယ်”
“သူက အဲ့အင်အားကြီးတဲ့ စိတ်ဝိညာဉ် ဆရာသခင်တွေကို တစ်ချက်တည်းနဲ့ သတ်ပစ်ခဲ့တာ”
“သန်မာလွန်းတယ်။ ထိတ်လန့်စရာ ကောင်းတယ်။ အဲ့အချိန်ကတည်းက စပြီး သူက ငါ့ရင်ထဲက နတ်ဘုရား ဖြစ်လာတာပဲ”
သူမစကားကြောင့် အစေခံမလေးက ခေါင်းတဆတ်ဆတ်ညိတ်ကာ သိချင်စိတ်ဖြင့် မေးလိုက်မိသည်။
“နောက်တော့ ဘာဖြစ်လဲဟင်”
“နောက်တော့ …”
ရက်ရှာ၏ နွေးထွေးသော အပြုံးက ခါးသီးသော အပြုံးအဖြစ်သို့ ပြောင်းလဲသွားပြီး ဆက်ပြောလာသည်။
“သူက ယိုမင်ကလန်ရဲ့ နောက်ဆုံးမျိုးဆက် ငါက မိဘမဲ့တစ်ယောက် ဖြစ်နေခဲ့တာကို သနားခဲ့တယ်။ အဲ့ဒါကြောင့် သူက လျှို့ဝှက်သိုင်းကျမ်းတစ်ခုနဲ့ လက်ဘက်ရွက်တစ်ထုပ်ကို ထားခဲ့ပြီးတော့ ထွက်သွားခဲ့တယ်”
“ငါ သူ့နာမည်မေးပင်မယ့်လည်း သူက သူ့မျိုးရိုးနာမည်က ယဲ့ဆိုတာကိုပဲ ပြောပြခဲ့တယ်”
“သူက ခါးသက်စွဲ လက်ဘက်ရည်က ယိုမင်ကလန်က ထူးကဲတဲ့အရာတစ်ခု ဖြစ်တယ်လို့ ငါ့ကို ပြောခဲ့တယ်”
*နားလည်သွားပြီ*
သူမ၏ စိတ်ဝိညာဉ်သခင်က ဘယ်လိုပဲဖြစ်နေပါစေ ခါးသက်စွဲ လက်ဘက်ရည်ကိုသာ သောက်ဖို့ မလျှော့တမ်း ပြောနေခဲ့သလဲဆိုတာကို အစေခံမလေး နားလညသ်ွားသည်။
ခါးသက်စွဲ လက်ဘက်ရည်၌ အခါးသီးဆုံး စွဲလမ်းမှု ပါဝင်နေသည်ကိုး။
“စိတ်ဝိညာဉ် သခင်။ သူ့ကို ထပ်စောင့်မနေပါနဲ့တော့။ သူက သခင်မကို လွန်ခဲ့တဲ့နှစ် ထောင့်နှစ်ရာကတည်းက မေ့သွားလောက်ပါပြီ”
အစေခံမလေးက စိတ်ဝိညာဉ်သခင်ကို သနားသလို ကြည့်၍ ဖြောင်းဖြလိုက်သည်။ သူမ၏ အကြံပေးစကားကို နားထောင်ပြီးနောက် ရက်ရှာက စိတ်ဓာတ်ကျသလို သက်ပြင်းချ၍ ပြန်ပြောလိုက်သည်။
“ကြည့်ရတာ စောင့်နေရတာက ငါ့ရဲ့ စိတ်ရဲ့ ကဏ္ဍတစ်ခုလို ဖြစ်နေပြီ ထင်ပါရဲ့။ အခု ငါစောင့်နေတာ နှစ်လည်း ထောင်ကျော်နေပြီဆိုတော့ ဆက်စောင့်နေရလည်း ငါ့အတွက် ဘာမှမဖြစ်ပါဘူး …”
ရှက်ရှာက ပြောရင်း ခါးသက်စွဲ လက်ဘက်ရည်ကို ဆက်သောက်နေလိုက်သည်။ လက်ဘက်ရည်က ပို၍ ခါးနေသလိုပင်။
လက်ဘက်ရည်ကို တစ်ငုံသောက်ပြီးနောက် သူမက ပြတင်းပေါက်မှတစ်ဆင့် လမ်းမထက်ကို လှမ်းကြည့်လိုက်သည်။
ခွမ်း!
သူမ၏ လက်ဘက်ရည်ခွက်သည် သူမလက်ထဲမှ လွတ်ကျသွားပြီး ကွဲကြေသွားသည်။ တစ်ချိန်တည်းမှာပင် သူမသည် ရုပ်သေးရုပ်ကဲ့သို့ တောင့်တောင့်ကြီး ဖြစ်နေသည်။
“စိတ်ဝိညာဉ်သခင်။ ဘာ …. ဘာဖြစ်လို့လဲ”
သူမ၏ စိတ်ဝိညာဉ်သခင်က ဤကဲ့သို့ မူမမှန်သော အပြုအမူဖြင့် ပြုမူနေသည်ကို သူမ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ပြီး အလွန်ထိတ်လန့်သွားသည်။
“အဲ့လူက …”
ထိုအချိန်တွင် ရက်ရှာသည် လမ်းမပေါ်မှ အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်ကို ကြည့်နေသည်။
ထို့နောက်တွင်မူ သူမ၏ သေးသွယ်သော ကိုယ်လုံးလေးက ထိတ်လန့်မှုကြောင့် တုန်ယင်လာသည်။
ထိုသူသည် သူမ အမြဲအိပ်မက်မက်နေခဲ့သည့်လူနှင့် အလွန် တူလွန်းလှသည်။ အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်အား မြင်ခဲ့ရသည်ဟု သူမ အကြိမ်ပေါင်းများစွာ အိပ်မက်မက်ခဲ့ဖူးသည်။
လမ်းမပေါ်မှလူသည် သူမအိမ်မက်ထဲမှ ယောကျ်ားတစ်ယောက်နှင့် တစ်ထပ်တည်း တူလှသည်။
*ဒါ … လုံးဝ မဖြစ်နိုင်ဘူး*
“အဲ့ဒါ သူလား။ သူ တကယ်ပဲ ဒီကိုရောက်နေတာလား”
ရက်ရှာ သူမမျက်လုံးနှင့် မြင်ရသည်ကို မယုံနိုင်သေးပေ။ သူမသည် ချက်ချင်း ပြတင်းပေါက်မှ ခုန်ဆင်းကာ လူအုပ်ထဲမှ လူတစ်ယောက်ကို အရူးအမူး လိုက်ရှာနေသည်။
*ရှင် ဘယ်မှာလဲ*
*ကျွန်မ ရှင့်ကို အခုလေးတင် မြင်လိုက်တာလေ*
သူမနဖူးမှ ချွေးများ စီးကျလာသည်။ ထို့အတူ သူမသည် လူအုပ်ထဲ လိုက်ရှာနေခြင်းက အလကား ဖြစ်လာသည်။
ထိုသို့သော အချိန်တွင် သူမအစေခံက သူမဘေးသို့ အပြေးလာကာ စိုးရိမ်တကြီးနှင့် သိချင်စိတ်ဖြင့် မေးလိုက်သည်။
“စိတ်ဝိညာဉ်သခင် ဘာဖြစ်လို့လဲ။ ဘာမြင်လိုက်လို့လဲ”
အစေခံမလေး မယုံနိုင်သလို ဖြစ်နေ၏။ သူမ၏ စိတ်ဝိညာဉ်သခင်က ဒီလောက် ပျော်မြူးနေတာ သူမ ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
သူမစကားကို ကြားပြီး ရက်ရှာသည် စိတ်ပျက်သွားသော မျက်နှာနှင့် သက်ပြင်းချလိုက်သည်။
“ငါ အခုလေးတင် ငါ ရှာနေတဲ့ လူကို မြင်လိုက်ရသလိုပဲ”
“ဒါပေမယ့် သူက မျက်စိတစ်မှိတ်အတွင်း ပျောက်သွားတယ်”
စိတ်ဝိညာဉ်သခင်၏ စကားကြောင့် အစေခံမလေး မှင်တက်သွားသည်။ ထို့နောက် သူမ ပြန်မေးလိုက်သည်။
“စိတ်ဝိညာဉ်သခင် သခင်မ အထီးကျန်နေလို့ ထင်ယောင်ထင်မှား ဖြစ်နေတာလား”
“ဖြစ်နိုင်တယ်”
ရက်ရှာသည်လည်း ထိုသို့ယုံကြည်မိသွားသည်။
သူမ လိုက်ရှာနေသည်မှာ နှစ်တစ်ထောင် ကျော်နေပြီဖြစ်သဖြင့် သည်လို တိုက်ဆိုင်မှုမျိုး ရှိနေလိမ့်မည်ဟု သူမ ထင်မထားမိပေ။
ထို့နောက် ရက်ရှာသည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကိုခါ၍ ပြောလိုက်သည်။
“ပြန်ကြစို့”
#zawgyi
CHAPTER (416) နှစ်တစ်သောင်းကျော်ကြာ ခါးသီးသော ချစ်ခြင်းမေတ္တာ

“ဘာကိစ္စလဲ”

လမ်းမပေါ်မှလူသည် သူမအိမ်မက်ထဲမှ ယောက်ျားတစ်ယောက်နှင့် တစ်ထပ်တည်း တူလှသည်။