ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shinစာစဉ် 38 Chapter 556 မင်း အသက်ရှင်ချင်လား ဒါမှမဟုတ် သေချင်လား
“သွားပြီ၊ ဒီကောင်လေးတော့ ကံဆိုးရှာပြီ။ လင်ဖေးယွီက ဓားတစ်သောင်းဂိုဏ်းက လူငယ်မျိုးဆက်ထဲမှာ အရက်စက်ဆုံး လူတစ်ယောက်ပဲ၊ ဒေါသကြီးပြီး လူမဆန်ဘူး”
“ဟုတ်တယ်၊ ဟိုအရင်တုန်းက သူက အင်မော်တယ် သူတော်စင် နောက်ဆုံးအဆင့်ကို သားရဲတစ်ကောင်လို ရက်ရက်စက်စက် ဆွဲဖြဲခဲ့ဖူးတာကို ငါကိုယ်တိုင် မြင်ခဲ့ဖူးတယ်”
“လင်ဖေးယွီက ဟူရွှမ်ကို ဂရုအစိုက်ဆုံးပဲ၊ ဒီတစ်ခေါက် ဒီကောင်လေးက ဟူရွှမ်ကို ရန်စခဲ့မိတယ်ဆိုတော့ လင်ဖေးယွီ သူ့ကို ဘယ်နည်းလမ်းသုံးပြီး သတ်မလဲဆိုတာကို ငါ မပြောတတ်ဘူး”
“…”
လူတိုင်း ယဲ့ဖန်ကို ကရုဏာသက်ဟန်ဖြင့် ကြည့်လာကြသည်။ သူတို့ ယဲ့ဖန်၏ ဆိုးရွားလှသော အဆုံးသတ်ကို ကြိုမြင်နေပုံရသည်။ ထိုစဉ် အားလုံး တီးတိုးဝေဖန်နေကြချိန်၌ လင်ဖေးယွီက ယဲ့ဖန်ထံသို့ တစ်လှမ်းချင်း လှမ်းလာသည်။
အနားသို့ တဖြည်းဖြည်း နီးကပ်သွားသည်နှင့် ဟူရွှမ်၏ မျက်နှာထားက နီရဲလာပြီး ယဲ့ဖန်အား မလိုမုန်းတီး၍ ရက်စက်ဟန်များဖြင့် ကြည့်လာသည်။
“စီနီယာ အစ်ကိုကြီး၊ ကျုပ်အတွက် အဲ့ကောင် မျက်လုံးကို ဖောက်ထုတ်ပေးပါ။ ကျုပ် သူ့မျက်လုံးကို နင်းချေပြီး သူ့ခေါင်းကို ဖိမယ်၊ ကျုပ် သူ့ဘောကို ကန်ပစ်မယ်ဗျာ”
ဟူရွှမ်က သွေးဆာနေသော အပြုံးဖြင့် ပြုံးနေသည်။ သူ့စကားကြောင့် ခရမ်းပြာ နတ်မိမယ် မျက်နှာပျက်သွားသည်။
ယဲ့ဖန်က သန်မာပြီး ကျားနက်ဧကရာဇ်ကိုတောင်မှ သတ်ခဲ့နိုင်သည်ကို သူမ သိပါသည်။ သို့သော် သူ့ရှေ့မှ လင်ဖေးယွီသည် နတ်ဘုရားမျိုးနွယ်၏ သူတော်စင် အထွတ်အထိပ်အဆင့်နှင့် တူညီသော အင်မော်တယ် သူတော်စင် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေသူဖြစ်သည်။ ထိုအဆင့်သည် အင်မော်တယ်ဘုရင် တစ်ပိုင်းအဆင့်သို့ ရောက်ရန် တစ်လှမ်းမျှသာ လိုတော့သည့် အဆင့် ဖြစ်လေသည်။
![](https://img.wattpad.com/cover/259612097-288-k232604.jpg)