ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shinစာစဉ် (32) Chapter (479) ကျားလန် ဧကရာဇ် ရောက်လာပြီ
ဝုန်း!
ထိုဧရာမ လက်ဖြူကြီးတစ်ဖက် ဝှေ့ယမ်းလိုက်ချိန်တွင် လေထုတစ်ခုလုံး လက်ဝါးချက်ကြောင့် ကွဲထွက်သွားလေသည်။
နတ်ဧကရာဇ်အဆင့် နှစ်ယောက်နှင့် ဒါဇင်ချီသော နတ်ဧကရာဇ် တစ်ပိုင်းအဆင့်များသည် တစ်ချက်လေးပင် မအော်လိုက်ရဘဲ အသားလုံးများ ဖြစ်သွားကြသည်။
သွေးဆာလွန်းသည်၊ ရက်စက်လွန်းလှသည်။
တိတ်ဆိတ်၍နေ၏။ ဤမြင်ကွင်းသည် အလွန်အမင်း ရုတ်ချည်းဆန်လှသည်။ လူတိုင်း မှင်တက်၍ အံ့အားသင့်နေကြသည်။
*သေသွားပြီလား*
ဒါဇင်ကျော်သော နတ်ဧကရာဇ် တစ်ပိုင်းအဆင့်များနှင့်၊ နတ်ဧကရာဇ်အဆင့် နှစ်ယောက်တို့သည် ယင်ကောင်များသဖွယ် လက်တစ်ဖက်ဖြင့် ရိုက်သတ်ခြင်းကို ခံလိုက်ရသည်တဲ့လား။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
*ထင်ယောင်ထင်မှား ဖြစ်တာ*
*ဒါ ထင်ယောင်ထင်မှား ဖြစ်တာပဲ ဖြစ်ရမယ်*
လူငယ် ပါရမီရှင်များသည် သူတို့မျက်လုံးကို ဆက်တိုက်ပွတ်ရင်း မယုံနိုင်သလို ဖြစ်နေကြသည်။ မျက်စိရှေ့မှ အသားပုံကိုမြင်မှသာ လက်ခံသွားကြလေသည်။
ဂလု!
လူငယ် ပါရမီရှင်တိုင်း ဆက်တိုက် တံတွေးမျိုချနေကြလေသည်။ သူတို့သည် ထိုလက်ဖြူပိုင်ရှင်ကို လှည့်ကြည့်လိုက်ကြသည်။ ထိုသူက နတ်ဘုရား ဆရာသခင်အဆင့်သာ ဖြစ်နေသည်ကို မြင်ပြီး လူတိုင်း သေမတတ် ကြောက်လန့်သွားသည်။
“မဖြစ်နိုင်လိုက်တာ”
မင်းသားကျားလန်သည် ပို၍ မခံမရပ်နိုင် ဖြစ်နေသည်။ ယခုအချိန်၌ သူသည် ကျိန်ဆဲ၍ နောက်သို့ ဆုတ်သွားမိသည်။
သူ၏မျက်နှာသည် စက္ကူစကဲ့သို့ ဖြူစုတ်နေပြီး ချွေးစေးများ ဆက်တိုက်စီးကျလာသည်။
“သေ …သေသွားပြီလား”
မင်းသားကျားလန်သည် ဆက်တိုက် မျက်ခုံးတလှုပ်လှုပ် ဖြစ်နေသည်။ သွေးနံ့တလှိုင်လှိုင် ထနေသော လေထုကြောင့် သူ တုန်လှုပ်နေပြီး ယဲ့ဖန်အား သရဲသဘက်ကို မြင်ရသကဲ့သို့ ကြည့်နေမိသည်။
![](https://img.wattpad.com/cover/259612097-288-k232604.jpg)