Chapter 413

971 76 0
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

CHAPTER (413) မီးဘီလူးကောင် အသတ်ခံလိုက်ရပြီ၊ ဆန်းကြယ်ရေခဲ ပေါ်လာပြီ

သုံးရက်ကြာပြီးနောက် ယဲ့ဖန်သည် ဆာရိုဂြိုဟ်နယ်မြေအတွင်းမှ ထွက်ခွာလာခဲ့သည်။ ဧကရာဇ် အကြီးအကဲနှင့် ဂရေးထူတို့ နှစ်ယောက်လုံးသည် ဆာရိုဂြိုဟ်နယ်မြေအား ကာကွယ်ရန် တာဝန်ယူထားရသည်။
ထို့နောက်တွင်မူ ယဲ့ဖန်သည် နတ်ဆိုးအိုကြီး ဘက်ခါ၏ စိတ်ဝိညာဉ်ကို ရှာဖွေရန် သူ၏ခရီးလမ်းကို ဆက်ခဲ့လေသည်။
ကျွီရာ သေဆုံးပြီးနောက်ပိုင်းတွင် နတ်ဆိုးအိုကြီးသည် တစ်နေ့ပြီးတစ်နေ့ ပို၍ ထိုင်းမှိုင်းလာပြီး မချင့်မရဲ ဖြစ်လာသည်။
သူသည် ရုပ်သေးရုပ်အဖြစ်သို့ ပြောင်းလဲနေသည်။
“စိတ်ဝိညာဉ်တိုက်ပွဲဂြိုဟ်”
ယခုအချိန်၌ ယဲ့ဖန်၏ မျက်လုံးများသည် တလက်လက် တောက်ပလာပြီး ခေလန်၏ ကမ္ဘာခြား စစ်သင်္ဘောနှင့် ခရီးနှင်ကာ ကျယ်ပြောသော စကြဝဠာအတွင်း၌ ပျောက်ကွယ်သွားသည်။
….
တစ်နေ့ပြီးတစ်နေ့ ယဲ့ဖန် ခရီးနှင်ခဲ့သည်။ ဆာရိုဂြိုဟ်နယ်မြေသည် အလွန်ကို ကျယ်ပြောလှသဖြင့် ယဲ့ဖန်သည် ထိုနယ်မြေအတွင်း၌ တစ်ပတ်ကြာမြင်ခဲ့သည်။
ခရီးလမ်းတွင် ယဲ့ဖန်သည် နတ်ဘုရား တပည့်အထွတ်အထိပ်အဆင့်နှင့် နတ်ဆိုးသတ်ဖြတ်ခြင်း ဒုတိယအဆင့်အား ချိုးဖောက်ရန် ကြံစည်ထားခဲ့သည်။
သို့သော် သူ ထပ်ခါထပ်ခါ ကျရှုံးခဲ့သည်။
ဝုန်း!
ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာပြီးနောက် ယဲ့ဖန်သည် စိတ်ပျက်လက်ပျက်နှင့် မျက်လုံး ပြန်ဖွင့်လိုက်သည်။
“ကျရှုံးပြန်ပြီ”
ယဲ့ဖန် မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်သည်။ သူသည် နတ်ဘုရားအဆင့် အမြုတေများနှင့် စွမ်းအင်များကို လုံလောက်စွာ စုပ်ယူခဲ့ပြီးပြီ ဖြစ်သည်။ သို့သော် သူ အဆင့်တက်ရန် မအောင်မြင်ခဲ့ချေ။
“ကြည့်ရတာ ငါ တခြားနည်းလမ်း ရှာရမယ်နဲ့ တူတယ်”
ထို့နောက် ယဲ့ဖန်သည် စစ်သင်္ဘော ပြတင်းပေါက် အပြင်သို့ လှမ်းကြည့်လိုက်သည်။
မီးဂြိုဟ်တစ်ခုပါလား။ ဂြိုဟ်တစ်ခုလုံးအား မီးတောင်များဖြင့် ဖုံးလွှမ်းထားသည်။
များစွာသော ကြမ်းကြုတ်သည့် မီးကောင်သားရဲများက ဖိနှိပ်နိုင်သော ဟန်ပန်များဖြင့် ဂြိုဟ်ပေါ်တွင် ထကြွသောင်းကျန်းလျက်ရှိသည်။
မီးကောင်သားရဲအဖွဲ့များအား လူသားများ၏ မြို့များသို့ စုပြုံဝင်ရောက်နေကြသည်။ မြို့များစွာတို့တွင် ပျက်စီးခြင်းနှင့် သေကျေ၊ ဒဏ်ရာရသူများနှင့် ပြည့်နှက်နေသည်။
“ဒီနည်းလမ်းက အလုပ်ဖြစ်လောက်တယ်”
ယဲ့ဖန်၏ မျက်လုံးများ တောက်ပလာသည်။ ထို့နောက် သူသည် လက်ကိုဝှေ့ယမ်းလိုက်ပြီး စစ်သင်္ဘောတစ်ခုလုံးအား ကျုံ့သွားစေပြီး သူ၏ အင်္ကျီလက်အတွင်းသို့ ထည့်သိမ်းလိုက်သည်။
ထို့နောက် သူသည် ဂြိုဟ်ဆီသို့ ဦးတည်လိုက်သည်။

ထို့သို့သောအချိန်၌ မီးဂြိုဟ်၏ အကြီးဆုံးမြို့တော်တွင် ဂြိုဟ်ခေါင်းဆောင် ဖြစ်သူ မီးဘုရင်က မျက်စိပျက် မျက်နှာပျက်နှင့် မျက်မှောင်ကြုတ်ကာ ရေရွတ်နေသည်။
“နတ်ဘုရားတွေက မီးကလန်ကို သုတ်သင်ချင်နေတာလား”
“မီးကောင်သားရဲတွေက အားလုံးကို ဖျက်ဆီးနေတယ်။ ငါ့မြို့သူမြို့သားတွေနဲ့ ငါ့အမတ်တွေ၊ မင်း ….”
မီးဘုရင် နာကျင်စွာ ဟစ်အော်မိသည်။ ဤမြင်ကွင်းကို ကြည့်ပြီး ဂြိုဟ်ပေါ်မှ လူသားတိုင်း အလွန်တရာ ပူဆွေးလာကြသည်။
ကမ္ဘာပျက်နေတာပါလား။
ဒါက မီးကလန်၏ ပျက်သုဉ်းခြင်း ဆိုက်ကပ်လာသော နေ့ပင်။
နှစ်တစ်ရာကျော် မမြင်ခဲ့ရသည့် တွေ့ရဲခဲလှသော မီးကောင်သားရဲများက ကိုယ်ထင်ပြလာသည်။ နှစ်တစ်သောင်းကျော် မမြင်ခဲ့ရသည့် မီးကောင်သားရဲအုပ်ကြီးကလည်း ထွက်ပေါ်လာသည်။
သူတို့ ပေါ်ပေါက်လာမှုက လူသားများ၏ ပျက်သုဉ်းခြင်းကို ညွှန်ပြလို့နေ၏။
“အား…အား…အား…”
မြို့ထဲတွင် ငယ်သံပါအောင် အော်ဟစ်သံများနှင့် ပြည့်နှက်နေသည်။ ကြီးမား၍ မီးများနှင့် သားရဲကောင်များက မြို့အား တစ်စစီ ဖျက်ဆီးလို့နေသည်။
သားရဲများက သူတို့၏ တောင်ပံများအား တဖျပ်ဖျပ်ခတ်လိုက်သည်နှင့် လူသား အယောက်တစ်ရာကျော်ကို မီးသင့်၍ လောင်ကျွမ်းစေခဲ့သည်။
မြို့တော်သည် မော်တယ်ကမ္ဘာ၏ ကြေးချွတ်သန့်စင်ဘုံလေအလား ထင်မှတ်ရသည်။ ထို့အပြင် မြို့တော် ပြိုလဲပျက်စီးသွားပြီးနောက် များစွာသော မီးကောင်သားရဲများ ဝင်ရောက်လာသည်။
တစ်ကောင်ပြီးတစ်ကောင်။
များပြားလှသည့် မီးကောင်သားရဲများက မြို့တော်အား မီးမြှိုက်၍ ပြာကျအောင် လုပ်နေကြသည်။ သူတို့သည် ငရဲမှ အဖျက်စွမ်းအင်ရှိသော မီးတစ္ဆေများနှင့် သဏ္ဌာန်တူနေသည်။
“ဟဟ … အားနည်းပြီး သေးနုပ်တဲ့ ပုရွက်ဆိတ်လိုကောင်တွေ။ မင်းတို့ သေဖို့အဆင်သင့်ပဲလား”
ဧရာမ မီးဘီလူးကောင်ကြီးက ကြောက်မက်ဖွယ်ကောင်း၍ ခပ်အက်အက်အသံနှင့် ပြောလာသည်။ ထို့နောက်တွင် မီးကောင်သားရဲကောင်အုပ်က မြို့တွင်းမှ လူသားများထံသို့ နောက်ဆုံးပိတ် တိုက်ခိုက်မှုများ ပြုလုပ်လာကြသည်။
“သွားသေလိုက်”
လူသားများ ရူးမတတ် ဒေါသထွက်နေကြသည်။ သူတို့မိသားစုဝင်များနှင့် ဆွေမျိုးများ အသတ်ခံလိုက်ရသည်ကို သူတို့ ကြည့်နေခဲ့ရသည်။
အသက်ရှင်နေသေးသော လူသားများက ရူးသွပ်သော ဆုံးဖြတ်ချက်များနှင့် မီးကောင်သားရဲများထံသို့ ပြေးဝင်လာကြသည်။
ချက်ချင်းဆိုသလိုပင် မြို့တစ်ခုလုံး၌ စူးရှလှသော အော်သံများနှင့် တိုက်ပွဲဖြစ်သံများနှင့် ပြည့်နှက်လာသည်။
သို့ရာတွင် မီးသားရဲကောင်များက များလွန်းလှသည်။ တစ်ဘက်တွင်တော့ လူသားများ၏ အရေအတွက်က လျော့ကျလာသည်။
လူသားများ စိတ်ဓာတ်ကျလာသည်။ မီးဘုရင်တောင်မှ သွေးအလိမ်းလိမ်း ဖြစ်နေပြီး အခြေအနေဆိုးနေ၏။
ဂျွတ်!
ထိုစဉ် ပြင်းထန်သော ချီလှိုင်းတစ်လှိုင်း ကောင်းကင်ထက်မှ ဆင်းသက်လာသည်။ ထိုချီဓာတ်ကို အာရုံခံမိပြီးနောက် လူသားများ အလွန် စိတ်အားတက်ကြွလာသည်။
မြို့အား ဖုံးလွှမ်းနေသော မီးတောက်များ အားပျော့လာသည်ကို သူတို့ သတိထားမိလာသည်။
ရေခဲခေတ် စတင်လာသလိုပင်။ ရုတ်တရက် ပြောင်းလဲလာမှုက လူသားများနှင့် သားရဲများကို အလွန် ထိတ်လန့်သွားစေသည်။
သူတို့အားလုံး ကောင်းကင်သို့ မော့ကြည့်လိုက်စဉ်တွင် အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်က နတ်ဘုရားကဲ့သို့ ဆင်းသက်လာသည်ကို မြင်လိုက်ရသည်။
ထိုအနက်ရောင်ဝတ်စုံနှင့် လူငယ်လေးက သူ၏ လက်ဖဝါးအား လှုပ်ခါလာသည်။ ချက်ချင်းဆိုသလိုပင် မြို့၏ လမ်းများ၌ အရိုးကွဲမတတ် အေးစက်သော ချီဓာတ်များဖြင့် ပြည့်နှက်လာသည်။
အေးစက်သော ချီဓာတ်က အလွန်ကြောက်မက်ဖွယ်ကောင်းလှပေ၏။
မီးကောင်သားရဲများသည် ထိုအေးစက်သော ချီဓာတ်နှင့် ထိမိသည်နှင့် ရေခဲပန်းပုရုပ်အဖြစ်သို့ ပြောင်းလုနီးပါး ဖြစ်သွားကြသည်။
တစ်ကောင်၊ ဆယ်ကောင်၊ အကောင်တစ်ရာ။
မျက်တောင်တစ်ခတ် အတွင်းမှာပင် လမ်းမများထက်မှ မီးကောင်သားရဲများသည် ရေခဲ ထုထည်များ အဖြစ် အသွင်ပြောင်းသွားကြသည်။
*ဒါ … လုံးဝ မဖြစ်နိုင်ဘူး*
မီးဘုရင်နှင့် သူ၏ နောက်လိုက်ငယ်သားများအားလုံး အလွန် မှင်တက်သွားကြသည်။
အနက်ရောင် ဝတ်စုံနှင့် လူငယ်လေးက တစ်ချက်တည်းနှင့် မီးကောင်သားရဲ အကောင်တစ်ရာကို အေးခဲသွားအောင် လုပ်လိုက်သည်။ အံ့ဩဖွယ်ကောင်းလှပေ၏။
သို့သော် တိုက်ခိုက်မှုသည် အစသာ ရှိသေးသည်။
ရုတ်တရက် လူငယ်လေးအား ဆီးနှင်းများနှင့် ဖုံးအုပ်လာသည်။ သူ ဆက်၍ တိုက်ခိုက်နေသည်။ တိုက်ကွက်တစ်ကွက်ချင်းစီတိုင်းတွင် ရာနှင့်ချီသော မီးကောင်သားရဲများကို အေးခဲသွားအောင် သူ လုပ်နိုင်ခဲ့ပြီး ၎င်းတို့အား ကောင်းကင်ထက်မှ ပြုတ်ကျလာအောင် လုပ်နိုင်ခဲ့သည်။
မီးကောင်သားရဲများ မြေကြီးပေါ်သို့ မိုးစက်များကဲ့သို့ တဖြုတ်ဖြုတ် ပြုတ်ကျလာသည်။ ရုတ်တရက် မြေကြီးသည် အေးခဲနေသော မီးကောင်သားရဲများနှင့် ပြည့်နှက်နေပြီး သမုဒ္ဒရာကဲ့သို့ ဖြစ်လာသည်။
ထိတ်လန့်ဖွယ်ကောင်းလှပေသည်။
ထိုသို့သောအချိန်၌ မြို့ထဲရှိ လူသားတိုင်း ထိတ်လန့်နေကြသည်။ မီးဘုရင်တောင်မှ ပျော်ရွှင်မှုကြောင့် တုန်ယင်နေသည်။
“အိုး ဝိုး။ ဒီအေးခဲစေတဲ့ စွမ်းအင်က စကြဝဠာထဲက ထိပ်တန်း ပြိုင်ဘက်ကင်း ခန္ဓာကိုယ်ဆယ်ခုထဲက တစ်ခုဖြစ်တဲ့ ဆန်းကြယ်ရေခဲခန္ဓာကိုယ်က လာတာ ဖြစ်ကိုဖြစ်ရမယ်”
မီးဘုရင်၏ အသံသည် ကြောက်စိတ်ကြောင့် တုန်ခါနေ၏။ ထို့နောက် သူသည် မြေကြီးပေါ် ဝပ်တွား၍ ကောင်းကင်မှ အနက်ရောင်ဝတ်စုံနှင့် လူငယ်လေးထံသို့ ဆုတောင်းလေတော့သည်။
“ဆန်းကြယ်ရေခဲ နတ်ဘုရားကို အရိုအသေပေးပါတယ်။ လူသားတွေရဲ့ မီးဘုရင်ဖြစ်တဲ့ ကျွန်တော်မျိုးက အသင့်ရဲ့ ကူညီမှုကို သိပ်ကို ကျေးဇူးတင်မိပါတယ်”
မီးဘုရင်၏ အပြုအမူနောက်တွင် မြို့ထဲရှိ အခြားလူသားများ အားလုံး ချက်ချင်း ဒူးထောက် ဝပ်တွားလာကြသည်။
ထို့နောက် သူတို့ အလွန် ကြည်ညိုလေးစားဟန်ဖြင့် သံပြိုင်ရေရွတ်လေတော့သည်။
“ဆန်းကြယ်ရေခဲ နတ်ဘုရား”
“ဆန်းကြယ်ရေခဲ နတ်ဘုရား”
“ဆန်းကြယ်ရေခဲ နတ်ဘုရား”
ယခုအချိန်တွင် အနက်ရောင်ဝတ်စုံနှင့် လူငယ်လေးသည် ဂြိုဟ်ပေါ်မှ လူသားအားလုံး၏ နတ်ဘုရား ဖြစ်လာခဲ့သည်။
ဂါး။
ထိုစဉ် အကြီးဆုံး မီးဘီလူးကောင်ကြီးက ယဲ့ဖန်ထံသို့ ပြင်းထန်သော ချီဓာတ်များဖြင့် ပြေးဝင်လာသည်။ သို့သော် ထိုအချိန်တွင် အနက်ရောင်ဝတ်စုံနှင့် လူငယ်လေးက အထင်သေးသလို ပြုံးနေသည်။
ထို့နောက် သူက လက်သင်္ကေတစ်ခုကို လျင်မြန်စွာ ပြုလုပ်လိုက်သည်။ ထို့နောက်တွင်မူ ဆန်းကြယ်ရေခဲ ဘောလုံးတစ်ခုက ကြောက်မက်ဖွယ်ကောင်းသော ချီဓာတ်နှင့်အတူ သူ၏ လက်ပေါ်မှ ထွက်ပေါ်လာသည်။
“ဖောက်ခွဲပစ်လိုက်စမ်း”
ဆန်းကြယ်ရေခဲ ဘောလုံးသည် ကြောက်မက်ဖွယ်ကောင်းသော မီးဘီလူးကောင်ထံသို့ ပျံသန်း ဝင်ရောက်သွားသည်။
မီးဘီလူးကောင်အား သေစေနိုင်သော ချီဓာတ်များက ဖုံးလွှမ်းလာသည်။ ထို့ကြောင့် ထိုသားရဲကောင်သည် ချက်ချင်း နောက်လှည့်၍ ထွက်ပြေးလေတော့သည်။
သို့သော် ၎င်း၏ ခန္ဓာကိုယ်အရွယ်အစားကြောင့် အချိန်မီ မရှောင်တိမ်းလိုက်နိုင်ပေ။
ဝုန်း!
ဝုန်းခနဲ အသံနှင့်အတူ ဆန်းကြယ်ရေခဲ ဘောလုံးသည် ပြင်းထန်သော အရှိန်နှင့်အတူ ပေါက်ကွဲ သွားသည်။
မီးဘီလူးကောင်သည် နာကျင်မှုကြောင့် တုန်ခါသွားသည်။ ထို့အတူ ၎င်း၏ သွေးများက ကောင်းကင်ထက်မှ လွင့်စဉ်လာ၏။
သို့သော် ဤသည်မှာ သားရဲကောင်အတွက် အဆုံးသတ်ခြင်း၏ အစသာ ရှိသေးသည်။
ထိတ်လန့်ဖွယ်ကောင်းသော ဆန်းကြယ်ရေခဲ ဘောလုံးများက လူငယ်လေး၏ လက်ဝါးထက်၌ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအင် ဆန်းကြယ်ရေခဲ ချီဓာတ်များက မြို့တစ်ခုလုံးသို့ ပျံ့နှံ့လာသည်။
“ဂါး…”
မြို့တစ်ခုလုံးတွင် သားရဲကောင်၏ မာန်ဖီသံများ ပဲ့တင်ထပ်နေသည်။ မီးဘီလူးကောင်သည် ကြောက်စိတ်မွှန်လို့နေသည်။ ၎င်းသည် တတ်နိုင်သမျှ မြန်မြန် ထွက်ပြေးနေ၏။
သို့သော် ဆန်းကြယ်ရေခဲ ဘောလုံးများက ပို၍ လျင်မြန်စွာ ရွေ့လျားလာကြသည်။
မီးဘီလူးကောင်၏ မျက်လုံးတွင် ထိတ်လန့်မှုနှင့် ကြောက်စိတ်များဖြင့် ပြည့်နှက်လို့နေသည်။
ဆန်းကြယ်ရေခဲ ဘောလုံးများ စတင်၍ ပေါက်ကွဲလာသည်။ ထို့နောက်တွင်မူ မီးကောင်သားရဲများကြားမှ သွေးနှင့် အသားများက နေရာအနှံ့သို့ လွင့်စဉ်ထွ က်လာသည်ကို လူသားများ မြင်တွေ့လိုက်ရသည်။
အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော မီးကောင်သားရဲများ သေသည်အထိ အေးခဲ ခံလိုက်ရသည်။
အဆုံးတွင် ကမ္ဘာတုန်လောက်သည့် မာန်ဖီသံနှင့်အတူ ဧရာမ မီးဘီလူးကောင်သည် ၎င်း၏ အသွေးအသားများသည် ရေခဲတုံးလေးအဖြစ် မြေကြီးပေါ် တစ်စစီ ပြုတ်ကျလာသည်။
မီးဘီလူးကောင်ကြီး အသတ်ခံလိုက်ရပြီ။
ဆန်းကြယ်ရေခဲ ပေါ်ထွက်လာချေပြီ။

ငရဲမှလာသောသူ (Chapter 401 to 600)Donde viven las historias. Descúbrelo ahora